မွန်အစိုးရ အစီရင်ခံစာ လွှတ်တော်ကိုယ်စားလှယ်အချို့ မယုံကြည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်။
မွန်ပြည်နယ် အစိုးရ ခြောက်လပတ်အစီရင်ခံစာမှာ ပွင့်လင်းမြင်သာမှုအားနည်းကြောင်း လွှတ်တော်ကိုယ်စား လှယ်အချို့က ထောက်ပြလိုက်သည်။
COVID-19 ကာလ အဖက်ဖက်မှ လုပ်ငန်းကျဆင်းမှုများ ရှိနေသော်လည်း အစိုးရ အစီရင်ခံစာက ကဏ္ဍစုံတွင် တိုးတက်နေသည်ဟု ဖော်ပြခဲသည့်အတွက် အခုလို ထောက်ပြခဲ့ခြင်း ဖြစ်သည်။
လွှတ်တော် ဒု-ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး က “ကိုဗစ်ကာလနဲ့ ပတ်သက်ပြီးတော့ အကြီးအကျယ် ကုန်ထုတ် လုပ်မှု ဝန်ဆောင်မှု စီးပွားလုပ်ငန်း အကုန်လုံး ထိုးကျနေတယ်ဆိုတာ ငြင်းစရာကိုမရှိတာ။ အထိနာတယ် နည်း နည်း သက်သာတယ်။ ဒီ နှစ်ခုပဲ ကွာကောင်းကွာမယ်” ဟု ပြောသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အောက်တိုဘာလမှ မတ်လထိ (၆) လပတ် အစီရင်ခံ စာကို ကျင်းပလျက်ရှိသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး ကဏ္ဍတိုင်းတွင် တိုးတက်မှုရှိသည် ဟု ပါရှိသည်။
“ပထမတစ်ချက်အနေနဲ့ ဝန်ဆောင်မှု ကဏ္ဍကြီးမှာဆိုရင် အနည်းဆုံး ဟိုတယ်လ် ခရီးသွားကဏ္ဍ ကျတယ်။ ၂ လလောက် ပိတ်သိမ်းခံထားရတယ် စက်ရုံအလုပ်ရုံတွေ ပိတ်ထားရတယ်။ ပြီးတော့ ကုန်သွယ်လုပ်ငန်း ဒီက ထွက်တဲ့ ပုဇွန် သား ငါးတွေ တရုတ် ပို့တဲ့လမ်းကြောင်း ရပ်ဆိုင်းပြီးတော့ ကိုယ့်ဆီမှာပဲ ဈေးပေါပေါနဲ့ ရောင်းချ နေရတယ်။ ပြောရရင် ဝန်ဆောင်မှုလုပ်ငန်းတွေ ကုန်ထုတ်လုပ်မှုကဏ္ဍတွေ သားငါးကဏ္ဍတွေ အကုန်လုံး ကျ တယ်။ ဆိုတော့ အမှန်ကို အမှန်အတိုင်းဖြစ်နေတဲ့ အခြေအနေအပေါ်မှာ လူထုကို ချပြသင့်တယ်လို့ မြင်တယ်” ဟု ဒေါက်တာအောင်နိုင်ဦး က ဆက်ပြောသည်။
ပြည်နယ်အစိုးရ၏ (၆) လပတ်အစီရင်ခံစာပါ တိုးတက်မှုအခြေအနေသည် မြေပြင်အခြေအနေနှင့် လုံးလုံး လျားလျား ကွဲပြားနေသည်ဟု သထုံမြို့ နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ က လည်း ထောက်ပြဆွေးနွေးခဲ့သည်။
