ထိုင်းနယ်စပ် ထွက်ပြေးရသည့် ကရင်ဒုက္ခသည်များ အခြေအနေ အင်တာဗျူး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂၉ ရက်။

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ က ၎င်းတို့ နယ်မြေရှိ အာ ဏာ သိမ်းစစ်ကောင်စီ၏ လက်နက်ကိုင် တပ်စခန်းတစ်ခုကို ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ က ဝင်ရောက်သိမ်းပိုက်လိုက်သည့်နောက်ပိုင်း စစ် ကောင်စီ မှ တပ်မဟာ ၅ နယ်မြေရှိ ကျေးရွာများအတွင်းသို့ လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်မှုများရှိ ခဲ့သည်။

လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံ ကျေးရွာသားအချို့ သေကြေဒဏ်ရာ ရရှိမှုများရှိ လာ သည့်အပြင် ရွာလုံးကျွတ်လည်း စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အချို့မှာ တောထဲသို့ထွက်ပြေးနေရပြီး သံလွင်မြစ်ကမ်းဘေးနားတွင် တည်ရှိသည့် ကျေးရွာများမှာ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုသိရသည်။ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများ၏ နေထိုင်စား သောက်ရေး အခြေအနေ၊ လက်ရှိတပ်မဟာ ၅ ဧရိယာဖက်မှ စစ်ရေး အခြေအနေ စသည့် အကြောင်းအရာများ ကို ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN မှ ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးကို ဆက်သွယ် မေး မြန်းရာမှာ အဖြစ်အပျက်တွေကို ယခုလို စပြောသည်။

နော်ဝါခူရှီး – အခုတော့ ဒေသခံ ပြည်သူတွေကတော့ ထွက်ပြေးနေရတယ်ပေါ့နော။ မယ်နူထာ၊ ခိုကေး၊ အူးဝဲက လိုး အဲဒီ သံလွင်မြစ်ဘေးက လူတွေကတော့ ထိုင်းဖက်ကို ထွက်ပြေးနေရတယ်။ အဲမှာ လူဦးရေ သုံးထောင် လောက်ရှိတယ်ပေါ့နော်။ ဒါပေမယ့် တပ်မဟာ ၅ ဒေဖိုးနိုဖက်က လူတွေကတော့ သူတို့ ဘေးလွတ်ရာဖက်ကို ထွက်ပြေးနေရတယ်ပေါ့နော်။ လူဦးရေ ဘယ်လောက်ထွက်ပြေးနေရလဲဆိုတာကိုတော့ အတိအကျ မသိရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖုန်းလိုင်းတွေ မရတော့လို့လေ။ ဆက်သွယ်ရေး လိုင်းတွေ ဖြတ်တောက်သွားတဲ့အတွက် တစ်ဖက်နဲ့ တစ်ဖက် ဆက်သွယ်လို့ မရဘူး။ အဲဒါကြောင့် အဲဖက်က နောက်ဆုံး အခြေအနေကို မသိရဘူးဖြစ်နေ တယ်။

မေး – ထိုင်းဖက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတော့ ထိုင်းဖက်က သဘောထားကရော ဘယ်လိုရှိ သလဲ။ ဘယ်လိုတွေ့ရသလဲ။

