မွန်ညီညွတ်ရေး ပါတီအတွင်း သဘောကွဲလွဲမှုများ ဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်။

“နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ” တွင် ပါဝင်ရန် အာဏာသိမ်း စစ်အစိုးရ၏ ကမ်းလှမ်းမှုကို လက်ခံလိုက် သည့်အပေါ် မွန်ညီညွတ်ရေးပါတီ (MUP) အတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည်။

အာဏာသိမ်း စစ်အစိုးရ၏ ကမ်းလှမ်းမှုကို လက်ခံခြင်းသည် ပါတီအခြေခံစည်းမျဉ်းနှင့်လည်း သွေဖယ်နေသည် ဟု ပါတီဗဟိုအလုပ်အမှုဆောင်ပါတီဝင်အချို့ က ထောက်ပြနေကြသည်။

“ကျနော်တို့ကတော့ လက်မခံသင့်ဘူးဆိုတဲ့ဘက်က ဆွေးနွေးပေးခဲ့တာပေါ့။ အခုချိန်မှာ တအားရှုပ်ထွေးနေတဲ့ ကာလဖြစ်တယ်။ နောက်တစ်ခုက ကျနော်တို့ပါတီက ပေါင်းစည်းပြီး ဖြစ်တည်လာတဲ့ ပါတီတစ်ခုဖြစ်တဲ့ အခါ ကျတော့ စည်းလုံးညီညွတ်မှု အရမ်းပျက်ပြားသွားမှာ စိတ်ပူတယ်။ အခုပါတီဝင်မှာ လက်ခံ လက်မခံတာ ဆိုတဲ့ ဟာက အများကြီးရှိတယ် ဆိုတော့ ဘာပဲပြောပြော ဒါကြီးကိုဆုံးဖြတ်လိုက်တော့ ပါတီမှာ တော်တော် ဂယက် ရိုက်သွားတယ်။ အဲဒါကြောင့်မို့ ဒါကို အရင်စလို မဆုံးဖြတ်ကြပါနဲ့ လက်မခံပါနဲ့အုံး ကျနော်တို့ဘက် ဆွေးနွေး တာက (ကော်မတီဝင်) CC နဲ့ ပြန်ညှိနှိုင်းဖို့လိုတယ်” ဟု MUP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်တွင် ပါဝင်ရန် ကမ်းလှမ်းခံရသည်အပေါ် ဖေဖော်ဝါရီ ၆ ရက်နေ့က ပါတီဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးခေါ်ယူပြီး ကမ်းလှမ်းမှုကို လက် ခံရန် ဆုံးဖြတ်ခဲ့သည်။

ဒေါက်တာအောင်နိုင်ဦး က “အဲဒီနေ့က အခြေအတင် တော်တော်ဖြစ် ကြတယ်။ သဘောထားကွဲလွဲမှု တော်တော်ဖြစ်ကြတယ်။ အစည်းအဝေးတက်တဲ့ ဗဟိုအလုပ်အမှုဆောင်က ၃၀ ကျော်တယ်၊ ကန့်ကွက်တာ ၁၀ ယောက်လောက်ပါတယ် သဘောတူ တာ ၂၆ ယောက် ကြားနေတာ ၂ ယောက်လောက်ရှိတယ်။ အဲဒီအဆင့်ရောက်ဖို့ တော်တော် အကြိတ်အနယ် ဆွေးနွေးကြတယ်။ ကျနော်တို့ က တော့ လက်မခံသင့်ဘူးဆိုတဲ့ဘက်က ပါတာပေါ့နော်။ ဒါက CEC အများစုက သဘောထားဆန္ဒနဲ့ ဆုံးဖြတ်ခဲ့လို့ ပြောရမယ် CEC အားလုံးရဲ့ သဘောထားဆန္ဒလို့တော့ ပြောလို့မရဘူး” ဟု ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်သည် ပါတီဝင်အားလုံး၏ သဘောထား မဟုတ်ပဲ ပါတီဝင်အများစု သဘောထားသာဖြစ်သည်ဟု ဒေါက်တာအောင် နိုင်ဦး က ပြောသည်။

ပါတီ၏ အခြေခံစည်းမျဉ်းအရ အာဏာရှင်စရိုက်၊ လူမျိုးကြီးဝါဒကို အားမပေးရန် ပါကြောင်းလည်း ထောက်ပြခဲ့သည်ဟု ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။

