တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၂ – ၁၀ – ၂၀၂၃ )

ဧရာဝတီတိုင်းအနီးက ပင်လယ်ပြင်မှာ စက်ပျက်နေတဲ့ စက်လှေပေါ်က ဖမ်းမိထားတဲ့ ရိုဟင်ဂျာ ၇၂ ယောက်ကို လပွတ္တာခရိုင် တရားရုံးက ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်ပါတယ်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်ပစ်ခတ်မှုဖြစ်စဉ်အတွင်း ခရီးသွားပြည်သူ ၄ ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။ 

စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား စစ်ရေးတင်းမာမှုတွေဆက်ရှိနေပြီး စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာမှုတွေကြောင့်လည်း တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်တယ် လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောပါတယ်။