နော်ဝါးခူရှီး – သူတို့ ထိုင်းဖက်ကို ထွက်ပြေးတဲ့အခါမှာ ဘာတွေ့ရသလဲဆိုတော့ သူတို့အတွက် အခက်အခဲရှိ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းက သူတို့ကို ဒီဖက်ကို လာတာကို လက်ခံချင်တဲ့ပုံမတွေ့ရဘူး။ ဒါပေမယ့် လာ လို့ရတယ်။ အခုသူတို့ကို နေပူတဲ့နေရာ ရေမရှိတဲ့နေရာကို ပြောင်းပေးထားတယ်။ ရေမရှိတဲ့အတွက် ကလေး တွေရော ကိုယ်ဝန်ဆောင်တွေရော သက်ကြီးရွယ်အိုတွေရော၊ နာမကျန်းတဲ့သူတွေရော စတဲ့ ထွက်ပြေးလာတဲ့ သူတွေအတွက် အခက်အခဲဖြစ်စေတယ်။ နေဖို့နေရာမရှိဘူး အဆောက်အအုံမရှိဘူး။ ကလေးတွေက ဗိုက်ဆာ တာတွေ ရေသောက်ချင်တာတွေရှိပေမယ့် ရေမသောက်ရဘူး။ အဲဒီမှာ အကူအညီပေးမယ့် အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေ သွားချင်ပေမယ့် ထိုင်းစစ်တပ်က အခွင့်မပေးဘူး။ အဲဒါကြောင့် အသက်ကြီးတဲ့ သူတွေထဲ က တချို့ကတော့ စားစရာတွေကို ဟိုဖက်ကမ်းမှာ သွားပြန်ယူရတာရှိတယ်။ စားစရာတွေ ရေတွေကို သူတို့ရဲ့ ရွာမှာ ပြန်ယူနေရတယ်။

မေး – ထွက်ပြေးတိမ်းရှောင်လာသူတွေအတွက် စားဝတ်နေရေးရော၊ နေရေးထိုင်ရေးရော အစစအရာရာ အခက် အခဲရှိနေတယ်ဆိုတော့ အကူအညီပေးနိုင်ဖို့အတွက် ဘယ်လိုကူညီလုပ်ဆောင်ပေး ဖို့ရှိသလဲ။

နော်ဝါးခူရှီး – အခုအချိန်က ကျမတို့ အကူအညီပေးမယ့်အဖွဲ့တွေကို အကူအညီတောင်းဖို့ဆိုတာ အခက်အခဲ မဟုတ်ဘူး။ အခက်အခဲက သူတို့ဆီသွားဖို့ကို ထိုင်းစစ်တပ်ဖက်က ခွင့်မပြုဘူး။ အကူအညီပေးဖို့ သွားရောက် မယ့် အဖွဲ့အစည်းတွေက သူတို့ဆီကို ရောက်အောင်သွားဖို့ဆိုတာ အခက်အခဲတွေရှိနေတယ်။ အစားအသောက် တွေ သယ်သွားတာတို့ လိုအပ်တာတွေ သွားပို့ပေးဖို့ ထိုင်းစစ်တပ်ဖက် ခွင့်မပြုတဲ့အတွက် အခက်အခဲဖြစ်နေတာ ဟုတ်တယ်ပေါ့နော်။ အဲဒါက ကျမတို့ စဉ်းစားတာက အခုက NGO အဖွဲ့အစည်း တွေပဲဖြစ်ဖြစ် UNHCR ပဲ ဖြစ် ဖြစ် ထိုင်းနိုင်ငံက အကူအညီပေးတဲ့ အဖွဲ့တွေပဲဖြစ်ဖြစ် ထွက်ပြေးလာတဲ့ သူတွေကို အကူအညီသွားပေးလို့ရ အောင် တွန်းအေားပေးဖို့ ဘာဖြစ်လို့လဲဆိုတော့ ထွက်ပြေးလာတဲ့သူတွေက များသောအားဖြင့် ကလေးတွေပဲ ဖြစ်တယ်ပေါ့နော်။

မေး – ထွက်ပြေးလာတဲ့သူတွေကို ထိုင်းဖက်က ဘယ်နေရာမှာ ထားတာလဲ။

နော်ဝါးခူရှီး – ထွက်ပြေးလာတဲ့သူတွေကို ထိုင်းဖက် ကလိုပါလား အဲဒီဖက်မှာ ထားတယ်။ သူတို့ခေါ်တာ နာမည် တစ်ခုရှိသေးတယ်။ မမှတ်မိတော့ဘူး။ ဒါပေမယ့် အဲဒီနေရာကတော့ ရေမရှိတဲ့နေရာ ခြောက်သွေ့ပူပြင်းတဲ့ သံလွင်မြစ်ကမ်းဘေးကနေရာဖြစ်တယ်။ အဲဒီနေရာက မဲဟောင်ဆောင်ခရိုင်ဖက်မှာ ဖြစ်တယ်။ တပ်မဟာ ၅ ဧရိယာဖက်မှာဖြစ်တယ်။ သူက တပ်မဟာ ၅ နယ်စပ်နဲ့ နီးတယ်ပေါ့နော်။

