ငြိမ်းချမ်းရေး ဆိုင်ရာ ဆွေးနွေးဖလှယ်ပွဲ မြစ်ကြီးနားတွင် ကျင်းပ
သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့ အစည်းများ အကြား ပိုမိုချိတ်ဆက် လုပ်ဆောင်နိုင်ရန်အတွက် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးဖလှယ်ပွဲ တစ်ခု ကို BNI က ကချင်ပြည်နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးဖလှယ်ပွဲကို နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) ၏ ငြိမ်းချမ်းရေးဆိုင်ရာ စောင့်ကြည့် လေ့လာရေးအဖွဲ့ (Myanmar Peace Monitor ) က ကမကထ ပြုလုပ်ကာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆွေးနွေး ဖလှယ်ပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ အဆိုပါအဖွဲ့၏ ညှိနှိုင်းရေးမှူး ကိုကျော်ထက်အောင် က ယခုကဲ့သို့ ပြောသည်။
“ဒီငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်နေတဲ့ အဖွဲ့တွေနဲ့ပေါ့နော တကယ်မြေပြင်ထဲမှာ လုပ်နေတဲ့ အရပ်ဖက် အဖွဲ့ အစည်းတွေနှင့် IDP Camp ကလူတွေနဲ့ ဒီတခြား Community ကလူတွေနဲ့ပေါ့နော သူတို့တွေနဲ့ ကြားထဲ မှာ Communication get-out ဖြစ်တယ်လို့ ကျနော်တို့တွေ့ရတယ်ပေါ့။ အဲဒီအခါကျတော့ သူတို့ကြားထဲမှာ အပြန်အလှန်သတင်းအချက်အလက် ဖလှယ်ဖို့က အရေးကြီးတယ်။ ဆိုတော့ ဒီအဖွဲ့အစည်းကြားတွေထဲမှာ ကျနော်တို့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ပြန်ပြီးတော့ မျှဝေဖို့ရယ် ပြန်ပြီးတော တစ်ဆင့်နဲ့တစ်ဆင့် သတင်းစကားပါး နိုင်ဖို့ ရယ် အဲဒါကြောင့် ကျနော်တို့ ဒီပွဲတွေလည်း လုပ်ရခြင်း ဖြစ်တယ်”
ထိုှဆွေးနွေးဖလှယ်ပွဲတွင် လက်နက်ကိုင် ပဋိပက္ခနှင့် အပစ်အခတ် ရပ်စဲရေး၊ စစ်ဘေးရှောင် နေရပ်ပြန် နိုင် ရေးကိစ္စနဲ့ လူမှု့ရေး ပြဿနာ၊ သဘာ၀ သယံဇာတနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတို့အပြင် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲနှင့် ကချင်ပြည်နယ်ရဲ့ လူမှုဘဝဖွံ့ ဖြိုးတိုးတက်ရေး စသည့်အကြောင်းအရာများကို အဓိက ထား ဆွေးနွေးခဲ့ကြသည် ဟု ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်များမှာ အတိုင်းအတာ တစ်ခုအထိ ဆက်လက်သွား နေသော် လည်း ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခုလုံး အောင်မြင်နိုင်ဖို့အတွက် အဖက်ဖက်မှ ငြိမ်းချမ်းရေးနှင့် ဆိုင်သည့် အသံများ ကျယ်လောင်စွာ ထွက်ပေါ်လာရန်လိုသည်ဟု BNI ၏ ငြိမ်ချမ်းရေးဆိုင်ရာ စောင့်ကြည့် လေ့လာ ရေး အဖွဲ့က ပြောသည်။
