မြစ်ကြီးနားတွင် အစားထိုးမဲပေးမှုများရှိကြောင်း မဲဆန္ဒရှင်များ စွပ်စွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ငွေပျော်စံပြကျေးရွာတွင် ကြိုတင်မဲပေးခဲ့ခြင်းမရှိပဲ ကြိုတင်မဲပေးခဲ့ သည်ဟုဆိုကာ ယနေ့တွင် မဲပေးခွင့်ဆုံးရှုံးခဲ့ သူများစွာရှိခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။
မဲပေးခွင့် ဆုံးရှုံးခဲ့သည်နှင့် ပတ်သက်၍ ရွာသား ကိုနော်ရိန် က “ကျနော်မဲထည့်ဖို့ ဝင်သွားတော့ ကျနော်အစားတစ်ယောက်တော့ မဲထည့်သွားတယ်၊ အဲ့လိုပြောတယ် သူတို့က ထည့်သွားပြီးပြီဆိုပြီး ပြောတယ်။ တကယ်ဆို ကျနော်က မဲမထည့်ရသေးဘူး။ ကျနော်က မိဘနာမည်နဲ့၊ မှတ်ပုံတင်နဲ့ နာ မည်အပြည့်အစုံနဲ့ ဝင်သွားတော့ လက်မှတ်က ဟိုမှာထိုးထားပြီးပြီ။ ဒါပေမယ့် ကျနော်မထိုးရ သေး ဘူး” ဟု ပြောသည်။
မြစ်ကြီးနားမြို့၊ ငွေပျော်စံပြကျေးရွာမှ မဲဆန္ဒရှင်အချို့သည် ၎င်းတို့၏ မဲများမှာ ကြိုတင်မဲ ထည့်ထား ပြီးသား ဖြစ်နေသည့်အတွက် မဲ မထည့်ခဲ့ရပဲ ပြန်လာခဲ့ရသည်ဟု ရွာသားများက ပြောသည်။
ဒေါ်ရွယ်တောင် “ဒါက မဲလိမ်တာ၊ ကလိမ်ကကျစ်လုပ်တာ။ မသမာမှုလုပ်တာ ဆိုတာကို လုံးဝ မကျေနပ်ဘူး။ ကျမဒီနေ့ မဲထည့်ချင်တယ်။ တစ်နေရာရာမှာ မဲထည့်ခိုင်းပါ၊ အဲ့ဒါဆိုရင် ကျေနပ်တယ်။ ကျမမထည့်သေးဘူး။ ထမင်းချက်နေတာလို့၊ မယုံရင် အားလုံးကို မေးကြည့်ပါလို့။ ဒီရွေးကောက်ပွဲ ဒီပုံစံဆိုရင် ဒါက မသမာမှုအရမ်းများတယ်။ ကျမက မမှားဘူးလို့၊ ခင်ဗျာတို့မှားတာလို့။ အခုက စာ ရွက်ပျောက်နေတာလို့ ခင်ဗျားတို့ကလုပ်စားတာ၊ မတရားတာလုပ်တာလို့၊ ကျမက ဖြစ်နိုင်ရင် မဲပေး ချင်တယ်။ ပေးခွင့်မရဘူးဆိုရင် ပယ်မဲလုပ်ပေးဖို့ ပြောချင်တယ်” ဟု ပြောသည်။
ငွေပျော်စံပြကျေးရွာမှ ရွာသားများ ယခုကဲ့သို့ မဲပေးခွင့်ဆုံးရှုံးခဲ့ရသည့်အတွက် မကျေနပ်ကြောင်း၊ ဖြစ် နိုင်ပါက မဲပေးခွင့်ရအောင် ဆောင်ရွက်ပေးစေချင်သည်ဟု မဲပေးခွင့်ဆုံးရှုံးခဲ့ရသည့် ရွာသားများက ပြောသည်။
