NCA အကောင်အထည်ဖော်ရေး ပူးတွဲ အစည်းအဝေး (JICM) ပြန်စရန် သဘောတူ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်။
အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့မှ ကိုယ်စားလှယ်တို့ NCA ပူးတွဲအကောင်အထည် ဖော်ရေးဆိုင်ရာ ညှိနှိုင်းရေးအစည်းအဝေး JICM ကို ပြန်လည် စတင်ရန် သဘောတူခဲ့ကြသည်။
အစိုးရငြိမ်းချမ်းရေး ကော်မရှင် PC မှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက “ဒီနေ့ကတော့ ၁၀ ဖွဲ့နဲ့ ရပ်တန့်သွားတဲ့ JICM အစည်းအဝေး ပေါ့ နော်။ ရပ်ဆိုင်းသွားတယ် မကျင်းပနိုင်ခဲ့ဘူး။ ဒါကို အမြန်ဆုံးကျင်းပနိုင်ဖို့အတွက် ကျနော်တို့ နှစ်ဦး နှစ်ဖက်ကြားမှာ ကျော်လွှားရမယ့် အခြေအနေတွေ ကျနော်တို့ ဖက်က အဆိုပြုသလို EAOs ဖက်ကလည်း သဘောတူမှုမျှ ပါတယ်။ တူတယ်” ဟု နိုဝင်ဘာ ၂၀ ရက်နေ့က ပြောသည်။
နိုဝင်ဘာလ ၂၀ ရက်တွင် NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC မှ ကိုယ်စားလှယ်တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုအတွင်း ရပ်တန့်နေသည့် JICM အစည်းအဝေးကို ပြန်လည်စတင်ရန်၊ ၂၁ ရာစုပင် လုံညီလာခံကို မတ်လအတွင်း ကျင်းပရန် အစရှိသည့် အချက်များကို အကြမ်းဖျင်း သဘောတူခဲ့ကြသော်လည်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးတွင် ပြန်လည်အတည်ပြုချက် ရယူမည်ဟု နှစ်ဖက်ခေါင်းဆောင်များက ပြောသည်။
အပစ်ရပ် ၁၀ ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက “ရှေ့ဆက် JICM ဆွေးနွေးပွဲဖြစ်ဖို့ ကျနော်တို့ အခု နှစ်ဖက်က အလုပ်အဖွဲ့က သဘောတူကြတယ်။ ဒါကို ကျနော်တို့က ဆုံးဖြတ်ချက်ချလို့မရဘူး။ PPST မှာ ကျနော်တို့တင်မယ်” ဟု ပြောသည်။
PPST အစည်းအဝေးကိုလည်း လာမည့် ဒီဇင်ဘာလ ၂ ရက်နေ့ မှ ၃ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်ဟု နိုင်အောင်မငေးက ဆက်ပြောသည်။
“PPST ကတော့ လာမယ့် ဒီဇင်ဘာ ၂၊ ၃၊ ၄ မှာထိုင်မယ်။ အဲဒီမှာဆို အသေးစိတ် လုပ်ငန်းစဉ်ကို ကျနော်တို့ JICM ကနေပြီးတော့ ဆုံးဖြတ်ချက် ချထားတာရှိတယ်။ အဲဒါကို ကျနော်တို့က တင်မယ် တင်ပြီးတော့ အသေး စိတ်ဘာလုပ်မလဲ နောက်တော့ အစိုးရက တင်ပြထားတဲ့ JICM အစည်းအဝေးကို ဒီဇင်ဘာလ ၁၈၊ ၁၉ မှာ လုပ် ဖို့တော့ ဒါကျနော်တို့ တင်ပြမှာပေါ့။”