“ငြိမ်းချမ်းရေးလို့ ပြောရင် NCA လို့ ပြေးမြင်ကြတာ ဒါပေမယ့် NCA လမ်းကြောင်းမှာ သူက အတစ်အဆို့ တွေ ရှိလာတဲ့အခါကျတော့ ပြင်ပမှာလည်း ကျနော်တို့ Community Level မှာ ဒီငြိမ်းချမ်းရေး ဆိုတာ ဘာ လဲဆို တာက မေးခွန်းထုတ်စရာ ဖြစ်လာတာပေါ့နော။ ဒါပေမယ့် အဲဒီအချိန်မှာ NCA လမ်းကြောင်းက အ လုပ်ဖြစ် လား မဖြစ်ဘူးလား ဆိုတာတွေက အများကြီး ရှိတယ်။ ဒါပေမယ့် ဟိုတလောကပဲ ပြည်ထောင်စု ငြိမ်းချမ်း ရေး ညီလာခံမှာ စိတ်အပိုင်းတစ်ချို့ကို သဘောတူညီမှုတွေ လုပ်ကြတယ်ပေါ့နော်။ တစ်ချို့အဖွဲ့ လည်း မတက်ကြဘူး ဆိုတော့ဒီဟာက တစ်ဖွဲ့နှင့်တစ်ဖွဲ့ သဘောထားတွေ မတိုက်ဆိုင်တဲ့ အခါကျတော့ Community ထဲမှာ ငြိမ်းချမ်းရေး ဆိုတဲ့ စကားသံက ပိုပြီး ထပ်ခါထပ်ခါ ပိုပြီး ကျယ်လောင်နေဖို့လို တယ် ပေါ့နော်။”
ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးဖလှယ်ပွဲသို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသည့် သူများ၊ ပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ စစ်ဘေးရှောင်များ၊ သတင်းမီဒီယာများတက်ရောက် ဆွေးနွေးခဲ့ကြ သည်။
အဆိုပါ ဆွေးနွေးဖလှယ်ပွဲကို မြစ်ကြီးနားမြို့ရှိ၊ ကုန်သည်ကြီးများဟိုတယ်တွင် သြဂုတ်လ ၂၆ ရက်နေ့က ကျင်းပခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) ကို မြန်မာနိုင်ငံအနောက်ဘက် နယ်စပ်ဒေသများဖြစ်သော မြန်မာ-င်္ဘလားဒေ့ရှ်၊ မြန်မာ-အန္ဒိယ နယ်စပ်များတွင် အခြေပြုသည့် မီဒီယာအဖွဲ့အစည်း လေးခုဖြင့် ၂၀၀၃ ခုနစ် ဖော်ဝါရီလ (၁၁) ရက်နေ့တွင် အိန္ဒိယနိုင်ငံ ကလကတ္တားတွင် စတင်ထူထောင်ခဲ့သည်။
တည်ထောင်ခဲ့သော အဖွဲ့အစည်းများမှာ Mizzima News, Narinjara News, Kaladan Press Network နှင့် Khonumthung News တို့ဖြစ်သည်။ နောက်ပိုင်းတွင် နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ကို ထိုင်းနိုင်ငံ နှင့် ထိုင်းမြန်မာနယ်စပ်တွင် အခြေစိုက်သော သတင်းအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံအတွင်းတွင် အခြေ စိုက်သော အဖွဲ့များဖြင့် တိုးချဲ့ ဖွဲ့စည်းခဲ့ ကြသည်။
