မယ်လ ခေါ် မယ်ကွီးလု စခန်းကို KNU က တရက်တည်းနှင့် သိမ်းပိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၁၆ ရက်။

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၇ ဖားအံခရိုင် တာကရယ်(ပိုင်ကျုံ)မြို့နယ်မှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ မော်ကွီးလု တပ်စခန်းကို မေလ ၁၆ ရက်နေ့ တွင် KNU က သိမ်းပိုက်လိုက်သည်ဟု ထုတ်ပြန်သည်။

KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ် KNDO တို့က စစ်ကောင်စီတပ် ခလ၇-၂၄ အခြေစိုက်တပ်စွဲထားသည့် မော်ကွီးလုတပ်စခန်းကို  မေလ ၁၆ ရက် နံနက် ၅ နာရီ မိနစ် ၃၀ တွင် တိုက်ခိုက်ပိုက်နိုင်ခဲ့သည်ဟု KNU က ပြောသည်။

အဆိုပါ မော်ကွီးလု တပ်စခန်းသည် ဝေလယ်မူး (မယ်လ)ရွာ အနောက်ဘက်တွင်ရှိပြီး မယ်လစခန်းဟုလည်း ခေါ်သည်။ အဆိုပါ စခန်းကုန်းကို KNU လက်အောက်ခံတပ်များက တစ်ရက်တည်းအတွင်း တိုက်ခိုက်သိမ်းနိုင်ခဲ့သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။