နှမဒါ ကျေးရွာအနီး AA စခန်းကို စစ်ကောင်စီ သိမ်းသည်ဟု သတင်းမှား ဖြန့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်။

ရက္ခိုင့်တပ်တော် AA ရဲ့ နှမဒါကျေးရွာအနီးက စခန်းတစ်ခုကို စစ်ကောင်စီတပ်က သိမ်းပိုက်ရရှိခဲ့တယ်ဆိုပြီး Ko Pauk ဆိုသူ Facebook အကောင့်ပိုင်ရှင်က စက်တင်ဘာလ ၂၅ ရက်နေ့က တင်ထားတာကို တွေ့ရပါတယ်။

Ko Pauk ဆိုသူက “AA ၏နမဒါစခန်း သိမ်းပိုက်ရရှိ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားပြီး အဲဒီအထဲမှာဆိုရင် “၂၄ ရက်နေ့ ညနေ ၄:၄၅ နာရီမှာ ပလက်ဝ နမဒါရွာအနီးက ကုလားတန်မြစ်နဲ့ ကျောက်တော်-ပလက်ဝကား လမ်း ကိုထိန်းချုပ်နေတဲ့ AA အင်အား ၁၀၀ ကျော်ထိုင်နေတဲ့ စခန်းကုန်းအား တပ်မတော်မှ သိမ်းပိုက်ရရှိ” ဆိုပြီး (မူရင်းအရေးအသားအတိုင်း) ရေးသားထားတာကို တွေ့ရပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ စက်တင်ဘာလ ၂၄ ရက်နေ့က နှမဒါရွာနားက စစ်စခန်းကုန်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ မှန် ပေမယ့် စစ်ကောင်စီတပ်က AA စခန်းကို သိမ်းပိုက်နိုင်ခဲ့တာမျိုး မရှိခဲ့လို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် AA စခန်းကို စစ်ကောင်စီတပ်က သိမ်းပိုက်လိုက်တယ်လို့ Ko Pauk ဆိုသူက ရေးထားပေမယ့်လည်း စစ်တပ်က AA စခန်းကို လာရောက်တိုက်ခိုက်တာ မဟုတ်ပဲ AA ကသာ စစ်ကောင်စီရဲ့ တပ်စခန်းကို သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောထားလို့ပဲ ဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ပြောဆို ဖြေကြားမှုတွေကို ကိုးကားပြီး ရခိုင်ပြည်နယ် အခြေစိုက် သတင်းဌာနဖြစ်တဲ့ Narinjara သတင်းဌာနက ရေးသားထားတဲ့ သတင်းထဲမှာ ဆိုရင်လည်း စစ်ကောင်စီတပ်က ULA/AA ရဲ့ စခန်းကုန်းကို သိမ်း ပိုက်လိုက်တယ်ဆိုတဲ့ ပြောဆိုရေးသားမှုမျိုးကို မတွေ့ရပဲ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှန်ကန်တယ်ဆိုမျိုးကိုပဲ ရေးသားထားတာကို တွေ့ရပါတယ်။

ရခိုင် အခြေစိုက် သတင်းဌာနဖြစ်တဲ့ Narinjara သတင်းဌာနက ရေးသားထားတဲ့ သတင်းကို ဒီ Link https://bit.ly/3DY77DN ဝင်ကြည့်လို့ရပါတယ်။

စစ်ကောင်စီတပ်က တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ စခန်းကုန်းတွေနဲ့ PDF တွေရဲ့ စခန်း တွေကို သိမ်းပိုက်တာမျိုးရှိရင် သူတို့ရဲ့ လက်အောက်ခံ ကြေးမုံနဲ့ မြန်မာ့အလင်းမှာ သတင်းထုတ်ပြန်တာ မျိုးတွေ ကို လုပ်ဆောင်လေ့ရှိပေမယ့် စက်တင်ဘာလ ၂၄ ရက်နေ့က တိုက်ပွဲဖြစ်စဉ်ကိုတော့ တစ်စုံတစ်ရာ ထုတ်ပြန်ထား တာကို မတွေ့ရပါဘူး။

ဒါ့အပြင် တပ်မတော်ကာကွယ်ရေး ဦးစီးဌာန Website နဲ့ စစ်တပ်ပိုင် မြဝတီ သတင်း Website တွေမှာလည်း စက်တင်ဘာလ ၂၄ ရက်နေ့ တိုက်ပွဲ သတင်းနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ထားတာကို မတွေ့ရပါဘူး။

တပ်မတော်ကာကွယ်ရေး ဦးစီးဌာန Website https://bit.ly/3SEfoAH နဲ့ စစ်တပ်ပိုင် မြဝတီ သတင်း Website https://bit.ly/3dKdDTQ တွေမှာ ဝင်ကြည့်ရင် သိနိုင်ပါတယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်စစ်ကြည့်လိုက်တဲ့အခါမှာ Ko Pauk ဆိုသူ Facebook အကောင့်ပိုင်ရှင် က မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေမှန်ကို တင်ထားတာ မဟုတ်ပဲ မြေပြင် အခြေအနေနဲ့ သွေဖယ်ပြီး လိမ် ညာ ဝါဒဖြန့်ရေးသားထားတဲ့ သတင်းအမှား ဖြစ်တယ်ဆိုတာ ကို တွေ့ရပါတယ်။

Ko Pauk ရဲ့ သတင်းပို့စ်ကို စစ်ကောင်စီထောက်ခံသူ တော်တော်များများက ကော်ပီကူးပြီး ထပ်ဆင့်ပြန်လည် ဖြန့် ဝေနေသူတွေ တော်တော်များများရှိနေတာကိုလည်း တွေ့ရပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေဟာ အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင် တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက် ပွဲသတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေအပြင် လူမျိုးတစ်မျိုးနဲ့တစ်မျိုး အဖွဲ့အစည်း တစ် ခုနဲ့တစ်ခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေ တာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။