KSPP က ပြည်နယ်အတွင်း တစ်နေရာမှ လွဲ၍ နေရာအားလုံးယှဉ်ပြိုင်မည်၊ အမျိုးသမီး ၉ ဦး လူငယ် ၈ ဦး ပါဝင်မည်။

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်။

၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ပါတီ က ကိုယ်စား လှယ် စုစုပေါင်း ၆၇ ဦးတွင် အမျိုးသမီး ၉ ဦးနှင့် လူငယ် ၈ ဦး ပါဝင်သည်ဟု KSPP လူငယ်ရေးရာ တာဝန် ခံ ကိုနော်ခုန့် က ပြောသည်။

ကိုနော်ခုန့်က “အခုကျနော်တို့ ၆၇ ယောက် ၆၇ ယောက်ထဲမှာ ဒီရေးရာဝန်ကြီး ၂ ပါးပါတယ်။ အဲဒါက ရှမ်း ရယ် ဗမာရယ်။ အမျိုးသမီးက ၉ ဦးပါတယ်။ လူငယ် ၈ ဦးပါတယ်” ဟု ပြောသည်။

ကိုယ်စားလှယ်လောင်းများ စာရင်းထဲတွင် ရှမ်းတိုင်းရင်းသား ၁၀ ဦးနှင့် ဗမာတိုင်းရင်းသား ၄ ဦးလည်း ပါဝင်သည်ဟု ဆိုသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP အနေဖြင့် မူလက လွှတ်တော်နေရာ အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင် ရန် စီစဉ်ထားသော်လည်း အခြေအနေအကြောင်းကြောင့် တစ်နေရာအား လက်လွတ်လိုက်ရသည်ဟု KSPP လူငယ် တာဝန်ခံက ပြောသည်။

သို့သော် ကချင်ပြည်နယ်ရှိ မြို့နယ် ၁၈ မြို့နယ် စလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ဆိုသည်။

ကိုနော်ခုန့်က “ပြိုင်မယ့် မြို့နယ်က တစ်နေရာပဲ ကျနော်တို့ လွတ်သွားတာပေါ့နော်။ ဆော့လော်တနေရာပဲ လွတ်တယ်။ ဆော့လော်က ပြည်နယ် လွှတ်တော် တနေရာပဲ လွတ်တယ် ကျန်နေရာက အကုန်လုံးကို အစုံအပြည့် ကျနော်တို့ ဝင်တယ်။ ကချင်ပြည်နယ် အတွင်းမှာပဲ ကျနော်တို့ ယှဉ်ပြိုင်တယ်။ ဆိုတော့ ၁၈ မြို့နယ် စလုံး” ဟု ပြောသည်။

KSPP မှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အရည်အချင်းသတ်မှတ် ချက်ကို KSPP ပါတီ ညီလာခံတွင် သတ်မှတ်ခဲ့ကြပြီး ဒေသအလိုက် လူဦးရေများသည့် လူမျိုးကို အခြေခံ ကာ ရွေးချယ်ခြင်းဖြစ်သည်ဟု KSPP က ပြောသည်။

လက်ရှိတွင် မြို့နယ် ၁၈ မြို့နယ်သို့ သက်ဆိုင်ရာ မြို့နယ်အလိုက် တာဝန်ရှိသူများမှ မြို့နယ်အလိုက် အမာ ခံစည်းရေးမှူးများနှင့် တွေ့ဆုံကာ လုပ်ဆောင်စရာများကို စတင်လုပ်ဆောင်နေသည်ဟု KSPP လူငယ်ရေး ရာ တာဝန်ခံက ပြောသည်။

ပါတီအနေဖြင့် မဲဆွယ်စည်းရုံးရေးအတွက် အင်တာနက်အွန်လိုင်းနှင့် မီဒီယာတို့ဘက်မှ အဓိက အားစိုက် လုပ်ဆောင် သွားရန်ရှိသည်ဟု KSPP ပါတီ လူငယ်ရေးရာ တာဝန်ခံ က ဆက်ပြောသည်။

COVID-19 ကာလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါတီမဲဆွယ်စည်းရုံးရေး လုပ်ဆောင်မည် အစီအစဉ် နှင့် ပတ်သက်၍ “ကျနော်တို့တွေ ဒေတာတွေ အများကြီးစုနေတယ်။ ဒေတာတွေ အဓိကကတော့ မူဗီက လစ် (ရုပ်ရှင် ဖြတ်ပိုင်း) တွေလုပ်တယ်။ ပြီးရင် ကျနော်တို့ ဂျာစီကမ်ပိန်းတွေ (အင်္ကျီဖြင့် စည်းရုံးရေး လုပ်ငန်း) လုပ်တယ်။ အဓိကကတော့ အွန်လိုင်းပေါ်ကနေ များ များဖြစ်သွားဖို့ရှိတယ်။ အဲဒါ ကြောင့် အဓိကကတော့ ကျနော်တို့ မီဒီယာကို အားကိုးမယ်။ ပြီးရင် door to door အဲဒီဖက်ကို အားစိုက်မယ်” ဟု ကိုနော်ခုန့် က ပြောသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ပါတီသည် ကချင်လူထုများ၏ သဘောဆန္ဒအတိုင်း ကချင်ပြည်နယ်ရှိ ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရာမှ ဖြစ်ပေါ်လာသည့် ပါတီဖြစ်သည်။