ယနေ့အစည်းအဝေးတွင် JICM အစည်းအဝေး ပြန်လည်ကျင်းပနိုင်ရေး အပါအဝင် ၂၁ ရာစု ပင်လုံညီလာခံ ကို မတ်လအတွင်း ကျရောက်သည့် တပ်မတော်နေ့ နောက်ပိုင်း ကျင်းပရေးနိုင်ရေးကိစ္စရပ်များ၊ ဗိုလ်ချုပ်ကြီး ယွက် စစ်၏ နေပြည်တော် ခရီးစဉ် ပျက်ပြယ်ခဲ့သည့် ကိစ္စရပ်များနှင့် နိုင်ငံတကာတွင် အစိုးရ၏ ရင်ဆိုင်ကြုံ တွေ့နေရ သည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည် ဟု သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် NCA လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့် အခမ်းအနားကို RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် တက်ရောက်ရန် ကနဦး သဘောတူညီမှု ရရှိထားသော်လည်း တပ်မတော်မှ ဟန့်တားခဲ့သည့်အတွက် အဆိုပါ ခရီးစဉ်ကို RCSS/SSA ဖက်မှ ဖျက်သိမ်း ခဲ့သည်။
၎င်းနောက် နေပြည်တော်တွင် ကျင်းပရန် စီစဉ်ထားသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူညီချက် NCA ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းရေးအစည်းအဝေး JICM နှင့် အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးများလည်း ပျက်ပြယ်သွားခဲ့သည်။
ယနေ့ အစည်းအဝေးသို့ ငြိမ်းချမ်းရေးကော်မရှင် PC မှ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ဦးဆောင်ပြီး ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ နှင့် ဦးမိုးဇော်ဦး တို့ တက်ရောက်ခဲ့ပြီး NCA အပစ်ရပ် ၁၀ ဖွဲ့မှ ဗိုလ်မှူးကြီး စိုင်းငင်း ဦးဆောင်ပြီး ဦးမျိုးဝင်း၊ စောမြရာဇာလင်း၊ ခွန်မြင့်ထွန်း၊ ဗိုလ်မှူးကြီး စောစိန်ဝင်း၊ ဗိုလ်မှူးကြီး စောကျော်ညွန့်၊ ဗိုလ်မှူးကြီး ဆော်လမွန်၊ ဆလိုင်း ထလာဟေး၊ နိုင်အောင်မငေး၊ စောဂျော်နီ တို့ တက်ရောက်ခဲ့ကြသည်။
အစိုးရငြိမ်းချမ်းရေး ကော်မရှင် PC အနေဖြင့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ကရင် အမျိုးသား အစည်းအရုံး KUN နှင့် တွေ့ဆုံဆွေးနွေးမည်ဟု သိရသည်။
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်း အရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမို ရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။
Zawgyi…
NCA အေကာင္အထည္ေဖာ္ေရး ပူးတြဲ အစည္းအေ၀း (JICM) ျပန္စရန္ သေဘာတူ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ ၂၁ ရက္။
အစိုးရၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္မ်ားႏွင့္ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူညီခ်က္ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသား လက္နက္ကိုင္ ၁၀ ဖြဲ႔မွ ကိုယ္စားလွယ္တို႔ NCA ပူးတြဲအေကာင္အထည္ ေဖာ္ေရးဆုိင္ရာ ညိွႏိႈင္းေရးအစည္းအေဝး JICM ကို ျပန္လည္ စတင္ရန္ သေဘာတူခဲ့ၾကသည္။