ဒေါ်ဝေါ်မီး က “ကျမက ခြေလည်းကောင်းတယ်။ လက်လည်းကောင်းတယ်။ အသက် ၆၀ လည်း မပြည့်သေးဘူး။ ကြိုတင်မဲထည့်ဖို့ အဆင့်လည်း မဟုတ်ဘူး။ သုံးနေရာမှာကတော့ မထည့်ထားဘူး။ တစ်နေရာမှာက ထည့်ထားတယ်လေ။ အဲ့လိုမျိုးလုပ်ထားတယ်။ ကျမက ကြိုတင်မဲလည်း မထည့်ရ သေးဘူး။ တောထဲရောက်နေတယ်။ နှမ်းရိတ်နေတယ်။ ဒီနေ့တောင်မှ ယောက်မဖုန်းအရမ်းဆက်လို့ ပြန်လာတာ။ ကျမက ဘာမှတော့ မပြောတတ်ဘူး။ ကျမ မထည့်ထားတဲ့အတွက် မထည့်ထားဘူးလို့ မထည့်ထားတဲ့အကြောင်း ပြောလိုက်တယ်” ဟု ပြောသည်။
ဒေါ်ဝေါ်မီးသည် မဲရုံတာဝန်ရှိသူများအား သူမ မဲပေးခွင့်မရသည့်ကိစ္စနှင့် ပတ်သက်၍ ထပ်မံတောင်းဆို ခဲ့ရာ မဲပေးခွင့်ပြန်လည်ရရှိခဲ့သော်လည်း သူမ၏ နာမည်နှင့် မဲနှစ်မဲဖြစ်နေကြောင်း၊ သူမ မပေးချင် သည့် ကိုယ်စားလှယ် တစ်ဦးဦးကို မဲပေးခဲ့ခြင်းများဖြစ်နိုင်သည်ဟု ပြောသည်။
“ကျမက အဲ့လိုပြောလိုက်တဲ့အတွက် သူတို့က ပြန်ခေါ်ပြီး မဲပြန်ပေးခိုင်းတယ်။ မဲပေးခွင့်ရတယ်။ ဒါပေ မယ့် ကျမရဲ့ နာမည်နဲ့ မဲက နှစ်မဲဖြစ်သွားမှာလေ။ ညီမနာမည်နဲ့ မဲနှစ်မဲဖြစ်သွားမှာပေါ့နော်။ ကိုယ့် မထည့်ထားပဲနဲ့ ထည့်ထားတယ်ဆိုတဲ့ဟာလေ။ သူတို့ထည့်ထားတာက တစ်ယောက် ကိုယ်ထည့်ချင် တာက တစ်ယောက် ဖြစ်သွားနိုင်တယ်။ ကျမက လီဆူဖြစ်တဲ့အတွက် လီဆူကို ထည့်ချင်တယ်။ သူတို့ က ကြိုတင်မဲထည့်ထားတယ်ဆိုတော့ ဘာကို ထည့်သွားမှန်းမသိဘူးလေ။ သူတို့က လီဆူမို့လို့ မထည့်စေချင်တာလား၊ လီဆူတွေရသွားမှာကို မလိုချင်တာလား အဲ့လိုမျိုးတွေးမိတာပေါ့။”
ထိုကဲ့သို့ အလွှဲအမှားများကြောင့် မဲပေးခွင့်ဆုံးရှုံးခဲ့ရသူများရှိနေသကဲ့သို့ ငွေပျော်စံပြကျေးရွာမှ ရွာသားအချို့မှာ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက်လည်း မဲပေးခွင့်မရသည့်သူများလည်း ရှိနေသည်။
ငွေပျော်စံပြကျေးရွာမှ ရွာသားများသည် စစ်ဘေးရှောင်ပြည်သူများဖြစ်ကြပြီး အစိုးရ၏ ပြန်လည်နေရာ ချထားရေးအစီအစဉ်ဖြင့် ရွာသစ်တည်ထားသည့် ကျေးရွာဖြစ်သည်။
မြစ်ကြီးနားမြို့နယ်အတွင်း မဲရုံပေါင်း ၁၄၀ ရှိပြီး၊ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စုစုပေါင်း ၂၃၈၅၇၆ ဦး ရှိသည်။