“နောက်တစ်ခုက ကမ်းလှမ်းလာတာက UEC ကမ်းလှမ်းတဲ့ ပုံစံမျိုး ဒါကလည်း မဖြစ်သင့်ဘူးပေါ့နော်။ ဒါကြောင့် မို့ ကျနော်တို့ဘက်က လက်မခံသင့်ဘူးဆိုတဲ့သဘောထား ပေးတာပေါ့ နောက်တစ်ခုက ပါတီရဲ့ အခြေခံစည်း မျဉ်းထဲကိုက အာဏာရှင်စရိုက်တွေ လူမျိုးကြီးဝါဒတွေ အားမပေးဖို့ပါတယ်။ အဲဒါကိုလည်း ထောက်ပြကြ တယ်။”

မွန်ညီညွတ်ရေးပါတီ၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်တွင် ပါဝင်မည်ဆိုသည့် ဆုံးဖြတ်ချက်အပေါ် ပြည်သူထုအကြားတွင်လည်း ဝေဖန်ပြောဆို ရှုတ်ချမှုများ ရှိနေသည်။

ပါတီက ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်အပေါ် လက်မခံသည့် ပါတီဝင်အချို့ကလည်း တရားဝင် စာ တင်ကာ ပါတီမှ နှုတ်ထွက်မှုများလည်း ရှိနေသည်။

ပါတီခေါင်းဆောင်များက ထိပ်တိုက်ရင်ဆိုင်ရမည့်လမ်းကြောင်းထက် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ် ရောက်အောင် ရည်ရွယ်ချက်နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်တွင် ပါဝင်မည့် ကမ်းလှမ်းချက်ကို လက်ခံလိုက်ခြင်းဖြစ်သည် ဟု ပြောသည်။

“သမိုင်းအတွေ့အကြုံအရ ကျနော်တို့တွေက ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်တဲ့နေရာမှာ ထိပ်တိုက်ရင် ဆိုင်တဲ့လမ်းကြောင်းကို လျှောက်ခဲ့ကြတယ်။ အဲဒီထိပ်တိုက်ရင်ဆိုင်တဲ့လမ်းကြောင်းကို လျှောက်ခဲ့တဲ့ သမိုင်း ကြောင်းတွေမှာ ပြည်သူတွေ တိုင်းရင်းသားတွေ အသက်ပေးပြီးတော့ သွေးချောင်းစီးခဲ့ရတယ်။ နိုင်ငံရေး ရလဒ် အဖြေတွေက ဒီအချိန်ထိ တစ်စုံတစ်ရာ မရရှိသေးဘူး။ ဒါကြောင့်မို့ ကျနော်တို့ အားလုံးရည်မှန်းထားတဲ့ ဖက်ဒ ရယ်ပြည်ထောင်စုကို ရောက်ဖို့အတွက်က ထိပ်တိုက်ရင်ဆိုင်တဲ့လမ်းကြောင်းက ပြည်သူလူထုအတွက် အကျိုး မရှိဘူး။ ဒါကြောင့်မို့ အဲဒီထိပ်တိုက်ရင်ဆိုင်တဲ့လမ်းကြောင်းကို ရှောင်လွှဲပြီးတော့ တွေ့ဆုံ ဆွေးနွေးရေး လမ်း ကြောင်းပေါ်ရောက်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပူးပေါင်းသွားမယ်ဆိုတဲ့သဘောထားရှိတယ်” ဟု ပါတီတွဲဖက် အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောသည်။

မွန်ညီညွတ်ရေးပါတီကဲ့သို့ အခြားတိုင်းရင်းသားပါတီများကလည်း “နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ” တွင် ပါဝင်ရန် ကမ်းလှမ်းခံကြရပြီး ကမ်းလှမ်းခံရသည့်အပေါ် လက်ခံသည့် တိုင်းရင်းသားပါတီများရှိသကဲ့သို့ လက် မခံသည့် ပါတီများလည်းရှိနေသည်။

*** ZAWGYI ***
မြန္ညီၫြတ္ေရး ပါတီအတြင္း သေဘာကြဲလြဲမႈမ်ား ျဖစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၈ ရက္။

“ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ” တြင္ ပါဝင္ရန္ အာဏာသိမ္း စစ္အစိုးရ၏ ကမ္းလွမ္းမႈကို လက္ခံလိုက္ သည့္အေပၚ မြန္ညီၫြတ္ေရးပါတီ (MUP) အတြင္း သေဘာထားကြဲလြဲမႈမ်ား ျဖစ္ေပၚေနသည္။

အာဏာသိမ္း စစ္အစိုးရ၏ ကမ္းလွမ္းမႈကို လက္ခံျခင္းသည္ ပါတီအေျခခံစည္းမ်ဥ္းႏွင့္လည္း ေသြဖယ္ေနသည္ ဟု ပါတီဗဟိုအလုပ္အမႈေဆာင္ပါတီဝင္အခ်ိဳ႕ က ေထာက္ျပေနၾကသည္။