အစိုးရၿငိမ္းခ်မ္းေရး ေကာ္မရွင္ PC မွ ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက “ဒီေန႔ကေတာ့ ၁၀ ဖြဲ႔နဲ႔ ရပ္တန္႔သြားတဲ့ JICM အစည္းအေ၀း ေပါ့ ေနာ္။ ရပ္ဆိုင္းသြားတယ္ မက်င္းပႏိုင္ခဲ့ဘူး။ ဒါကို အျမန္ဆံုးက်င္းပႏိုင္ဖို႔အတြက္ က်ေနာ္တို႔ ႏွစ္ဦး ႏွစ္ဖက္ၾကားမွာ ေက်ာ္လႊားရမယ့္ အေျခအေနေတြ က်ေနာ္တို႔ ဖက္က အဆိုျပဳသလို EAOs ဖက္ကလည္း သေဘာတူမႈမွ် ပါတယ္။ တူတယ္” ဟု ႏို၀င္ဘာ ၂၀ ရက္ေန႔က ေျပာသည္။
ႏို၀င္ဘာလ ၂၀ ရက္တြင္ NCA အပစ္ရပ္ လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔အစည္း ၁၀ ဖြဲ႔မွ ကိုယ္စားလွယ္မ်ားႏွင့္ အစိုးရ ၿငိမ္းခ်မ္းေရး ေကာ္မရွင္ PC မွ ကိုယ္စားလွယ္တို႔ ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕တြင္ ေတြ႔ဆံုေဆြးေႏြးခဲ့ၾကသည္။
အဆိုပါ ေတြ႕ဆံုေဆြးေႏြးမႈအတြင္း ရပ္တန္႔ေနသည့္ JICM အစည္းအေ၀းကို ျပန္လည္စတင္ရန္၊ ၂၁ ရာစုပင္ လံုညီလာခံကို မတ္လအတြင္း က်င္းပရန္ အစရွိသည့္ အခ်က္မ်ားကို အၾကမ္းဖ်င္း သေဘာတူခဲ့ၾကေသာ္လည္း NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသား လက္နက္ကိုင္ေတာ္လွန္ေရး အဖြဲ႔မ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔ PPST အစည္းအေ၀းတြင္ ျပန္လည္အတည္ျပဳခ်က္ ရယူမည္ဟု ႏွစ္ဖက္ေခါင္းေဆာင္မ်ားက ေျပာသည္။
အပစ္ရပ္ ၁၀ ဖြဲ႔မွ ေျပာေရးဆိုခြင့္ရွိသူ ႏိုင္ေအာင္မေငးက “ေရွ႕ဆက္ JICM ေဆြးေႏြးပြဲျဖစ္ဖို႔ က်ေနာ္တို႔ အခု ႏွစ္ဖက္က အလုပ္အဖြဲ႔က သေဘာတူၾကတယ္။ ဒါကို က်ေနာ္တို႔က ဆံုးျဖတ္ခ်က္ခ်လို႔မရဘူး။ PPST မွာ က်ေနာ္တို႔တင္မယ္” ဟု ေျပာသည္။
PPST အစည္းအေ၀းကိုလည္း လာမည့္ ဒီဇင္ဘာလ ၂ ရက္ေန႔ မွ ၃ ရက္ေန႔အထိ ၃ ရက္ၾကာ က်င္းပျပဳလုပ္ သြားမည္ျဖစ္သည္ဟု ႏိုင္ေအာင္မေငးက ဆက္ေျပာသည္။
“PPST ကေတာ့ လာမယ့္ ဒီဇင္ဘာ ၂၊ ၃၊ ၄ မွာထိုင္မယ္။ အဲဒီမွာဆို အေသးစိတ္ လုပ္ငန္းစဥ္ကို က်ေနာ္တို႔ JICM ကေနၿပီးေတာ့ ဆံုးျဖတ္ခ်က္ ခ်ထားတာရွိတယ္။ အဲဒါကို က်ေနာ္တို႔က တင္မယ္ တင္ၿပီးေတာ့ အေသး စိတ္ဘာလုပ္မလဲ ေနာက္ေတာ့ အစိုးရက တင္ျပထားတဲ့ JICM အစည္းအေ၀းကို ဒီဇင္ဘာလ ၁၈၊ ၁၉ မွာ လုပ္ ဖို႔ေတာ့ ဒါက်ေနာ္တို႔ တင္ျပမွာေပါ့။”
