အရပ်သားဟန်ဆောင်ကာ ထွက်ပြေးလာသည့် ယာယီတပ်ရင်းမှူးကို ဖမ်းဆီးရမိ။ 

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်။ 

တနင်္သာရီတိုင်းရှိ မြိတ် – ပုလော ပြည်ထောင် စုကားလမ်းမကြီးတွင် ခရီးသည်ယာဉ်ပေါ် တွင် အရပ်ဝတ်ဖြင့်လိုက်ပါလာသည့် စစ်ကောင်စီ၏ ယာယီတပ်ရင်းမှူးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ် ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်ဟု မြိတ်ခရိုင်အ မှတ်( ၁)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် ( KNDO ) တပ်ရင်း( ၇ ) တို့၏ပူး ပေါင်းစစ်ဆေးရေးဂိတ်တွင် မတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။ 

ဖမ်းဆီးခံရသူမှာ ယာယီတပ်ရင်းမှူး ဗိုလ်မှူးသိန်းထိုက် ၄၀ နှစ်ဆိုသူဖြစ်ပြီး မြိတ်အခြေစိုက် ခလရ – ၁၀၃ တွင် ၆လခန့် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်း မြိတ်ခရိုင်အမှတ်(၁) တပ်ရင်းမှ မတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

“သူ့ကို စစ်မေးတာကတော့ တနင်္သာရီကိုစစ်ကြောင်းထိုးဖို့သွားတဲ့ ယာဥ်တန်းမှာလိုက်လာတယ်လို့ ပြောတယ်၊ မိုင်းဆွဲခံထိပြီးတော့ လူစုကွဲသွားတဲ့အချိန်မှာ စစ်တိုက်လိုစိတ်မရှိတော့တာကြောင့် ချက်ချင်းပဲ ရန်ကုန်က မိဘအိမ်ကို ထွက်ပြေးလာတာလို့ပြောတယ်၊ သူ့မှာဘေးလွယ်အိတ်တစ်လုံးပဲပါတယ်၊တစ် ခြားသက်သေခံတော့ မတွေ့ရဘူး” ဟု အမှတ်(၁)တပ်ရင်း၏ ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

စစ်ဆေးမေးမြန်းချက်အရ ယာယီတပ် ရင်းမှူး ဖြစ်ကြောင်းကိုသာ အတည်ပြုနိုင်သေးပြီး အသေးစိတ်အချက်အ လက်များကို မသိရှိရသေးဟု ဆိုသည်။ 

လက်ရှိတွင် ဖမ်းဆီးရမိထားသူ ယာယီတပ်ရင်းမှူး ဗိုလ်မှူးသိန်းထိုက်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားသည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။