မေး – တပ်မဟာ ၅ ဧရိယာဖက်ကို အာဏာသိမ်းစစ်ကောင်စီဖက်က လေယာဉ်နဲ့ လာရောက်ပစ်ခတ်တဲ့ အတွက် အဲမှာ ရှိနေတဲ့ ရွာသားတွေ ထိခိုက်ဒဏ်ရာရတာ လူအသေအပျောက်တွေရှိလား။ ဘယ်လောက်အထိရှိနေသလဲ။

နော်ဝါးခူရှီး – သူတို့က ဗုံးလာပစ်ချတယ်။ သေနတ်တွေလည်းပစ်တယ်။ အဲဒီမှာ လူသုံးလေးလောက် သေ တယ်။ ထိခိုက်ဒဏ်ရာရတာက ၈ ယောက်လောက်ရှိတယ်။ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ဆေး ကုသဖို့အတွက် ထိုင်းဖက်ကို ပို့ဖို့လိုတယ်။ ဒါပေမယ့် ထိုင်းဖက်ကိုပို့ဖို့က မလွယ်ဘူးဖြစ်နေတယ်။ သူတို့တွေက ထိခိုက်ဒဏ်ရာရတာ တော်တော်ပြင်းပြင်းထန်ထန်ဖြစ်တယ်။ သေတဲ့လူတွေကလည်း ကျေးရွာသားတွေ ဖြစ် တယ်။ ကလေးတွေဖြစ်တယ်။ အိမ်မီးလောင်တဲ့ အရေအတွက်ကို သူတို့ တိတိကျကျ ပြောလို့မရသေးဘူး။ ဒေ သအခြေအနေက မတည်မငြိမ်ဖြစ်နေဆဲဖြစ်တဲ့အတွက်ကြောင့်ရယ် လေယာဉ်တွေကလည်း အချိန်မရွေး ဗုံး လာကြဲနိုင်တဲ့ အတွက် အချက်အလက် တိတိကျကျ ရဖို့ခက်နေတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ အဆောက်အဦး တော်တော်များများ မီးလောင်သွားတယ်လို့ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဆောက်အဦး တွေက ဝါးနဲ့သစ်တွေပဲ ဖြစ်လို့လေနော်။

မေး – ထွက်ပြေးတိမ်းရှောင်လာတဲ့ ရွာတွေက ဘယ်နှစ်ရွာလောက်ရှိသလဲ။

နော်ဝါးခူရှီး – ဒေပိုနိုရွာ၊ မယ်နူထာ၊ သီးကော်ထာ၊ ပြီးတော့ အီးသူးထာလည်းပါတယ်။ အဲဒါက သူတို့တွေက ထိုင်းဖက်ကို ထွက်ပြေးတိမ်းရှောင်တာဟုတ်တယ်။ မယ်နူထာနဲ့ အူးဝေကလိုး၊ အီးသူးထာရွာတွေက သံလွင်မြစ် နဲ့ နီးတဲ့အတွက် သူတို့က ထိုင်းဖက်ကို ထွက်ပြေးရတယ်။ ပြီးတော့ ဒေပိုနိုရွားနဲ့ နီးတဲ့ရွာရှိတယ်။ တကောတို ဘော၊ ဒေပိုနို၊ ပြီးတော့ သဒါးဒဲ၊ အဲဒီက ရွာသားတွေက တောထဲကို ထွက်ပြေးနေရတယ်။