ယေန႔အစည္းအေ၀းတြင္ JICM အစည္းအေ၀း ျပန္လည္က်င္းပႏိုင္ေရး အပါအ၀င္ ၂၁ ရာစု ပင္လံုညီလာခံ ကို မတ္လအတြင္း က်ေရာက္သည့္ တပ္မေတာ္ေန႔ ေနာက္ပိုင္း က်င္းပေရးႏိုင္ေရးကိစၥရပ္မ်ား၊ ဗိုလ္ခ်ဳပ္ႀကီး ယြက္ စစ္၏ ေနျပည္ေတာ္ ခရီးစဥ္ ပ်က္ျပယ္ခဲ့သည့္ ကိစၥရပ္မ်ားႏွင့္ ႏိုင္ငံတကာတြင္ အစိုးရ၏ ရင္ဆိုင္ႀကံဳ ေတြ႕ေနရ သည့္ အေျခအေနမ်ားကို ေဆြးေႏြးခဲ့ၾကသည္ ဟု သိရသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၂၈ ရက္ေန႔က ေနျပည္ေတာ္တြင္ က်င္းပခဲ့သည့္ NCA လက္မွတ္ေရးထိုးျခင္း ၄ ႏွစ္ျပည့္ အခမ္းအနားကို RCSS/SSA ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္ဆစ္ တက္ေရာက္ရန္ ကနဦး သေဘာတူညီမႈ ရရွိထားေသာ္လည္း တပ္မေတာ္မွ ဟန္႔တားခဲ့သည့္အတြက္ အဆိုပါ ခရီးစဥ္ကို RCSS/SSA ဖက္မွ ဖ်က္သိမ္း ခဲ့သည္။
၎ေနာက္ ေနျပည္ေတာ္တြင္ က်င္းပရန္ စီစဥ္ထားသည့္ တစ္နုိင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာ တူညီခ်က္ NCA ပူးတြဲအေကာင္အထည္ေဖာ္ေရးဆုိင္ရာ ညိွႏိႈင္းေရးအစည္းအေဝး JICM ႏွင့္ အပစ္ရပ္အဖြဲ႔မ်ား၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔ PPST အစည္းအေ၀းမ်ားလည္း ပ်က္ျပယ္သြားခဲ့သည္။
ယေန႔ အစည္းအေဝးသို႔ ၿငိမ္းခ်မ္းေရးေကာ္မရွင္ PC မွ အၿငိမ္းစား ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ခင္ေဇာ္ဦး ဦးေဆာင္ၿပီး ဦးေဇာ္ေဌး၊ ဦးလွေမာင္ေ႐ႊ ႏွင့္ ဦးမိုးေဇာ္ဦး တို႔ တက္ေရာက္ခဲ့ၿပီး NCA အပစ္ရပ္ ၁၀ ဖြဲ႕မွ ဗိုလ္မႉးႀကီး စိုင္းငင္း ဦးေဆာင္ၿပီး ဦးမ်ိဳးဝင္း၊ ေစာျမရာဇာလင္း၊ ခြန္ျမင့္ထြန္း၊ ဗိုလ္မႉးႀကီး ေစာစိန္ဝင္း၊ ဗိုလ္မႉးႀကီး ေစာေက်ာ္ၫြန႔္၊ ဗိုလ္မႉးႀကီး ေဆာ္လမြန္၊ ဆလိုင္း ထလာေဟး၊ ႏိုင္ေအာင္မေငး၊ ေစာေဂ်ာ္နီ တို႔ တက္ေရာက္ခဲ့ၾကသည္။
အစိုးရၿငိမ္းခ်မ္းေရး ေကာ္မရွင္ PC အေနျဖင့္ ႏို၀င္ဘာလ ၂၂ ရက္ေန႔တြင္ ကရင္ အမ်ိဳးသား အစည္းအရံုး KUN ႏွင့္ ေတြ႕ဆံုေဆြးေႏြးမည္ဟု သိရသည္။
NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားမွာ ကရင္အမ်ိဳးသား အစည္း အ႐ုံး KNU ၊ ခ်င္းအမ်ိဳးသားတပ္ဦး CNF ၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္ တစ္တပ္ဦး ABSDF ၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNLA/PC ၊ ပအို႔ဝ္အမ်ိဳးသား လြတ္ေျမာက္ေရးအဖြဲ႕ခ်ဴပ္ PNLO၊ ရခိုင္ ျပည္လြတ္ေျမာက္ေရးပါတီ ALP ၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS ၊ ကရင္အမ်ိဳးသား ဒီမို ေရစီအက်ိဳးျပဳတပ္မေတာ္ DKBA ၊ မြန္ျပည္သစ္ပါတီ NMSP ႏွင့္ လားဟူဒီမိုကရက္တစ္အစည္းအ႐ုံး LDU တို႔ ျဖစ္သည္။