ငြိမ်းချမ်းရေး ဗဟိုဌာနနှင့် RCSS တို့ မကျေလည်မှုများ ပြေလည်မှုရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်။
အစိုးရ၏ ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA တို့အကြား ဖြစ်ပေါ်နေခဲ့သည့် မပြေလည်မှုများ ညှိုနှိုင်းကာ ပြေလည်မှု ရခဲ့ပြီဟု ဆွေးနွေးဘက်များက ပြောသည်။
NCA လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့် အခမ်းအနား တက်ရောက်ရန်လာသော RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၏ ခရီးစဉ်ကို တပ်မတော်မှ တားမြစ်ရာမှ နှစ်ဘက် မပြေလည်မှုများ ဖြစ်ပေါ် နေခဲ့ခြင်း ဖြစ်သည်။
နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ် သဘော တွေ့ဆုံ ဆွေး နွေးမှုအပြီးတွင် သတင်းထောက်များအား အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC မှ ဦးဇော်ဌေး က ယခုကဲ့သို့ ပြောသည်။
“အားလုံးစိုးရိမ်နေသလိုမျိုး ကျနော်တို့နဲ့ အစိုးရနဲ့ RCSS ကြားမှာ အကြောင်းကြောင်းကြောင့် RCSS ဥက္ကဋ္ဌ ကြီး ခရီးစဉ်အဆင်မပြေဖြစ်ခဲ့သော်ငြားလည်းအခု ၂ ဖက်လုံးက ပွင့်ပွင့်လင်းလင်းဆွေးနွေးတယ်။ အရှိကိုအရှိ အတိုင်းဘဲ ပြောကြဆိုကြတဲ့အပေါ် နားလည်မှုလည်းပိုပြီးတော့ မြှင့်တက်လာတယ် လို့တော့ မြင်တယ်။ နောင် မှာ ဒီဟာလိုမျိုးမဖြစ်အောင် ၂ ဦး ၂ ဖက်လုပ်ဆောင်သွားမယ့်အပေါ်မှာလည်း ကျနော်တို့သဘောထားတွေ ရပ် တည်ချက်တွေတူပါတယ်။ တူတော့ လုံးဝကိုအပြုသဘောဆောင်တဲ့ခရီးစဉ်ဖြစ်တယ်”
ယနေ့ကျင်းပသည့် အစည်းအဝေးတွင် JICM နှင့် PPST အစည်းအဝေးများ ပြန်လည် ကျင်းပနိုင်ရန်ကိစ္စရပ်များ၊ ဗိုလ်ချုပ်ကြီး ယွက်စစ်၏ နေပြည်တော် ခရီးစဉ်ပျက်ပြယ်ခဲ့သည့် ကိစ္စရပ်များ၊ ယုံကြည်မှု တည်ဆောက်မှု ဆိုင်ရာ ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့် နိုင်ငံတကာတွင် အစိုးရ၏ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု RCSS က ပြောသည်။
RCSS/SSA အနေဖြင့် NCA လမ်းကြောင်းအတိုင်းသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက် အကောင် အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်းက ယခုကဲ့သို့ ပြောသည်။
“ဒီကြားထဲမှာလည်း PPST ၁၀ ဖွဲ့အရင်ခေါ်မှာကိုး ။ အခု PPST က အကြမ်းဖျဉ်းက ဒီဇင်ဘာလ ပထမ ပတ် လောက်မှာရှိတယ်။ အဲဒါပြီးရင်တော့ခုနကပြောတဲ့ JICM အစီအစဉ်လည်းဆက်တိုက်လာဖို့ရှိ တယ်။ ဒါမယ့်ဘာ ဘဲပြောပြော PPST ရဲ့အဆုံးအဖြတ်ကအတည်ပေါ့နော်။ အဲ့ပေါ်မှာကျနော်တို့ ညှိနှိုင်းမယ် ဆွေးနွေး မယ်။”
ထု့ိနောက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ကို ပြန်လည်စတင်ပြီး တစ်ဆို့နေမှုများကို အကြေအလည်ပြန်လည်ဆွေးနွေးကာ၊ နှစ်ဖက်အဆိုပြုချက်များကို ပြန်လည် ညှိနှိုင်းမှုတွေ လုပ်ဆောင်သွားမည်ဟု ဆက်ပြောသည်။