မေး – ဒီနေ့ရော တိုက်ပွဲဖြစ်သေးလား။ အဲဖက်မှာ ဘယ်လိုကြားထားသေးလဲ။

နော်ဝါးခူရှီး – ဒီနေ့မှာလည်း သူတို့လာပစ်တာတွေရှိတယ်။ မနေ့ညက သူတို့ ၃ ခေါက်လာပစ်တာရှိတယ်။ အခု လည်း မနက်ကနဲ့ ဒီနေ့ခင်းဖက်မှာလည်း သူတို့လာပစ်မယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရတယ်။ ခုနက လေယာဉ် ငါးစင်းထွက်လာတယ်လို့ ကြားတယ်။ ဘယ်ဖက်ကို လာမလဲဆိုတာကိုတော့ မသိရဘူး။ ဒရုန်းတွေနဲ့ လာကြည့်တာတွေ ရှိတယ်လို့ သိရတယ်။ အဲလိုလာကြည့်တဲ့နောက်မှာတော့ နောက်ဆက်တွဲ ဘာတွေ ဖြစ်လာ မလဲ ဆိုတာကိုတော့ မသိရဘူး။ ဒါကြောင့် အားလုံးက ကြောက်ရွံ့စိုးရိမ်မှုတွေနဲ့ပဲ နေနေရတာဖြစ်တယ်။

*** ZAWGYI ***
ထိုင္းနယ္စပ္ ထြက္ေျပးရသည့္ ကရင္ဒုကၡသည္မ်ား အေျခအေန အင္တာဗ်ဴး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၂၉ ရက္။

ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU တပ္မဟာ ၅ က ၎တို႔ နယ္ေျမရွိ အာ ဏာ သိမ္းစစ္ေကာင္စီ၏ လက္နက္ကိုင္ တပ္စခန္းတစ္ခုကို ၿပီးခဲ့သည့္ မတ္လ ၂၇ ရက္ေန႔ က ဝင္ေရာက္သိမ္းပိုက္လိုက္သည့္ေနာက္ပိုင္း စစ္ ေကာင္စီ မွ တပ္မဟာ ၅ နယ္ေျမရွိ ေက်း႐ြာမ်ားအတြင္းသို႔ ေလယာဥ္ျဖင့္ လာေရာက္ ဗုံးႀကဲတိုက္ခိုက္မႈမ်ားရွိ ခဲ့သည္။

ေလယာဥ္ျဖင့္ ပစ္ခတ္တိုက္ခိုက္မႈမ်ားေၾကာင့္ ေဒသခံ ေက်း႐ြာသားအခ်ိဳ႕ ေသေၾကဒဏ္ရာ ရရွိမႈမ်ားရွိ လာ သည့္အျပင္ ႐ြာလုံးကြၽတ္လည္း စစ္ေဘးလြတ္ရာသို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္။

အခ်ိဳ႕မွာ ေတာထဲသို႔ထြက္ေျပးေနရၿပီး သံလြင္ျမစ္ကမ္းေဘးနားတြင္ တည္ရွိသည့္ ေက်း႐ြာမ်ားမွာ ထိုင္းႏိုင္ငံသို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္ဟုသိရသည္။ ထြက္ေျပးတိမ္းေရွာင္ေနရသည့္ ေဒသခံမ်ား၏ ေနထိုင္စား ေသာက္ေရး အေျခအေန၊ လက္ရွိတပ္မဟာ ၅ ဧရိယာဖက္မွ စစ္ေရး အေျခအေန စသည့္ အေၾကာင္းအရာမ်ား ကို ကရင္ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳကြန္ရက္ KPSN မွ ေျပာေရးဆိုခြင့္ရွိသူ ေနာ္ဝါးခူရွီးကို ဆက္သြယ္ ေမး ျမန္းရာမွာ အျဖစ္အပ်က္ေတြကို ယခုလို စေျပာသည္။