“အစီရင်ခံမှာ ကဏ္ဍတိုင်းက ရာခိုင်နှုန်း တိုးတက်မှု အများကြီးတက်နေတာကိုတွေ့ရတယ်။ ဒီဟာကိုလည်း အမှန် တကယ် ဟုတ် မဟုတ်ဆိုတာကို သေချာလေ့လာစိစစ်ပြီးမှ အစီရင်ခံစေချင်ပါတယ်။ ဥပမာ- ဆည် မြောင်းကဏ္ဍမှာ ဆည်တွေရဲ့ အကျိုးပြုဧကတွေက အစီရင်ခံစာမှာ ထည့်ထားတဲ့ အကျိုးပြု ဧကဟာ မြေပြင်မှာရှိတဲ့ အမှန်တကယ်အကျိုးပြုဧကတွေနဲ့ လုံးလုံးလျားလျားကြီး ကွဲပြားနေတာကို တွေ့ရပါတယ်။”
ထို့ အတူ ရော်ဘာစိုက်ပျိုးမှုနှင့် ထွက်ရှိမှုအခြေအနေဆိုသည့်ကဏ္ဍတွင်လည်း စိုက်ပျိုးဧက အစေးထုတ်ဧက ပိုမိုများပြားလာသည်ဟု အစီရင်ခံတွင်ပါရှိသော်လည်း မြေပြင်မှာ ရော်ဘာဈေးနှုန်း ကျဆင်းမှုကြောင့် အစေး မ ထုတ်သည့် ခြံ ပိုများလာသည့်အပြင် အပင် ခုတ်လှဲပြီး ရော်ဘာသစ်အဖြစ် ရောင်းချရန် အခြားနည်းအသုံးပြု ခွင့် လျှောက်ထားသည်လည်း အမြောက်အများရှိသည်ဟု ဦးအောင်ကျော်သူက အစီရင်ခံ၏ ကွဲလွဲမှု အပေါ် ထောက်ပြဆွေးနွေးခဲ့သည်။
ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အောက်တိုဘာလမှ မတ်လထိ (၆) လပတ် အစီရင်ခံ စာတွင် စည်ပင်သာယာရေး၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ နွေးစပါး၊ မိုးစပါး၊ အဓိကသီးနှံ၊ လျာထား ချက်နှင့် အမှန်ရိတ်သိမ်းပြီးစီးမှုအခြေအနေ၊ ရော်ဘာ၊ ဆီအုန်း စိုက်ပျိုးပြီးစီးမှုနှင့် ထွက်ရှိမှုအခြေအနေ၊ ဆည် မြောင်းလုပ်ငန်းဆောင်ရွက်ထားရှိမှု၊ စက်ယန္တယားများ၏အခြေအနေ၊ ကဏ္ဍအလိုက် အသားတင် ထုတ်လုပ် မှုနှင့် ဝန်ဆောင်မှုတန်ဖိုးအခြေအနေ၊ မြစိမ်းရောင် စီမံကိန်းဆောင်ရွက်ထားရှိမှုအခြေအနေ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍဆောင်ရွက်ချက်များ ပါရှိသည်။
ထို့အပြင် လွှတ်တော်တွင် အတည်ပြုထားသည့် အဆိုများအပေါ် ပြည်နယ်အစိုးရအဖွဲ့ ဆောင်ရွက်ထားမှု အခြေအနေနှင့် ပြည်နယ်လွှတ်တော်သို့ မေးခွန်းများ ဖြေဆိုရာတွင် ကတိကဝတ် ဖြစ်ပေါ်မှု အခြေအနေ အပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများလည်း ပါရှိသည်။
ပြည်နယ်အစိုးရ၏ (၆) လပတ် အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် ၃ ဦးတို့က ထောက်ပြဆွေးနွေးခဲ့ပြီး အဆိုပါထောက်ပြဆွေးနွေးချက်များနှင့်အတူ လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိထားသည်။