ဗိုလ်မှူးကြီး စိုင်းငင်းက “ကျနော်တို့ဘက်က ပြင်ဆင် ထားတဲ့ အဆိုပြု ချက်ရှိ တယ်။ တစ်ဆို့ မှုကျော် လွှားရေးဆိုတဲ့ကိစ္စ အဲတာကိုအကြေအလည်ညှိမယ်။ အဲတာတွေအဆင်ပြေပြီဆိုတာနဲ့ ကျနော်တို့တရားဝင် အစည်းအဝေး။ အဲဒီကနေတဆင့် ၂၁ ပင်လုံ လာမယ့် ၂၀၂၀ နှစ်ဦးလောက်မှာ ကျင်းပနိုင်ရေး ကျနော်တို့ ဝိုင်းဝန်း လုပ်သွားမယ့် အနေအထားရှိပါတယ်” ဟုပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် NCA လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့် အခမ်းအနားကို RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် တက်ရောက်ရန် ကနဦး သဘောတူညီမှု ရရှိထားသော်လည်း ခရီးစဉ်ကို တပ်မတော်မှ ဟန့်တားခဲ့သည့်အတွက် အဆိုပါ ခရီးစဉ်ကို RCSS/SSA ဖက်မှ ဖျက်သိမ်း ခဲ့သည်။
၎င်းနောက် နေပြည်တော်တွင် ကျင်းပရန် စီစဉ်ထားသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီ ချက် ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းရေးအစည်းအဝေး JICM နှင့် အပစ်ရပ်အဖွဲ့များ၏ ငြိမ်း ချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးမှာလည်း ပျက်ပြယ်သွားခဲ့သည်။
ယနေ့ကျင်းပပြုလုပ်သည့် အလွတ်သဘော အစည်းအဝေးသို့ NRPC မှ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင် ၍ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယ ဗိုလ် ချုပ်ကြီး ရာပြည့်၊ ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦး၊ ဦးဇော်ဌေး၊ ဦး ကျော်လင်းဦး တို့ တက်ရောက်ခဲ့ကြပြီး RCSS/SSA ဖက်မှ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ပေါင်ခေး၊ ဗိုလ်မှူးကြီးစိုင်းငင်း၊ စိုင်းလျဲန်း၊ စိုင်းဟန်၊ စိုင်းနွံမိဏ်း တို့ တက်ရောက်ခဲ့ကြသည်ဟုသိရသည်။
NRPC အနေဖြင့် နိုဝင်ဘာလ ၂၀ နှင့် ၂၁ ရက်နေ့တွင် အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံး KUN နှင့် တွေ့ဆုံဆွေးနွေးမည်ဟု သိရသည်။
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်း အရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမို ရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။
Zawgyi…
ၿငိမ္းခ်မ္းေရး ဗဟိုဌာနႏွင့္ RCSS တို႔ မေက်လည္မႈမ်ား ေျပလည္မႈရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ ၂၀ ရက္။
အစိုးရ၏ ၿငိမ္းခ်မ္းေရး ဗဟိုဌာန (NRPC) ႏွင့္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS/SSA တို႔အၾကား ျဖစ္ေပၚေနခဲ့သည့္ မေျပလည္မႈမ်ား ညိႈႏိႈင္းကာ ေျပလည္မႈ ရခဲ့ၿပီဟု ေဆြးေႏြးဘက္မ်ားက ေျပာသည္။
NCA လက္မွတ္ေရးထိုးျခင္း ၄ ႏွစ္ျပည့္ အခမ္းအနား တက္ေရာက္ရန္လာေသာ RCSS ဥကၠဌ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္၏ ခရီးစဥ္ကို တပ္မေတာ္မွ တားျမစ္ရာမွ ႏွစ္ဘက္ မေျပလည္မႈမ်ား ျဖစ္ေပၚ ေနခဲ့ျခင္း ျဖစ္သည္။