ကချင်နိုင်ငံရေး ပါတီများ ပေါင်းစည်းခြင်းကို လွန်ခဲ့သည့် ၂၀၁၃ -၂၀၁၄ ခုနှစ်မှ စတင်ကာ ပါတီ ခေါင်း ဆောင်များက ကြိုးစားလုပ်ဆောင်လာခဲ့ ကြသည်။

ထို့သို့လုပ်ဆောင်လာရာမှ ၂၀၁၈ ခုနှစ်တွင် ကချင်ဒီမိုကရက်တစ်ပါတီ KDP၊ ကချင်ပြည်နယ် ဒီမိုကရေစီပါ တီ KSDP၊ စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (မနောတိုင်) ပါတီများကို ပေါင်းစည်း ကာ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP အဖြစ် ကချင်လူထု၏ သဘောဆန္ဒအတိုင်း ပါတီခေါင်းဆောင်များ က ပါတီ သစ်အဖြင့် ပေါင်းစည်းထူထောင်ခဲ့ကြသည်။

ထို့အပြင် ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီ ပါတီ (UNFDP) က ပေါင်းစည်းပါတီ၊ ကချင် ပြည်နယ် တိုးတက်ရေးပါတီ (KSPP)နှင့် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) တို့က အစုအဖွဲ့ အချို့လည်း ပါဝင်သည် ဟု သိရသည်။

*** ZAWGYI ***
KSPP က ျပည္နယ္အတြင္း တစ္ေနရာမွ လြဲ၍ ေနရာအားလံုးယွဥ္ၿပိဳင္မည္၊ အမ်ဳိးသမီး ၉ ဦး လူငယ္ ၈ ဦး ပါ၀င္မည္။

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၂၈ ရက္။

၂၀၂၀ ေရြးေကာက္ပြဲတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္မည့္ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP ပါတီ က ကိုယ္စား လွယ္ စုစုေပါင္း ၆၇ ဦးတြင္ အမ်ိဳးသမီး ၉ ဦးႏွင့္ လူငယ္ ၈ ဦး ပါ၀င္သည္ဟု KSPP လူငယ္ေရးရာ တာ၀န္ ခံ ကိုေနာ္ခုန္႔ က ေျပာသည္။

ကိုေနာ္ခုန္႔က “အခုက်ေနာ္တို႔ ၆၇ ေယာက္ ၆၇ ေယာက္ထဲမွာ ဒီေရးရာ၀န္ႀကီး ၂ ပါးပါတယ္။ အဲဒါက ရွမ္း ရယ္ ဗမာရယ္။ အမ်ိဳးသမီးက ၉ ဦးပါတယ္။ လူငယ္ ၈ ဦးပါတယ္” ဟု ေျပာသည္။

ကိုယ္စားလွယ္ေလာင္းမ်ား စာရင္းထဲတြင္ ရွမ္းတိုင္းရင္းသား ၁၀ ဦးႏွင့္ ဗမာတိုင္းရင္းသား ၄ ဦးလည္း ပါ၀င္သည္ဟု ဆိုသည္။

ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP အေနျဖင့္ မူလက လႊတ္ေတာ္ေနရာ အားလံုးတြင္ ၀င္ေရာက္ ယွဥ္ၿပိဳင္ ရန္ စီစဥ္ထားေသာ္လည္း အေျခအေနအေၾကာင္းေၾကာင့္ တစ္ေနရာအား လက္လြတ္လိုက္ရသည္ဟု KSPP လူငယ္ တာ၀န္ခံက ေျပာသည္။

သို႔ေသာ္ ကခ်င္ျပည္နယ္ရွိ ၿမိဳ႕နယ္ ၁၈ ၿမိဳ႕နယ္ စလံုးတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္သြားမည္ဟု ဆိုသည္။

ကိုေနာ္ခုန္႔က “ၿပိဳင္မယ့္ ၿမိဳ႕နယ္က တစ္ေနရာပဲ က်ေနာ္တို႔ လြတ္သြားတာေပါ့ေနာ္။ ေဆာ့ေလာ္တေနရာပဲ လြတ္တယ္။ ေဆာ့ေလာ္က ျပည္နယ္ လႊတ္ေတာ္ တေနရာပဲ လြတ္တယ္ က်န္ေနရာက အကုန္လံုးကို အစံုအျပည့္ က်ေနာ္တို႔ ၀င္တယ္။ ကခ်င္ျပည္နယ္ အတြင္းမွာပဲ က်ေနာ္တို႔ ယွဥ္ၿပိဳင္တယ္။ ဆိုေတာ့ ၁၈ ၿမိဳ႕နယ္ စလံုး” ဟု ေျပာသည္။