*** ZAWGYI ***
မြန္အစိုးရ အစီရင္ခံစာ လႊတ္ေတာ္ကိုယ္စားလွယ္အခ်ဳိ႔ မယံုၾကည္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၂၈ ရက္။
မြန္ျပည္နယ္ အစိုးရ ေျခာက္လပတ္အစီရင္ခံစာမွာ ပြင့္လင္းျမင္သာမႈအားနည္းေၾကာင္း လႊတ္ေတာ္ကုိယ္စား လွယ္အခ်ဳိ့က ေထာက္ျပလိုက္သည္။
COVID-19 ကာလ အဖက္ဖက္မွ လုပ္ငန္းက်ဆင္းမႈမ်ား ရွိေနေသာ္လည္း အစိုးရ အစီရင္ခံစာက က႑စံုတြင္ တိုးတက္ေနသည္ဟု ေဖာ္ျပခဲသည့္အတြက္ အခုလို ေထာက္ျပခဲ့ျခင္း ျဖစ္သည္။
လႊတ္ေတာ္ ဒု-ဥကၠ႒ ေဒါက္တာေအာင္ႏိုင္ဦး က “ကိုဗစ္ကာလနဲ႔ ပတ္သက္ၿပီးေတာ့ အႀကီးအက်ယ္ ကုန္ထုတ္ လုပ္မႈ ဝန္ေဆာင္မႈ စီးပြားလုပ္ငန္း အကုန္လံုး ထိုးက်ေနတယ္ဆိုတာ ျငင္းစရာကိုမရွိတာ။ အထိနာတယ္ နည္း နည္း သက္သာတယ္။ ဒီ ႏွစ္ခုပဲ ကြာေကာင္းကြာမယ္” ဟု ေျပာသည္။
မြန္ျပည္နယ္အစိုးရအဖြဲ႔၏ ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္ ေအာက္တိုဘာလမွ မတ္လထိ (၆) လပတ္ အစီရင္ခံ စာကို က်င္းပလ်က္ရွိသည့္ ဒုတိယအႀကိမ္ မြန္ျပည္နယ္လႊတ္ေတာ္ (၁၇) ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝးတြင္ တင္သြင္းခဲ့ၿပီး က႑တိုင္းတြင္ တိုးတက္မႈရွိသည္ ဟု ပါရွိသည္။
“ပထမတစ္ခ်က္အေနနဲ႔ ဝန္ေဆာင္မႈ က႑ႀကီးမွာဆိုရင္ အနည္းဆံုး ဟိုတယ္လ္ ခရီးသြားက႑ က်တယ္။ ၂ လေလာက္ ပိတ္သိမ္းခံထားရတယ္ စက္႐ုံအလုပ္႐ုံေတြ ပိတ္ထားရတယ္။ ၿပီးေတာ့ ကုန္သြယ္လုပ္ငန္း ဒီက ထြက္တဲ့ ပုဇြန္ သား ငါးေတြ တ႐ုတ္ ပို႔တဲ့လမ္းေၾကာင္း ရပ္ဆိုင္းၿပီးေတာ့ ကိုယ့္ဆီမွာပဲ ေစ်းေပါေပါနဲ႔ ေရာင္းခ် ေနရတယ္။ ေျပာရရင္ ဝန္ေဆာင္မႈလုပ္ငန္းေတြ ကုန္ထုတ္လုပ္မႈက႑ေတြ သားငါးက႑ေတြ အကုန္လံုး က် တယ္။ ဆိုေတာ့ အမွန္ကို အမွန္အတိုင္းျဖစ္ေနတဲ့ အေျခအေနအေပၚမွာ လူထုကို ခ်ျပသင့္တယ္လို႔ ျမင္တယ္” ဟု ေဒါက္တာေအာင္ႏုိင္ဦး က ဆက္ေျပာသည္။
ျပည္နယ္အစိုးရ၏ (၆) လပတ္အစီရင္ခံစာပါ တိုးတက္မႈအေျခအေနသည္ ေျမျပင္အေျခအေနႏွင့္ လံုးလံုး လ်ားလ်ား ကြဲျပားေနသည္ဟု သထံုၿမိဳ႕ နယ္ မဲဆႏၵနယ္အမွတ္ (၂) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္သူ က လည္း ေထာက္ျပေဆြးေႏြးခဲ့သည္။