“က်ေနာ္တို႔ကေတာ့ လက္မခံသင့္ဘူးဆိုတဲ့ဘက္က ေဆြးေႏြးေပးခဲ့တာေပါ့။ အခုခ်ိန္မွာ တအားရႈပ္ေထြးေနတဲ့ ကာလျဖစ္တယ္။ ေနာက္တစ္ခုက က်ေနာ္တို႔ပါတီက ေပါင္းစည္းၿပီး ျဖစ္တည္လာတဲ့ ပါတီတစ္ခုျဖစ္တဲ့ အခါ က်ေတာ့ စည္းလုံးညီၫြတ္မႈ အရမ္းပ်က္ျပားသြားမွာ စိတ္ပူတယ္။ အခုပါတီဝင္မွာ လက္ခံ လက္မခံတာ ဆိုတဲ့ ဟာက အမ်ားႀကီးရွိတယ္ ဆိုေတာ့ ဘာပဲေျပာေျပာ ဒါႀကီးကိုဆုံးျဖတ္လိုက္ေတာ့ ပါတီမွာ ေတာ္ေတာ္ ဂယက္ ႐ိုက္သြားတယ္။ အဲဒါေၾကာင့္မို႔ ဒါကို အရင္စလို မဆုံးျဖတ္ၾကပါနဲ႔ လက္မခံပါနဲ႔အုံး က်ေနာ္တို႔ဘက္ ေဆြးေႏြး တာက (ေကာ္မတီဝင္) CC နဲ႔ ျပန္ညႇိႏႈိင္းဖို႔လိုတယ္” ဟု MUP ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ ေဒါက္တာေအာင္ႏိုင္ဦးက ေျပာသည္။

မြန္ညီၫြတ္ေရးပါတီအေနျဖင့္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္တြင္ ပါဝင္ရန္ ကမ္းလွမ္းခံရသည္အေပၚ ေဖေဖာ္ဝါရီ ၆ ရက္ေန႔က ပါတီဗဟိုအလုပ္အမႈေဆာင္ အေရးေပၚအစည္းအေဝးေခၚယူၿပီး ကမ္းလွမ္းမႈကို လက္ ခံရန္ ဆုံးျဖတ္ခဲ့သည္။

ေဒါက္တာေအာင္ႏိုင္ဦး က “အဲဒီေန႔က အေျခအတင္ ေတာ္ေတာ္ျဖစ္ ၾကတယ္။ သေဘာထားကြဲလြဲမႈ ေတာ္ေတာ္ျဖစ္ၾကတယ္။ အစည္းအေဝးတက္တဲ့ ဗဟိုအလုပ္အမႈေဆာင္က ၃၀ ေက်ာ္တယ္၊ ကန႔္ကြက္တာ ၁၀ ေယာက္ေလာက္ပါတယ္ သေဘာတူ တာ ၂၆ ေယာက္ ၾကားေနတာ ၂ ေယာက္ေလာက္ရွိတယ္။ အဲဒီအဆင့္ေရာက္ဖို႔ ေတာ္ေတာ္ အႀကိတ္အနယ္ ေဆြးေႏြးၾကတယ္။ က်ေနာ္တို႔ က ေတာ့ လက္မခံသင့္ဘူးဆိုတဲ့ဘက္က ပါတာေပါ့ေနာ္။ ဒါက CEC အမ်ားစုက သေဘာထားဆႏၵနဲ႔ ဆုံးျဖတ္ခဲ့လို႔ ေျပာရမယ္ CEC အားလုံးရဲ႕ သေဘာထားဆႏၵလို႔ေတာ့ ေျပာလို႔မရဘူး” ဟု ေျပာသည္။

ပါတီဗဟိုအလုပ္အမႈေဆာင္ အေရးေပၚအစည္းအေဝးဆုံးျဖတ္ခ်က္သည္ ပါတီဝင္အားလုံး၏ သေဘာထား မဟုတ္ပဲ ပါတီဝင္အမ်ားစု သေဘာထားသာျဖစ္သည္ဟု ေဒါက္တာေအာင္ ႏိုင္ဦး က ေျပာသည္။

ပါတီ၏ အေျခခံစည္းမ်ဥ္းအရ အာဏာရွင္စ႐ိုက္၊ လူမ်ိဳးႀကီးဝါဒကို အားမေပးရန္ ပါေၾကာင္းလည္း ေထာက္ျပခဲ့သည္ဟု ေဒါက္တာေအာင္ႏိုင္ဦးက ဆက္ေျပာသည္။