KSPP မွ ေရြးေကာက္ပြဲ ၀င္ေရာက္ယွဥ္ၿပိဳင္မည့္ ကိုယ္စားလွယ္ေလာင္းမ်ား၏ အရည္အခ်င္းသတ္မွတ္ ခ်က္ကို KSPP ပါတီ ညီလာခံတြင္ သတ္မွတ္ခဲ့ၾကၿပီး ေဒသအလိုက္ လူဦးေရမ်ားသည့္ လူမ်ိဳးကို အေျခခံ ကာ ေရြးခ်ယ္ျခင္းျဖစ္သည္ဟု KSPP က ေျပာသည္။

လက္ရွိတြင္ ၿမိဳ႕နယ္ ၁၈ ၿမိဳ႕နယ္သို႔ သက္ဆိုင္ရာ ၿမိဳ႕နယ္အလိုက္ တာ၀န္ရွိသူမ်ားမွ ၿမိဳ႕နယ္အလိုက္ အမာ ခံစည္းေရးမွဴးမ်ားႏွင့္ ေတြ႕ဆံုကာ လုပ္ေဆာင္စရာမ်ားကို စတင္လုပ္ေဆာင္ေနသည္ဟု KSPP လူငယ္ေရး ရာ တာ၀န္ခံက ေျပာသည္။

ပါတီအေနျဖင့္ မဲဆြယ္စည္းရံုးေရးအတြက္ အင္တာနက္အြန္လိုင္းႏွင့္ မီဒီယာတို႔ဘက္မွ အဓိက အားစိုက္ လုပ္ေဆာင္ သြားရန္ရွိသည္ဟု KSPP ပါတီ လူငယ္ေရးရာ တာဝန္ခံ က ဆက္ေျပာသည္။

COVID-19 ကာလတြင္ ျပဳလုပ္မည့္ ေရြးေကာက္ပြဲတြင္ ပါတီမဲဆြယ္စည္းရံုးေရး လုပ္ေဆာင္မည္ အစီအစဥ္ ႏွင့္ ပတ္သက္၍ “က်ေနာ္တို႔ေတြ ေဒတာေတြ အမ်ားႀကီးစုေနတယ္။ ေဒတာေတြ အဓိကကေတာ့ မူဗီက လစ္ (ရုပ္ရွင္ ျဖတ္ပိုင္း) ေတြလုပ္တယ္။ ၿပီးရင္ က်ေနာ္တို႔ ဂ်ာစီကမ္ပိန္းေတြ (အကၤ်ီျဖင့္ စည္းရံုးေရး လုပ္ငန္း) လုပ္တယ္။ အဓိကကေတာ့ အြန္လိုင္းေပၚကေန မ်ား မ်ားျဖစ္သြားဖို႔ရွိတယ္။ အဲဒါ ေၾကာင့္ အဓိကကေတာ့ က်ေနာ္တို႔ မီဒီယာကို အားကိုးမယ္။ ၿပီးရင္ door to door အဲဒီဖက္ကို အားစိုက္မယ္” ဟု ကိုေနာ္ခုန္႔ က ေျပာသည္။

ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP ပါတီသည္ ကခ်င္လူထုမ်ား၏ သေဘာဆႏၵအတိုင္း ကခ်င္ျပည္နယ္ရွိ ကခ်င္ႏိုင္ငံေရးပါတီမ်ား ေပါင္းစည္းရာမွ ျဖစ္ေပၚလာသည့္ ပါတီျဖစ္သည္။

ကခ်င္ႏိုင္ငံေရး ပါတီမ်ား ေပါင္းစည္းျခင္းကို လြန္ခဲ့သည့္ ၂၀၁၃ -၂၀၁၄ ခုႏွစ္မွ စတင္ကာ ပါတီ ေခါင္း ေဆာင္မ်ားက ႀကိဳးစားလုပ္ေဆာင္လာခဲ့ ၾကသည္။

ထို႔သို႔လုပ္ေဆာင္လာရာမွ ၂၀၁၈ ခုႏွစ္တြင္ ကခ်င္ဒီမိုကရက္တစ္ပါတီ KDP၊ ကခ်င္ျပည္နယ္ ဒီမိုကေရစီပါ တီ KSDP၊ စည္းလုံးညီၫႊတ္ေရးႏွင့္ ဒီမိုကေရစီပါတီ ကခ်င္ျပည္နယ္ (မေနာတိုင္) ပါတီမ်ားကို ေပါင္းစည္း ကာ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP အျဖစ္ ကခ်င္လူထု၏ သေဘာဆႏၵအတိုင္း ပါတီေခါင္းေဆာင္မ်ား က ပါတီ သစ္အျဖင့္ ေပါင္းစည္းထူေထာင္ခဲ့ၾကသည္။

ထို႔အျပင္ ျပည္ေထာင္စုတိုင္းရင္းသားမ်ား ဖက္ဒရယ္ဒီမိုကေရစီ ပါတီ (UNFDP) က ေပါင္းစည္းပါတီ၊ ကခ်င္ ျပည္နယ္ တိုးတက္ေရးပါတီ (KSPP)ႏွင့္ ကခ်င္အမ်ိဳးသားကြန္ဂရက္ပါတီ (KNC) တို႔က အစုအဖြဲ႕ အခ်ိဳ႕လည္း ပါဝင္သည္ ဟု သိရသည္။