ေနာ္ဝါခူရွီး – အခုေတာ့ ေဒသခံ ျပည္သူေတြကေတာ့ ထြက္ေျပးေနရတယ္ေပါ့ေနာ။ မယ္ႏူထာ၊ ခိုေကး၊ အူးဝဲက လိုး အဲဒီ သံလြင္ျမစ္ေဘးက လူေတြကေတာ့ ထိုင္းဖက္ကို ထြက္ေျပးေနရတယ္။ အဲမွာ လူဦးေရ သုံးေထာင္ ေလာက္ရွိတယ္ေပါ့ေနာ္။ ဒါေပမယ့္ တပ္မဟာ ၅ ေဒဖိုးႏိုဖက္က လူေတြကေတာ့ သူတို႔ ေဘးလြတ္ရာဖက္ကို ထြက္ေျပးေနရတယ္ေပါ့ေနာ္။ လူဦးေရ ဘယ္ေလာက္ထြက္ေျပးေနရလဲဆိုတာကိုေတာ့ အတိအက် မသိရဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ဖုန္းလိုင္းေတြ မရေတာ့လို႔ေလ။ ဆက္သြယ္ေရး လိုင္းေတြ ျဖတ္ေတာက္သြားတဲ့အတြက္ တစ္ဖက္နဲ႔ တစ္ဖက္ ဆက္သြယ္လို႔ မရဘူး။ အဲဒါေၾကာင့္ အဲဖက္က ေနာက္ဆုံး အေျခအေနကို မသိရဘူးျဖစ္ေန တယ္။

ေမး – ထိုင္းဖက္ျခမ္းကို ထြက္ေျပးတိမ္းေရွာင္ေနရတယ္ဆိုေတာ့ ထိုင္းဖက္က သေဘာထားကေရာ ဘယ္လိုရွိ သလဲ။ ဘယ္လိုေတြ႕ရသလဲ။

ေနာ္ဝါးခူရွီး – သူတို႔ ထိုင္းဖက္ကို ထြက္ေျပးတဲ့အခါမွာ ဘာေတြ႕ရသလဲဆိုေတာ့ သူတို႔အတြက္ အခက္အခဲရွိ တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ထိုင္းက သူတို႔ကို ဒီဖက္ကို လာတာကို လက္ခံခ်င္တဲ့ပုံမေတြ႕ရဘူး။ ဒါေပမယ့္ လာ လို႔ရတယ္။ အခုသူတို႔ကို ေနပူတဲ့ေနရာ ေရမရွိတဲ့ေနရာကို ေျပာင္းေပးထားတယ္။ ေရမရွိတဲ့အတြက္ ကေလး ေတြေရာ ကိုယ္ဝန္ေဆာင္ေတြေရာ သက္ႀကီး႐ြယ္အိုေတြေရာ၊ နာမက်န္းတဲ့သူေတြေရာ စတဲ့ ထြက္ေျပးလာတဲ့ သူေတြအတြက္ အခက္အခဲျဖစ္ေစတယ္။ ေနဖို႔ေနရာမရွိဘူး အေဆာက္အအုံမရွိဘူး။ ကေလးေတြက ဗိုက္ဆာ တာေတြ ေရေသာက္ခ်င္တာေတြရွိေပမယ့္ ေရမေသာက္ရဘူး။ အဲဒီမွာ အကူအညီေပးမယ့္ အဖြဲ႕အစည္းေတြနဲ႔ သတင္းမီဒီယာေတြ သြားခ်င္ေပမယ့္ ထိုင္းစစ္တပ္က အခြင့္မေပးဘူး။ အဲဒါေၾကာင့္ အသက္ႀကီးတဲ့ သူေတြထဲ က တခ်ိဳ႕ကေတာ့ စားစရာေတြကို ဟိုဖက္ကမ္းမွာ သြားျပန္ယူရတာရွိတယ္။ စားစရာေတြ ေရေတြကို သူတို႔ရဲ႕ ႐ြာမွာ ျပန္ယူေနရတယ္။

ေမး – ထြက္ေျပးတိမ္းေရွာင္လာသူေတြအတြက္ စားဝတ္ေနေရးေရာ၊ ေနေရးထိုင္ေရးေရာ အစစအရာရာ အခက္ အခဲရွိေနတယ္ဆိုေတာ့ အကူအညီေပးႏိုင္ဖို႔အတြက္ ဘယ္လိုကူညီလုပ္ေဆာင္ေပး ဖို႔ရွိသလဲ။