ႏို၀င္ဘာလ ၁၉ ရက္ေန႔တြင္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS/SSA ႏွင့္ အမ်ိဳးသား ျပန္လည္ သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာန NRPC တို႔ ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕တြင္ အလြတ္ သေဘာ ေတြ႕ဆံု ေဆြး ေႏြးမႈအၿပီးတြင္ သတင္းေထာက္မ်ားအား အမ်ိဳးသား ျပန္လည္ သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာန NRPC မွ ဦးေဇာ္ေဌး က ယခုကဲ့သို႔ ေျပာသည္။
“အားလုံးစိုးရိမ္ေနသလိုမ်ိဳး က်ေနာ္တို႔နဲ႔ အစိုးရနဲ႔ RCSS ၾကားမွာ အေၾကာင္းေၾကာင္းေၾကာင့္ RCSS ဥကၠ႒ ႀကီး ခရီးစဥ္အဆင္မေျပျဖစ္ခဲ့ေသာ္ျငားလည္းအခု ၂ ဖက္လုံးက ပြင့္ပြင့္လင္းလင္းေဆြးေႏြးတယ္။ အရွိကိုအရွိ အတိုင္းဘဲ ေျပာၾကဆိုၾကတဲ့အေပၚ နားလည္မႈလည္းပိုၿပီးေတာ့ ျမႇင့္တက္လာတယ္ လို႔ေတာ့ ျမင္တယ္။ ေနာင္ မွာ ဒီဟာလိုမ်ိဳးမျဖစ္ေအာင္ ၂ ဦး ၂ ဖက္လုပ္ေဆာင္သြားမယ့္အေပၚမွာလည္း က်ေနာ္တို႔သေဘာထားေတြ ရပ္ တည္ခ်က္ေတြတူပါတယ္။ တူေတာ့ လုံးဝကိုအျပဳသေဘာေဆာင္တဲ့ခရီးစဥ္ျဖစ္တယ္”
ယေန႔က်င္းပသည့္ အစည္းအေ၀းတြင္ JICM ႏွင့္ PPST အစည္းအေ၀းမ်ား ျပန္လည္ က်င္းပႏိုင္ရန္ကိစၥရပ္မ်ား၊ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္၏ ေနျပည္ေတာ္ ခရီးစဥ္ပ်က္ျပယ္ခဲ့သည့္ ကိစၥရပ္မ်ား၊ ယံုၾကည္မႈ တည္ေဆာက္မႈ ဆိုင္ရာ ကိစၥရပ္မ်ား၊ ေဒသဖြံ႔ၿဖိဳးေရးကိစၥရပ္မ်ားႏွင့္ ႏိုင္ငံတကာတြင္ အစိုးရ၏ ရင္ဆိုင္ႀကံဳေတြ႕ေနရသည့္ အေျခအေနမ်ားကို ေဆြးေႏြးခဲ့ၾကသည္ဟု RCSS က ေျပာသည္။
RCSS/SSA အေနျဖင့္ NCA လမ္းေၾကာင္းအတိုင္းသာ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားကို ဆက္လက္ အေကာင္ အထည္ေဖာ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ဗိုလ္မွဴးႀကီး စိုင္းငင္းက ယခုကဲ့သို႔ ေျပာသည္။
“ဒီၾကားထဲမွာလည္း PPST ၁၀ ဖြဲ႕အရင္ေခၚမွာကိုး ။ အခု PPST က အၾကမ္းဖ်ဥ္းက ဒီဇင္ဘာလ ပထမ ပတ္ ေလာက္မွာရွိတယ္။ အဲဒါၿပီးရင္ေတာ့ခုနကေျပာတဲ့ JICM အစီအစဥ္လည္းဆက္တိုက္လာဖို႔ရွိ တယ္။ ဒါမယ့္ဘာ ဘဲေျပာေျပာ PPST ရဲ႕အဆုံးအျဖတ္ကအတည္ေပါ့ေနာ္။ အဲ့ေပၚမွာက်ေနာ္တို႔ ညႇိႏႈိင္းမယ္ ေဆြးေႏြး မယ္။”
ထု႔ိေနာက္ တႏိုင္ငံလံုးပစ္ခတ္တုိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ အေကာင္အထည္ေဖာ္မႈဆို္င္ရာ ညွိႏိႈင္းအစည္းအေဝး JICM ကို ျပန္လည္စတင္ၿပီး တစ္ဆို႔ေနမႈမ်ားကို အေၾကအလည္ျပန္လည္ေဆြးေႏြးကာ၊ ႏွစ္ဖက္အဆုိျပဳခ်က္မ်ားကို ျပန္လည္ ညိွႏိႈ္င္းမႈေတြ လုပ္ေဆာင္သြားမည္ဟု ဆက္ေျပာသည္။