*** ZAWGYI ***
ျမစ္ၾကီးနားတြင္ အစားထိုးမဲေပးမႈမ်ားရွိေၾကာင္း မဲဆႏၵရွင္မ်ား စြပ္စြဲ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၈ ရက္။
ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕နယ္ ေငြေပ်ာ္စံျပေက်းရြာတြင္ ႀကိဳတင္မဲေပးခဲ့ျခင္းမရွိပဲ ႀကိဳတင္မဲေပးခဲ့ သည္ဟုဆိုကာ ယေန႔တြင္ မဲေပးခြင့္ဆံုးရႈံးခဲ့ သူမ်ားစြာရွိခဲ့သည္ဟု ေက်းရြာသားမ်ားက ေျပာသည္။
မဲေပးခြင့္ ဆံုးရႈံးခဲ့သည္ႏွင့္ ပတ္သက္၍ ရြာသား ကိုေနာ္ရိန္ က “က်ေနာ္မဲထည့္ဖို႔ ဝင္သြားေတာ့ က်ေနာ္အစားတစ္ေယာက္ေတာ့ မဲထည့္သြားတယ္၊ အဲ့လိုေျပာတယ္ သူတုိ႔က ထည့္သြားၿပီးၿပီဆုိၿပီး ေျပာတယ္။ တကယ္ဆုိ က်ေနာ္က မဲမထည့္ရေသးဘူး။ က်ေနာ္က မိဘနာမည္နဲ႔၊ မွတ္ပံုတင္နဲ႔ နာ မည္အျပည့္အစံုနဲ႔ ဝင္သြားေတာ့ လက္မွတ္က ဟိုမွာထိုးထားၿပီးၿပီ။ ဒါေပမယ့္ က်ေနာ္မထိုးရ ေသး ဘူး” ဟု ေျပာသည္။
ျမစ္ႀကီးနားၿမိဳ႕၊ ေငြေပ်ာ္စံျပေက်းရြာမွ မဲဆႏၵရွင္အခ်ိဳ႕သည္ ၎တို႔၏ မဲမ်ားမွာ ႀကိဳတင္မဲ ထည့္ထား ၿပီးသား ျဖစ္ေနသည့္အတြက္ မဲ မထည့္ခဲ့ရပဲ ျပန္လာခဲ့ရသည္ဟု ရြာသားမ်ားက ေျပာသည္။
ေဒၚရြယ္ေတာင္ “ဒါက မဲလိမ္တာ၊ ကလိမ္ကက်စ္လုပ္တာ။ မသမာမႈလုပ္တာ ဆိုတာကို လံုးဝ မေက်နပ္ဘူး။ က်မဒီေန႔ မဲထည့္ခ်င္တယ္။ တစ္ေနရာရာမွာ မဲထည့္ခိုင္းပါ၊ အဲ့ဒါဆုိရင္ ေက်နပ္တယ္။ က်မမထည့္ေသးဘူး။ ထမင္းခ်က္ေနတာလို႔၊ မယံုရင္ အားလံုးကို ေမးၾကည့္ပါလို႔။ ဒီေရြးေကာက္ပြဲ ဒီပံုစံဆုိရင္ ဒါက မသမာမႈအရမ္းမ်ားတယ္။ က်မက မမွားဘူးလို႔၊ ခင္ဗ်ာတို႔မွားတာလို႔။ အခုက စာ ရြက္ေပ်ာက္ေနတာလို႔ ခင္ဗ်ားတုိ႔ကလုပ္စားတာ၊ မတရားတာလုပ္တာလို႔၊ က်မက ျဖစ္ႏုိင္ရင္ မဲေပး ခ်င္တယ္။ ေပးခြင့္မရဘူးဆုိရင္ ပယ္မဲလုပ္ေပးဖုိ႔ ေျပာခ်င္တယ္” ဟု ေျပာသည္။
ေငြေပ်ာ္စံျပေက်းရြာမွ ရြာသားမ်ား ယခုကဲ့သို႔ မဲေပးခြင့္ဆံုးရံႈးခဲ့ရသည့္အတြက္ မေက်နပ္ေၾကာင္း၊ ျဖစ္ ႏုိင္ပါက မဲေပးခြင့္ရေအာင္ ေဆာင္ရြက္ေပးေစခ်င္သည္ဟု မဲေပးခြင့္ဆံုးရံႈးခဲ့ရသည့္ ရြာသားမ်ားက ေျပာသည္။