ေနာ္ဝါးခူရွီး – အခုအခ်ိန္က က်မတို႔ အကူအညီေပးမယ့္အဖြဲ႕ေတြကို အကူအညီေတာင္းဖို႔ဆိုတာ အခက္အခဲ မဟုတ္ဘူး။ အခက္အခဲက သူတို႔ဆီသြားဖို႔ကို ထိုင္းစစ္တပ္ဖက္က ခြင့္မျပဳဘူး။ အကူအညီေပးဖို႔ သြားေရာက္ မယ့္ အဖြဲ႕အစည္းေတြက သူတို႔ဆီကို ေရာက္ေအာင္သြားဖို႔ဆိုတာ အခက္အခဲေတြရွိေနတယ္။ အစားအေသာက္ ေတြ သယ္သြားတာတို႔ လိုအပ္တာေတြ သြားပို႔ေပးဖို႔ ထိုင္းစစ္တပ္ဖက္ ခြင့္မျပဳတဲ့အတြက္ အခက္အခဲျဖစ္ေနတာ ဟုတ္တယ္ေပါ့ေနာ္။ အဲဒါက က်မတို႔ စဥ္းစားတာက အခုက NGO အဖြဲ႕အစည္း ေတြပဲျဖစ္ျဖစ္ UNHCR ပဲ ျဖစ္ ျဖစ္ ထိုင္းႏိုင္ငံက အကူအညီေပးတဲ့ အဖြဲ႕ေတြပဲျဖစ္ျဖစ္ ထြက္ေျပးလာတဲ့ သူေတြကို အကူအညီသြားေပးလို႔ရ ေအာင္ တြန္းေအားေပးဖို႔ ဘာျဖစ္လို႔လဲဆိုေတာ့ ထြက္ေျပးလာတဲ့သူေတြက မ်ားေသာအားျဖင့္ ကေလးေတြပဲ ျဖစ္တယ္ေပါ့ေနာ္။

ေမး – ထြက္ေျပးလာတဲ့သူေတြကို ထိုင္းဖက္က ဘယ္ေနရာမွာ ထားတာလဲ။

ေနာ္ဝါးခူရွီး – ထြက္ေျပးလာတဲ့သူေတြကို ထိုင္းဖက္ ကလိုပါလား အဲဒီဖက္မွာ ထားတယ္။ သူတို႔ေခၚတာ နာမည္ တစ္ခုရွိေသးတယ္။ မမွတ္မိေတာ့ဘူး။ ဒါေပမယ့္ အဲဒီေနရာကေတာ့ ေရမရွိတဲ့ေနရာ ေျခာက္ေသြ႕ပူျပင္းတဲ့ သံလြင္ျမစ္ကမ္းေဘးကေနရာျဖစ္တယ္။ အဲဒီေနရာက မဲေဟာင္ေဆာင္ခ႐ိုင္ဖက္မွာ ျဖစ္တယ္။ တပ္မဟာ ၅ ဧရိယာဖက္မွာျဖစ္တယ္။ သူက တပ္မဟာ ၅ နယ္စပ္နဲ႔ နီးတယ္ေပါ့ေနာ္။

ေမး – တပ္မဟာ ၅ ဧရိယာဖက္ကို အာဏာသိမ္းစစ္ေကာင္စီဖက္က ေလယာဥ္နဲ႔ လာေရာက္ပစ္ခတ္တဲ့ အတြက္ အဲမွာ ရွိေနတဲ့ ႐ြာသားေတြ ထိခိုက္ဒဏ္ရာရတာ လူအေသအေပ်ာက္ေတြရွိလား။ ဘယ္ေလာက္အထိရွိေနသလဲ။