“အစီရင္ခံမွာ က႑တိုင္းက ရာခိုင္ႏႈန္း တိုးတက္မႈ အမ်ားႀကီးတက္ေနတာကိုေတြ႔ရတယ္။ ဒီဟာကိုလည္း အမွန္ တကယ္ ဟုတ္ မဟုတ္ဆိုတာကို ေသခ်ာေလ့လာစိစစ္ၿပီးမွ အစီရင္ခံေစခ်င္ပါတယ္။ ဥပမာ- ဆည္ ေျမာင္းက႑မွာ ဆည္ေတြရဲ႕ အက်ဳိးျပဳဧကေတြက အစီရင္ခံစာမွာ ထည့္ထားတဲ့ အက်ဳိးျပဳ ဧကဟာ ေျမျပင္မွာရွိတဲ့ အမွန္တကယ္အက်ဳိးျပဳဧကေတြနဲ႔ လံုးလံုးလ်ားလ်ားႀကီး ကြဲျပားေနတာကို ေတြ႔ရပါတယ္။”
ထို႔ အတူ ေရာ္ဘာစိုက္ပ်ဳိးမႈႏွင့္ ထြက္ရွိမႈအေျခအေနဆိုသည့္က႑တြင္လည္း စိုက္ပ်ဳိးဧက အေစးထုတ္ဧက ပိုမိုမ်ားျပားလာသည္ဟု အစီရင္ခံတြင္ပါရွိေသာ္လည္း ေျမျပင္မွာ ေရာ္ဘာေစ်းႏႈန္း က်ဆင္းမႈေၾကာင့္ အေစး မ ထုတ္သည့္ ၿခံ ပိုမ်ားလာသည့္အျပင္ အပင္ ခုတ္လွဲၿပီး ေရာ္ဘာသစ္အျဖစ္ ေရာင္းခ်ရန္ အျခားနည္းအသံုးျပဳ ခြင့္ ေလွ်ာက္ထားသည္လည္း အေျမာက္အမ်ားရွိသည္ဟု ဦးေအာင္ေက်ာ္သူက အစီရင္ခံ၏ ကြဲလြဲမႈ အေပၚ ေထာက္ျပေဆြးေႏြးခဲ့သည္။
ျပည္နယ္အစိုးရအဖြဲ႔၏ ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္ ေအာက္တိုဘာလမွ မတ္လထိ (၆) လပတ္ အစီရင္ခံ စာတြင္ စည္ပင္သာယာေရး၏ လုပ္ငန္းေဆာင္ရြက္မႈအေျခအေန၊ ေႏြးစပါး၊ မိုးစပါး၊ အဓိကသီးႏွံ၊ လ်ာထား ခ်က္ႏွင့္ အမွန္ရိတ္သိမ္းၿပီးစီးမႈအေျခအေန၊ ေရာ္ဘာ၊ ဆီအုန္း စိုက္ပ်ဳိးၿပီးစီးမႈႏွင့္ ထြက္ရွိမႈအေျခအေန၊ ဆည္ ေျမာင္းလုပ္ငန္းေဆာင္ရြက္ထားရွိမႈ၊ စက္ယႏၲယားမ်ား၏အေျခအေန၊ က႑အလိုက္ အသားတင္ ထုတ္လုပ္ မႈႏွင့္ ဝန္ေဆာင္မႈတန္ဖိုးအေျခအေန၊ ျမစိမ္းေရာင္ စီမံကိန္းေဆာင္ရြက္ထားရွိမႈအေျခအေန၊ ပညာေရးက႑၊ က်န္းမာေရးက႑ေဆာင္ရြက္ခ်က္မ်ား ပါရွိသည္။
ထုိ႔အျပင္ လႊတ္ေတာ္တြင္ အတည္ျပဳထားသည့္ အဆိုမ်ားအေပၚ ျပည္နယ္အစိုးရအဖြဲ႔ ေဆာင္ရြက္ထားမႈ အေျခအေနႏွင့္ ျပည္နယ္လႊတ္ေတာ္သို႔ ေမးခြန္းမ်ား ေျဖဆိုရာတြင္ ကတိကဝတ္ ျဖစ္ေပၚမႈ အေျခအေန အေပၚ ေဆာင္ရြက္ထားရွိမႈ အေျခအေနမ်ားလည္း ပါရွိသည္။
ျပည္နယ္အစိုးရ၏ (၆) လပတ္ အစီရင္ခံစာကို လႊတ္ေတာ္ကိုယ္စားလွယ္ ၃ ဦးတို႔က ေထာက္ျပေဆြးေႏြးခဲ့ၿပီး အဆိုပါေထာက္ျပေဆြးေႏြးခ်က္မ်ားႏွင့္အတူ လႊတ္ေတာ္တြင္ မွတ္တမ္းတင္ထားရွိထားသည္။