ေဒၚေဝၚမီး က “က်မက ေျခလည္းေကာင္းတယ္။ လက္လည္းေကာင္းတယ္။ အသက္ ၆၀ လည္း မျပည့္ေသးဘူး။ ႀကိဳတင္မဲထည့္ဖုိ႔ အဆင့္လည္း မဟုတ္ဘူး။ သံုးေနရာမွာကေတာ့ မထည့္ထားဘူး။ တစ္ေနရာမွာက ထည့္ထားတယ္ေလ။ အဲ့လိုမ်ိဳးလုပ္ထားတယ္။ က်မက ႀကိဳတင္မဲလည္း မထည့္ရ ေသးဘူး။ ေတာထဲေရာက္ေနတယ္။ ႏွမ္းရိတ္ေနတယ္။ ဒီေန႔ေတာင္မွ ေယာက္မဖုန္းအရမ္းဆက္လို႔ ျပန္လာတာ။ က်မက ဘာမွေတာ့ မေျပာတတ္ဘူး။ က်မ မထည့္ထားတဲ့အတြက္ မထည့္ထားဘူးလို႔ မထည့္ထားတဲ့အေၾကာင္း ေျပာလိုက္တယ္” ဟု ေျပာသည္။
ေဒၚေဝၚမီးသည္ မဲရံုတာဝန္ရွိသူမ်ားအား သူမ မဲေပးခြင့္မရသည့္ကိစၥႏွင့္ ပတ္သက္၍ ထပ္မံေတာင္းဆို ခဲ့ရာ မဲေပးခြင့္ျပန္လည္ရရွိခဲ့ေသာ္လည္း သူမ၏ နာမည္ႏွင့္ မဲႏွစ္မဲျဖစ္ေနေၾကာင္း၊ သူမ မေပးခ်င္ သည့္ ကိုယ္စားလွယ္ တစ္ဦးဦးကို မဲေပးခဲ့ျခင္းမ်ားျဖစ္ႏုိင္သည္ဟု ေျပာသည္။
“က်မက အဲ့လိုေျပာလိုက္တဲ့အတြက္ သူတုိ႔က ျပန္ေခၚၿပီး မဲျပန္ေပးခိုင္းတယ္။ မဲေပးခြင့္ရတယ္။ ဒါေပ မယ့္ က်မရဲ႕ နာမည္နဲ႔ မဲက ႏွစ္မဲျဖစ္သြားမွာေလ။ ညီမနာမည္နဲ႔ မဲႏွစ္မဲျဖစ္သြားမွာေပါ့ေနာ္။ ကိုယ့္ မထည့္ထားပဲနဲ႔ ထည့္ထားတယ္ဆိုတဲ့ဟာေလ။ သူတို႔ထည့္ထားတာက တစ္ေယာက္ ကိုယ္ထည့္ခ်င္ တာက တစ္ေယာက္ ျဖစ္သြားႏုိင္တယ္။ က်မက လီဆူျဖစ္တဲ့အတြက္ လီဆူကို ထည့္ခ်င္တယ္။ သူတို႔ က ႀကိဳတင္မဲထည့္ထားတယ္ဆိုေတာ့ ဘာကို ထည့္သြားမွန္းမသိဘူးေလ။ သူတို႔က လီဆူမို႔လို႔ မထည့္ေစခ်င္တာလား၊ လီဆူေတြရသြားမွာကို မလိုခ်င္တာလား အဲ့လိုမ်ိဳးေတြးမိတာေပါ့။”
ထိုကဲ့သို႔ အလြႊဲအမွားမ်ားေၾကာင့္ မဲေပးခြင့္ဆံုးရံႈးခဲ့ရသူမ်ားရွိေနသကဲ့သို႔ ေငြေပ်ာ္စံျပေက်းရြာမွ ရြာသားအခ်ိဳ႕မွာ တိုင္းရင္းသားေရးရာ ဝန္ႀကီးေနရာအတြက္လည္း မဲေပးခြင့္မရသည့္သူမ်ားလည္း ရွိေနသည္။
ေငြေပ်ာ္စံျပေက်းရြာမွ ရြာသားမ်ားသည္ စစ္ေဘးေရွာင္ျပည္သူမ်ားျဖစ္ၾကၿပီး အစိုးရ၏ ျပန္လည္ေနရာ ခ်ထားေရးအစီအစဥ္ျဖင့္ ရြာသစ္တည္ထားသည့္ ေက်းရြာျဖစ္သည္။
ျမစ္ႀကီးနားၿမိဳ႕နယ္အတြင္း မဲရံုေပါင္း ၁၄၀ ရွိၿပီး၊ မဲေပးပိုင္ခြင့္ရွိသူ မဲဆႏၵရွင္ စုစုေပါင္း ၂၃၈၅၇၆ ဦး ရွိသည္။