*** ZAWGYI ***
ၿငိမ္းခ်မ္းေရး ဆိုင္ရာ ေဆြးေႏြးဖလွယ္ပြဲ ျမစ္ၾကီးနားတြင္ က်င္းပ
သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၀ ခုနွစ္၊ ၾသဂုတ္လ ၂၇ ရက္။
ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားတြင္ ပါ၀င္ပတ္သက္ေနသည့္ အဖြဲ႔အစည္းမ်ားႏွင့္ အရပ္ဖက္အဖြဲ႔ အစည္းမ်ား အၾကား ပိုမိုခ်ိတ္ဆက္ လုပ္ေဆာင္ႏိုင္ရန္အတြက္ ၿငိမ္းခ်မ္းေရးဆိုင္ရာ ေဆြးေႏြးဖလွယ္ပြဲ တစ္ခု ကို BNI က ကခ်င္ျပည္နယ္တြင္ က်င္းပျပဳလုပ္ခဲ့သည္။
အဆိုပါ ေဆြးေႏြးဖလွယ္ပြဲကို ႏိုင္ငံတကာ ျမန္မာသတင္းအဖြဲ႔ (BNI) ၏ ၿငိမ္းခ်မ္းေရးဆိုင္ရာ ေစာင့္ၾကည့္ ေလ့လာေရးအဖြဲ႔ (Myanmar Peace Monitor ) က ကမကထ ျပဳလုပ္ကာ က်င္းပခဲ့ျခင္းျဖစ္ၿပီး ေဆြးေႏြး ဖလွယ္ပြဲ ျပဳလုပ္ရသည့္ ရည္ရြယ္ခ်က္ႏွင့္ ပတ္သက္၍ အဆိုပါအဖြဲ႔၏ ညွိႏႈိင္းေရးမွဴး ကိုေက်ာ္ထက္ေအာင္ က ယခုကဲ့သို႔ ေျပာသည္။
“ဒီၿငိမ္းခ်မ္းေရး ျဖစ္စဥ္မွာ ပါ၀င္ေနတဲ့ အဖြဲ႔ေတြနဲ႔ေပါ့ေနာ တကယ္ေျမျပင္ထဲမွာ လုပ္ေနတဲ့ အရပ္ဖက္ အဖြဲ႔ အစည္းေတြႏွင့္ IDP Camp ကလူေတြနဲ႔ ဒီတျခား Community ကလူေတြနဲ႔ေပါ့ေနာ သူတို႔ေတြနဲ႔ ၾကားထဲ မွာ Communication get-out ျဖစ္တယ္လို႔ က်ေနာ္တို႔ေတြ႕ရတယ္ေပါ့။ အဲဒီအခါက်ေတာ့ သူတို႔ၾကားထဲမွာ အျပန္အလွန္သတင္းအခ်က္အလက္ ဖလွယ္ဖို႔က အေရးႀကီးတယ္။ ဆိုေတာ့ ဒီအဖြဲ႔အစည္းၾကားေတြထဲမွာ က်ေနာ္တို႔ တစ္ဖြဲ႔နဲ႔ တစ္ဖြဲ႔ျပန္ၿပီးေတာ့ မွ်ေ၀ဖို႔ရယ္ ျပန္ၿပီးေတာ တစ္ဆင့္နဲ႔တစ္ဆင့္ သတင္းစကားပါး ႏိုင္ဖို႔ ရယ္ အဲဒါေၾကာင့္ က်ေနာ္တို႔ ဒီပြဲေတြလည္း လုပ္ရျခင္း ျဖစ္တယ္”
ထိုွေဆြးေႏြးဖလွယ္ပြဲတြင္ လက္နက္ကိုင္ ပဋိပကၡႏွင့္ အပစ္အခတ္ ရပ္စဲေရး၊ စစ္ေဘးေရွာင္ ေနရပ္ျပန္ ႏိုင္ ေရးကိစၥနဲ႔ လူမႈ႕ေရး ျပႆနာ၊ သဘာ၀ သယံဇာတႏွင့္ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈတို႔အျပင္ လာမယ့္ ၂၀၂၀ ေရြးေကာက္ပြဲႏွင့္ ကခ်င္ျပည္နယ္ရဲ႕ လူမႈဘ၀ဖြံ႕ ၿဖိဳးတိုးတက္ေရး စသည့္အေၾကာင္းအရာမ်ားကို အဓိက ထား ေဆြးေႏြးခဲ့ၾကသည္ ဟု ဆိုသည္။