ေနာ္ဝါးခူရွီး – သူတို႔က ဗုံးလာပစ္ခ်တယ္။ ေသနတ္ေတြလည္းပစ္တယ္။ အဲဒီမွာ လူသုံးေလးေလာက္ ေသ တယ္။ ထိခိုက္ဒဏ္ရာရတာက ၈ ေယာက္ေလာက္ရွိတယ္။ ႀကီးႀကီးမားမား ထိခိုက္ဒဏ္ရာရတဲ့သူေတြကို ေဆး ကုသဖို႔အတြက္ ထိုင္းဖက္ကို ပို႔ဖို႔လိုတယ္။ ဒါေပမယ့္ ထိုင္းဖက္ကိုပို႔ဖို႔က မလြယ္ဘူးျဖစ္ေနတယ္။ သူတို႔ေတြက ထိခိုက္ဒဏ္ရာရတာ ေတာ္ေတာ္ျပင္းျပင္းထန္ထန္ျဖစ္တယ္။ ေသတဲ့လူေတြကလည္း ေက်း႐ြာသားေတြ ျဖစ္ တယ္။ ကေလးေတြျဖစ္တယ္။ အိမ္မီးေလာင္တဲ့ အေရအတြက္ကို သူတို႔ တိတိက်က် ေျပာလို႔မရေသးဘူး။ ေဒ သအေျခအေနက မတည္မၿငိမ္ျဖစ္ေနဆဲျဖစ္တဲ့အတြက္ေၾကာင့္ရယ္ ေလယာဥ္ေတြကလည္း အခ်ိန္မေ႐ြး ဗုံး လာႀကဲႏိုင္တဲ့ အတြက္ အခ်က္အလက္ တိတိက်က် ရဖို႔ခက္ေနတယ္။ ေဒသခံေတြရဲ႕ ေျပာျပခ်က္အရ အေဆာက္အဦး ေတာ္ေတာ္မ်ားမ်ား မီးေလာင္သြားတယ္လို႔ေျပာတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အေဆာက္အဦး ေတြက ဝါးနဲ႔သစ္ေတြပဲ ျဖစ္လို႔ေလေနာ္။

ေမး – ထြက္ေျပးတိမ္းေရွာင္လာတဲ့ ႐ြာေတြက ဘယ္ႏွစ္႐ြာေလာက္ရွိသလဲ။

ေနာ္ဝါးခူရွီး – ေဒပိုႏို႐ြာ၊ မယ္ႏူထာ၊ သီးေကာ္ထာ၊ ၿပီးေတာ့ အီးသူးထာလည္းပါတယ္။ အဲဒါက သူတို႔ေတြက ထိုင္းဖက္ကို ထြက္ေျပးတိမ္းေရွာင္တာဟုတ္တယ္။ မယ္ႏူထာနဲ႔ အူးေဝကလိုး၊ အီးသူးထာ႐ြာေတြက သံလြင္ျမစ္ နဲ႔ နီးတဲ့အတြက္ သူတို႔က ထိုင္းဖက္ကို ထြက္ေျပးရတယ္။ ၿပီးေတာ့ ေဒပိုႏို႐ြားနဲ႔ နီးတဲ့႐ြာရွိတယ္။ တေကာတို ေဘာ၊ ေဒပိုႏို၊ ၿပီးေတာ့ သဒါးဒဲ၊ အဲဒီက ႐ြာသားေတြက ေတာထဲကို ထြက္ေျပးေနရတယ္။

ေမး – ဒီေန႔ေရာ တိုက္ပြဲျဖစ္ေသးလား။ အဲဖက္မွာ ဘယ္လိုၾကားထားေသးလဲ။

ေနာ္ဝါးခူရွီး – ဒီေန႔မွာလည္း သူတို႔လာပစ္တာေတြရွိတယ္။ မေန႔ညက သူတို႔ ၃ ေခါက္လာပစ္တာရွိတယ္။ အခု လည္း မနက္ကနဲ႔ ဒီေန႔ခင္းဖက္မွာလည္း သူတို႔လာပစ္မယ္ဆိုတဲ့ သတင္းေတြလည္း ၾကားေနရတယ္။ ခုနက ေလယာဥ္ ငါးစင္းထြက္လာတယ္လို႔ ၾကားတယ္။ ဘယ္ဖက္ကို လာမလဲဆိုတာကိုေတာ့ မသိရဘူး။ ဒ႐ုန္းေတြနဲ႔ လာၾကည့္တာေတြ ရွိတယ္လို႔ သိရတယ္။ အဲလိုလာၾကည့္တဲ့ေနာက္မွာေတာ့ ေနာက္ဆက္တြဲ ဘာေတြ ျဖစ္လာ မလဲ ဆိုတာကိုေတာ့ မသိရဘူး။ ဒါေၾကာင့္ အားလုံးက ေၾကာက္႐ြံ႕စိုးရိမ္မႈေတြနဲ႔ပဲ ေနေနရတာျဖစ္တယ္။