ဗိုလ္မွဴးႀကီး စိုင္းငင္းက “က်ေနာ္တို႔ဘက္က ျပင္ဆင္ ထားတဲ့ အဆိုျပဳ ခ်က္ရွိ တယ္။ တစ္ဆို႔ မႈေက်ာ္ လႊားေရးဆိုတဲ့ကိစၥ အဲတာကိုအေၾကအလည္ညႇိမယ္။ အဲတာေတြအဆင္ေျပၿပီဆိုတာနဲ႔ က်ေနာ္တို႔တရားဝင္ အစည္းအေဝး။ အဲဒီကေနတဆင့္ ၂၁ ပင္လုံ လာမယ့္ ၂၀၂၀ ႏွစ္ဦးေလာက္မွာ က်င္းပႏိုင္ေရး က်ေနာ္တို႔ ဝိုင္းဝန္း လုပ္သြားမယ့္ အေနအထားရွိပါတယ္” ဟုေျပာသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၂၈ ရက္ေန႔က ေနျပည္ေတာ္တြင္ က်င္းပခဲ့သည့္ NCA လက္မွတ္ေရးထိုးျခင္း ၄ ႏွစ္ျပည့္ အခမ္းအနားကို RCSS/SSA ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္ဆစ္ တက္ေရာက္ရန္ ကနဦး သေဘာတူညီမႈ ရရွိထားေသာ္လည္း ခရီးစဥ္ကို တပ္မေတာ္မွ ဟန္႔တားခဲ့သည့္အတြက္ အဆိုပါ ခရီးစဥ္ကို RCSS/SSA ဖက္မွ ဖ်က္သိမ္း ခဲ့သည္။
၎ေနာက္ ေနျပည္ေတာ္တြင္ က်င္းပရန္ စီစဥ္ထားသည့္ တစ္နုိင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူညီ ခ်က္ ပူးတြဲအေကာင္အထည္ေဖာ္ေရးဆုိင္ရာ ညိွႏိႈင္းေရးအစည္းအေဝး JICM ႏွင့္ အပစ္ရပ္အဖြဲ႔မ်ား၏ ၿငိမ္း ခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔ PPST အစည္းအေ၀းမွာလည္း ပ်က္ျပယ္သြားခဲ့သည္။
ယေန႔က်င္းပျပဳလုပ္သည့္ အလြတ္သေဘာ အစည္းအေ၀းသို႔ NRPC မွ ဥကၠ႒ ေဒါက္တာ တင္မ်ိဳးဝင္း ဦးေဆာင္ ၍ အၿငိမ္းစား ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ခင္ေဇာ္ဦး၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး မင္းေနာင္၊ ဒုတိယ ဗိုလ္ ခ်ဳပ္ႀကီး ရာျပည့္၊ ဦးလွေမာင္ေ႐ႊ၊ ဦးမိုးေဇာ္ဦး၊ ဦးေဇာ္ေဌး၊ ဦး ေက်ာ္လင္းဦး တို႔ တက္ေရာက္ခဲ့ၾကၿပီး RCSS/SSA ဖက္မွ ၿငိမ္းခ်မ္းေရး ေဆြးေႏြးေရး အဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ ေပါင္ေခး၊ ဗိုလ္မႉးႀကီးစိုင္းငင္း၊ စိုင္းလ်ဲန္း၊ စိုင္းဟန္၊ စိုင္းႏြံမိဏ္း တို႔ တက္ေရာက္ခဲ့ၾကသည္ဟုသိရသည္။
NRPC အေနျဖင့္ ႏို၀င္ဘာလ ၂၀ ႏွင့္ ၂၁ ရက္ေန႔တြင္ အပစ္ရပ္ထားသည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔အစည္း ၁၀ ဖြဲ႔မွ ကိုယ္စားလွယ္မ်ားႏွင့္ ေတြ႕ဆံုေဆြးေႏြးသြားမည္ျဖစ္ၿပီး ႏို၀င္ဘာလ ၂၂ ရက္ေန႔တြင္ ကရင္အမ်ိဳးသား အစည္းအရံုး KUN ႏွင့္ ေတြ႕ဆံုေဆြးေႏြးမည္ဟု သိရသည္။
NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားမွာ ကရင္အမ်ိဳးသား အစည္း အ႐ုံး KNU ၊ ခ်င္းအမ်ိဳးသားတပ္ဦး CNF ၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္ တစ္တပ္ဦး ABSDF ၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNLA/PC ၊ ပအို႔ဝ္အမ်ိဳးသား လြတ္ေျမာက္ေရးအဖြဲ႕ခ်ဴပ္ PNLO၊ ရခိုင္ ျပည္လြတ္ေျမာက္ေရးပါတီ ALP ၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS ၊ ကရင္အမ်ိဳးသား ဒီမို ေရစီအက်ိဳးျပဳတပ္မေတာ္ DKBA ၊ မြန္ျပည္သစ္ပါတီ NMSP ႏွင့္ လားဟူဒီမိုကရက္တစ္အစည္းအ႐ုံး LDU တို႔ ျဖစ္သည္။