စစ်ကောင်စီက ရွာသား ၃ ဦးကို အကြမ်းဖက် ပုဒ်မဖြင့် တရားစွဲ။ 

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်။ 

မြိတ်ခရိုင် တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စုမှ ရွာသားသုံးဦးကို စစ်ကောင်စီတပ်က ၅၀ ညဖြင့်တ ရားစွဲဆိုထားသည်ဟု ရွာသားများထံက သိရသည်။ 

စစ်ကောင် စီမှ ဘန်းလမွတ်ကျေးရွာအုပ်စုအတွင်းသို့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က စစ်ကြောင်းထိုးစဥ် အမျိုးသမီး အပါအဝင် ၁၀ဦးဖမ်းဆီးသွားပြီးနောက် ဖမ်းဆီးခံရသူ ၁၀ ဦးထဲမှ ၃ဦးကို မတ်လ၃၀ရက်နေ့က တရားစွဲဆိုခြင်းဖြစ်သည်။ 

ဖမ်းဆီးခံရသူများအထဲမှ တချို့ကို နေ့တွင်းချင်းပြန်လွတ်ပေးခဲ့သော်လည်း အမျိုးသား ၈ဦးကို ခမရ – ၅၅၇ တပ် ရင်းတွင် ချုပ်နှောင်ဖမ်းဆီးထားခဲ့ပြီးနောက် ၅ဦးကို မတ်လ ၁၂လရက်နေ့က ပြန်လွတ်ပေး ခဲ့သော်လည်းကျန် ၃ ဦးကိုမူ ယခုလိုတရားစွဲခံထားရခြင်းဖြစ်သည်ဟုမိသားစုဝင်တစ်ဦးက ဆို သည်။ 


ပုဒ်မ ၅၀ ညမှာ အကြမ်းဖက် အဖွဲ့အစည်း တစ်ခုခုကို ထောက်ပံ့သည့် သူများကို စွဲဆိုသည့် ပုဒ်မ ဖြစ်သည်။ 

တရားစွဲခံထားရသူ ၃ ဦးမှာ ဘန်းလမွတ်ရွာသား ဦးထွန်းကြိုင်၊ ဦးစိန်ဝင်း နှင့် အနောက်မော်တုန်းကျေးရွာမှအမျိုးသားတဦးတို့ဖြစ်ကြပြီး လက်ရှိတွင် တနင်္သာရီမြိုနယ်ရဲစခန်း၌ဖမ်းဆီး ထားသည်ဟု ရွာသားများက ပြောသည်။ 

“ပြန်မလွတ်သေးလို့ လိုက်စုံစမ်းကြည့်တော့ ပထမက ၅၂(ခ) နဲ့ အမှုဖွင့်ထားတယ်ပြောတယ်၊ နောက်တော့ပုဒ်မ ပြန်ပြောင်းပြီး ၅၀ ညနဲ့တရားစွဲထားတယ်လို့ ပြောတယ်၊ မိသားစုတွေက စိတ်ပူပြီးဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်နေကြတယ်” ဟု အသက် ၅၀ ခန့်အရွယ် ဘန်းလမွတ်ရွာသားတဦးက ပြောသည်။ 

ရုံးပြင်ကန္တားအတွေ့အကြုံမရှိသည့် အပြစ်မရှိသည့် ရွာသားများကို သက်သေအထောက်အထား ပြည့်စုံခြင်းမရှိဘဲ စွဲချင်သည့်ပုဒ်မတပ်ကာ တရားစွဲဆို နေခြင်းမှာ မဖြစ်သည့်လုပ်ရပ်ပင်ဖြစ်ကြောင်း ၄င်းက ဆိုသည်။ 

မြိတ် – တနင်္သာရီ ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိဘန်းလမွတ်ကျေး ရွာအုပ်စုအတွင်း စစ်ကောင်စီက ရိက္ခာပို့ ယာဥ်တန်းများဖြတ်သန်းသွားလာခြင်း၊ စစ်ကြောင်းထိုးခြင်းများနှင့် လမ်းကင်းချသည့်အချိန်တွင် လမ်းသွားလမ်းလာများကို ဖမ်းဆီးခြင်းများ မကြာခဏ လုပ်လေ့ရှိသည်ဟု ရွာသားများက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စု ရမ်းဖိုကျေးရွာသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ခန့်က ရွာသားများကို ဖမ်းဆီးစစ်ဆေးခဲ့သေးသည်။