ခင်ဦးတွင် လက်နက်ကြီးကြောင်း ၁၀ နှစ် ကလေးအပါအဝင် ၆ ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၂ ရက်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်းသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၁၀ နှစ် ကျော် အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အနည်းဆုံး ဒေသခံပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဧပြီလ ၁၁ ရက်နေ့၊ နံနက်ပိုင်းတွင် ခင်ဦးမြို့နယ်အတွင်းရှိ အင်းပတ်ဆိုသည့် ကျေးရွာထဲသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ဒေသခံအမျိုးသမီးတစ်ဦး က “လက်နက်ကြီးနဲ့ ပစ်လို့ ခလေးတစ်ယောက်လည်း ထိတယ်။ ၁၀ နှစ်ကျော် ၁၁ သားပေါ့။ သူ့အမေက မဘုတ်ဆုံတဲ့။ သူလည်းထိတယ်။ နောက်ပြီး ဝင်းခိုင်နဲ့ နိုင်ထွန်းဆိုတဲ့လူနှစ်ယောက်လည်း လက်နက်ကြီးမှန်တယ်။ ပုခုံးကနေ ပေါက်ထွက်သွားတာ။ သေတာတော့ မသေဘူး။ လက်နက်ကြီးမှန်တာ။ ဒဏ်ရာရတာ။ ကိုဝင်းခိုင်ကတော့ ပခုံးကနေ ပေါက်ထွက်သွားတာ” ဟု ပြောသည်။
စစ်ကောင်စီတပ်က အင်းပတ်ကျေးရွာထဲသို့ လက်နက်ကြီးနှင့် ပစ်ခတ်ပြီး ဝင်ရောက်လာခြင်းဖြစ်ပြီး ၎င်းတို့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ကျေးရွာအတွင်းရှိ စာသင်ကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာ ရရှိသူများမှာ အသက် ၁၀ နှစ်ကျော်အရွယ် မောင်မင်းထက်ကျော်၊ မိခင် ဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဒေါ်ဘုတ်ဆုံ၊ ကိုနိုင်ထွန်း အသက် ၃၆ နှစ်၊ ကိုဝင်းခိုင် အသက် ၄၅ နှစ်၊ ဦးမော် အသက် ၇၀ နှစ်နှင့် ဦးကျော်ဇင် အသက် ၅၇ နှစ်တို့ ဖြစ်ကြသည်။
အင်းပတ်ကျေးရွာအတွင်း လက်နက်ကြီး/ငယ်များ ပစ်ခတ်ပြီး ဝင်ရောက်လာသည့် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ရွာ၏ တောင်ဘက်တွင် မိုင်းဆွဲတိုက်ခိုက်ခံရသေးကြောင့် ၇ ဦးထက်မအနည်း သေဆုံးခဲ့သည့် စစ်ကြောင်း ဖြစ်သည်ဟု Khin U Special Force Organization – KSO အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
KSO တာဝန်ရှိသူက “ရေဦးမြို့ အောင်ဆန်း အ.မ.က ကျောင်းက စခ (၆၀) ကျော်ပေါ့ သူတို့က မူးမြစ်ကူး တံ တား အရှေ့ဘက် ခင်ဦးမြို့နယ် အင်းပတ်ကွေ့မှာ အထိုင်ချထားတာ။ အဲ့က ပျူတွေနဲ့ ပေါင်းပြီး အင်းပတ်ကွေ့ ဈေး တန်းတောင်ဘက်ကို ခြေလျင်စစ်ကြောင်း ထိုးလာတာပေါ့။ အဲ့မှာ ကျနော်တို့ KSO တပ်ဖွဲ့က အသင့် ထောင်ထားတဲ့ ပဒေသာ ၂ တွဲနဲ့ စောင့်ပြီး ကြိုတိုက်လိုက်တာ။ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ နေရာမှာပဲ ၇ ယောက် ပွဲ ချင်းပြီး သေတယ်။ ဒဏ်ရာရတာတွေလည်းရှိတယ်။ အလောင်းတွေကို ရေဦးမြို့ပေါ်က Custom ကားတစ်စီး နဲ့ လာသယ်သွားတယ်” ဟု ပြောသည်။
ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အထိနာနေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပျူးပေါင်းအဖွဲ့ သည် ရေဦး တိုင်းရင်းဆေးရုံမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ပေးမှုကြောင့် ခင်ဦးမြို့နယ်၊ အင်းပတ် ကျေး ရွာရှိ နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ပြီး အင်းပက်ရွာသား ကလေးငယ်အပါအဝင် ၄ ဦးပါ ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်။ ထို့အပြင် အနီးအနားရှိ မရမ်းအေးကျေးရွာသား တစ်ဦးလည်း ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် အင်းပတ်ကျေးရွာအတွင်း နှင့် ကျေးရွာစာသင်ကျောင်းအတွင်း ဝင် ရောက် ရှာဖွေမွှေနှောက်သွားခဲ့ပြီးနောက် ရေဦးမြို့နှင့် အင်းပတ်ကွေ့ အထိုင်ချစခန်းသို့ ပြန်လည် ဆုတ်ခွာသွား ခဲ့သည်ဟု KSO က ထုတ်ပြန်ထားသည်။