“ေနာက္တစ္ခုက ကမ္းလွမ္းလာတာက UEC ကမ္းလွမ္းတဲ့ ပုံစံမ်ိဳး ဒါကလည္း မျဖစ္သင့္ဘူးေပါ့ေနာ္။ ဒါေၾကာင့္ မို႔ က်ေနာ္တို႔ဘက္က လက္မခံသင့္ဘူးဆိုတဲ့သေဘာထား ေပးတာေပါ့ ေနာက္တစ္ခုက ပါတီရဲ႕ အေျခခံစည္း မ်ဥ္းထဲကိုက အာဏာရွင္စ႐ိုက္ေတြ လူမ်ိဳးႀကီးဝါဒေတြ အားမေပးဖို႔ပါတယ္။ အဲဒါကိုလည္း ေထာက္ျပၾက တယ္။”

မြန္ညီၫြတ္ေရးပါတီ၏ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္တြင္ ပါဝင္မည္ဆိုသည့္ ဆုံးျဖတ္ခ်က္အေပၚ ျပည္သူထုအၾကားတြင္လည္း ေဝဖန္ေျပာဆို ရႈတ္ခ်မႈမ်ား ရွိေနသည္။

ပါတီက ခ်မွတ္လိုက္သည့္ ဆုံးျဖတ္ခ်က္အေပၚ လက္မခံသည့္ ပါတီဝင္အခ်ိဳ႕ကလည္း တရားဝင္ စာ တင္ကာ ပါတီမွ ႏႈတ္ထြက္မႈမ်ားလည္း ရွိေနသည္။

ပါတီေခါင္းေဆာင္မ်ားက ထိပ္တိုက္ရင္ဆိုင္ရမည့္လမ္းေၾကာင္းထက္ ေတြ႕ဆုံေဆြးေႏြးေရး လမ္းေၾကာင္းေပၚ ေရာက္ေအာင္ ရည္႐ြယ္ခ်က္ႏွင့္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္တြင္ ပါဝင္မည့္ ကမ္းလွမ္းခ်က္ကို လက္ခံလိုက္ျခင္းျဖစ္သည္ ဟု ေျပာသည္။

“သမိုင္းအေတြ႕အႀကဳံအရ က်ေနာ္တို႔ေတြက ဖက္ဒရယ္ဒီမိုကေရစီကို တည္ေဆာက္တဲ့ေနရာမွာ ထိပ္တိုက္ရင္ ဆိုင္တဲ့လမ္းေၾကာင္းကို ေလွ်ာက္ခဲ့ၾကတယ္။ အဲဒီထိပ္တိုက္ရင္ဆိုင္တဲ့လမ္းေၾကာင္းကို ေလွ်ာက္ခဲ့တဲ့ သမိုင္း ေၾကာင္းေတြမွာ ျပည္သူေတြ တိုင္းရင္းသားေတြ အသက္ေပးၿပီးေတာ့ ေသြးေခ်ာင္းစီးခဲ့ရတယ္။ ႏိုင္ငံေရး ရလဒ္ အေျဖေတြက ဒီအခ်ိန္ထိ တစ္စုံတစ္ရာ မရရွိေသးဘူး။ ဒါေၾကာင့္မို႔ က်ေနာ္တို႔ အားလုံးရည္မွန္းထားတဲ့ ဖက္ဒ ရယ္ျပည္ေထာင္စုကို ေရာက္ဖို႔အတြက္က ထိပ္တိုက္ရင္ဆိုင္တဲ့လမ္းေၾကာင္းက ျပည္သူလူထုအတြက္ အက်ိဳး မရွိဘူး။ ဒါေၾကာင့္မို႔ အဲဒီထိပ္တိုက္ရင္ဆိုင္တဲ့လမ္းေၾကာင္းကို ေရွာင္လႊဲၿပီးေတာ့ ေတြ႕ဆုံ ေဆြးေႏြးေရး လမ္း ေၾကာင္းေပၚေရာက္ေအာင္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ပူးေပါင္းသြားမယ္ဆိုတဲ့သေဘာထားရွိတယ္” ဟု ပါတီတြဲဖက္ အတြင္းေရးမႉး (၁) ႏိုင္လယိတမက ေျပာသည္။

မြန္ညီၫြတ္ေရးပါတီကဲ့သို႔ အျခားတိုင္းရင္းသားပါတီမ်ားကလည္း “ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ” တြင္ ပါဝင္ရန္ ကမ္းလွမ္းခံၾကရၿပီး ကမ္းလွမ္းခံရသည့္အေပၚ လက္ခံသည့္ တိုင္းရင္းသားပါတီမ်ားရွိသကဲ့သို႔ လက္ မခံသည့္ ပါတီမ်ားလည္းရွိေနသည္။