ပုလောတွင် ပျူစောထီးခေါင်းဆောင်ကို ပစ်ခတ် ရှင်းလင်း။
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်။
မြိတ်ခရိုင် ပုလောမြို့နယ် ရှပ်ပုံရွာမှ ပျူစောထီး ခေါင်းဆောင် ဆိုသူကို PDF ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်ရှင်း လင်းခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း (၁) က ထုတ်ပြန်ထားသည်။
မတ်လ ၂၇ ရက်နေ့ နံနက် ၉နာရီခန့်က ပုလောမြို့နယ်ထဲရှိ မင်းသီရိကျေးရွာ လမ်းတစ်ခုတွင် ပျူစောထီးခေါင်း ဆောင် ဦးသိန်းဇော်အေး ၄၈နှစ်ဆိုသူ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။
ပစ်ခတ်မှု့ကို မြိတ်ခရိုင်တပ်ရင်း (၁) နှင့် မြိတ်ခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဦးသိန်းဇော်အေးသည် စစ်အာဏာ သိမ်းပြီးသည့် နောက်ပိုင်းတွင် ပုလောမြို့ပေါ်သို့ မိသားစုနှင့်အတူပြောင်းရွှေ့ နေထိုင်လျက်ရှိပြီး ရှပ်ပုံရွာသို့ ပြန်လာလေ့ရှိသည်ဟု ရွာသားများက ပြောသည်။
“မြို့ပေါ်ကနေ ရှပ်ပုံကို ဆင်းလာတာ လမ်းမှာ ပစ်ခတ်ခံရတာ၊ သူက ပျူစောထီးအဖွဲ့ခေါင်းဆောင်တစ်ယောက်” ဟု အသက် ၄၀ခန့်အရွယ် ရွာသားတစ်ဦးက ပြောသည်။
အာဏာသိမ်းခါစတွင် CDM ဝန်ထမ်းများကို ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်၍ ငွေတောင်းယူခြင်း၊ စစ်ကောင်စီတပ် စစ်ကြောင်းနှင့်အတူ လိုက်ပါလေ့ရှိသူ တစ်ဦးဖြစ် သည်ဟု ၄င်းက ဆိုသည်။
ပုလောမြို့တော်ခန်းမရှိ စစ်ကောင်စီတပ်ဖွဲ့၊ ပျူစောထီးတပ်ဖွဲ့ဝင်များနှင့်အတူ နေထိုင်လျက်ရှိသည်ဟု ဆိုသည်။
မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းအနေဖြင့် စစ်ကောင်စီ၏ ထောက်တိုင်မှန်သမျှကို ဖြိုဖျက်သွားမည်ဖြစ်သဖြင့် စစ် သား၊ ရဲ၊ ပျူစောထီး၊ ရပ်ကွက်/ကျေး ရွာအုပ်ချုပ်ရေးမှူးများအနေဖြင့်အချိန် မှီလက်နက်ချအလင်းဝင်ရန်တိုက်တွန်းထားကြောင်းကိုလည်း ထုတ်ပြန်ထား သည်။
ရှပ်ပုံကျေးရွာသည် အိမ်ခြေ ၂၅၀၀ ကျော်ရှိသည့် ပုလောမြို့တဘက်ကမ်းရှိ ရွာကြီးတစ်ရွာဖြစ်ပြီး ရေလုပ်ငန်း နှင့်လယ်ယာဥယျာဥ်ခြံလုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်းကျောင်းပြုကာနေ ထိုင်ကြသည်။