လက္ရွိ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္မ်ားမွာ အတိုင္းအတာ တစ္ခုအထိ ဆက္လက္သြား ေနေသာ္ လည္း ၿငိမ္းခ်မ္းေရး ျဖစ္စဥ္တစ္ခုလံုး ေအာင္ျမင္ႏိ္ုင္ဖို႔အတြက္ အဖက္ဖက္မွ ၿငိမ္းခ်မ္းေရးႏွင့္ ဆိုင္သည့္ အသံမ်ား က်ယ္ေလာင္စြာ ထြက္ေပၚလာရန္လိုသည္ဟု BNI ၏ ၿငိမ္ခ်မ္းေရးဆိုင္ရာ ေစာင့္ၾကည့္ ေလ့လာ ေရး အဖြဲ႔က ေျပာသည္။
“ၿငိမ္းခ်မ္းေရးလို႔ ေျပာရင္ NCA လို႔ ေျပးျမင္ၾကတာ ဒါေပမယ့္ NCA လမ္းေၾကာင္းမွာ သူက အတစ္အဆို႔ ေတြ ရွိလာတဲ့အခါက်ေတာ့ ျပင္ပမွာလည္း က်ေနာ္တို႔ Community Level မွာ ဒီၿငိမ္းခ်မ္းေရး ဆိုတာ ဘာ လဲဆို တာက ေမးခြန္းထုတ္စရာ ျဖစ္လာတာေပါ့ေနာ။ ဒါေပမယ့္ အဲဒီအခ်ိန္မွာ NCA လမ္းေၾကာင္းက အ လုပ္ျဖစ္ လား မျဖစ္ဘူးလား ဆိုတာေတြက အမ်ားႀကီး ရွိတယ္။ ဒါေပမယ့္ ဟိုတေလာကပဲ ျပည္ေထာင္စု ၿငိမ္းခ်မ္း ေရး ညီလာခံမွာ စိတ္အပိုင္းတစ္ခ်ိဳ႕ကို သေဘာတူညီမႈေတြ လုပ္ၾကတယ္ေပါ့ေနာ္။ တစ္ခ်ိဳ႕အဖြဲ႔ လည္း မတက္ၾကဘူး ဆိုေတာ့ဒီဟာက တစ္ဖြဲ႔ႏွင့္တစ္ဖြဲ႔ သေဘာထားေတြ မတိုက္ဆိုင္တဲ့ အခါက်ေတာ့ Community ထဲမွာ ၿငိမ္းခ်မ္းေရး ဆိုတဲ့ စကားသံက ပိုၿပီး ထပ္ခါထပ္ခါ ပိုၿပီး က်ယ္ေလာင္ေနဖို႔လို တယ္ ေပါ့ေနာ္။”
ၿငိမ္းခ်မ္းေရးဆိုင္ရာ ေဆြးေႏြးဖလွယ္ပြဲသို႔ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္တြင္ ပါ၀င္ပတ္သက္ေနသည့္ သူမ်ား၊ ပါတီမ်ား၊ အရပ္ဖက္အဖြဲ႔အစည္းမ်ား၊ စစ္ေဘးေရွာင္မ်ား၊ သတင္းမီဒီယာမ်ားတက္ေရာက္ ေဆြးေႏြးခဲ့ၾက သည္။
အဆုိပါ ေဆြးေႏြးဖလွယ္ပြဲကို ျမစ္ႀကီးနားၿမိဳ႕ရွိ၊ ကုန္သည္ႀကီးမ်ားဟိုတယ္တြင္ ၾသဂုတ္လ ၂၆ ရက္ေန႔က က်င္းပခဲ့ျခင္း ျဖစ္သည္။
ႏိုင္ငံတကာ ျမန္မာသတင္းအဖြဲ႕ (BNI) ကို ျမန္မာႏိုင္ငံအေနာက္ဘက္ နယ္စပ္ေဒသမ်ားျဖစ္ေသာ ျမန္မာ-ဘၤလားေဒ့ရွ္၊ ျမန္မာ-အႏၵိယ နယ္စပ္မ်ားတြင္ အေျချပဳသည့္ မီဒီယာအဖြဲ႕အစည္း ေလးခုျဖင့္ ၂၀၀၃ ခုနစ္ ေဖာ္ဝါရီလ (၁၁) ရက္ေန႔တြင္ အိႏၵိယႏိုင္ငံ ကလကတၱားတြင္ စတင္ထူေထာင္ခဲ့သည္။
တည္ေထာင္ခဲ့ေသာ အဖြဲ႕အစည္းမ်ားမွာ Mizzima News, Narinjara News, Kaladan Press Network ႏွင့္ Khonumthung News တို႔ျဖစ္သည္။ ေနာက္ပိုင္းတြင္ ႏိုင္ငံတကာ ျမန္မာသတင္းအဖြဲ႕ကို ထိုင္းႏိုင္ငံ ႏွင့္ ထိုင္းျမန္မာနယ္စပ္တြင္ အေျခစိုက္ေသာ သတင္းအဖြဲ႕အစည္းမ်ားႏွင့္ ျမန္မာႏိုင္ငံအတြင္းတြင္ အေျခ စိုက္ေသာ အဖြဲ႕မ်ားျဖင့္ တိုးခ်ဲ႕ ဖြဲ႕စည္းခဲ့ ၾကသည္။