သူငယ်ပြန် (အယ်ဇိုင်းမား) ရောဂါ ကာကွယ်ကုသရေး အလားအလာ တွေ့ရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်။ 

ဟားဗတ် ဆေးကျောင်းမှ ကျောင်းသားများ ဦးဆောင်သည့် သုတေသနအဖွဲ့က အယ်ဇိုင်းမားရောဂါဟု ခေါ်သော သူငယ်ပြန်ရောဂါကို ကာကွယ်ကုသရန် အလားအလာကောင်းများ တွေ့ရှိထားသည်ဟု ပြောဆိုလိုက်သည်။ 

၎င်းတို့က အယ်လ်ဇိုင်းမားရောဂါနှင့် လစ်သီယမ် (Lithium) သတ္တုဓါတ်ချို့တဲ့မှု ဆက်စပ်နေသည်ကို တွေ့ရှိခဲ့ကြ ခြင်း ဖြစ်သည်။ 

သုတေသန အဖွဲ့သည် အယ်လ်ဇိုင်းမားရောဂါ ရင့်နေသူများထံမှ လှူဒါန်းထားခဲ့သည့် ရာနှင့်ချီသော ဦးနှောက် တစ်သျှူးများကို လေ့လာခဲ့ကြသည်။ ထို့နောက်တွင် ကြွက်များနှင့် ထပ်မံ စမ်းသပ်လေ့လာခဲ့ကြသည်။ 

၎င်းတို့၏ လေ့လာချက်အရ သူငယ်ပြန်သည့် အယ်လ်ဇိုင်းမားရောဂါသည်များ၏ ဦးနှောက်များတွင် လစ်သီယမ် သတ္တုဓါတ် ချို့တဲ့နေသည်ကို တွေ့ရှိခဲ့ကြသည်။ 

လစ်သီယမ် သတ္ထုဓါတ်သည် လူသားများ၏ ပတ်ဝန်းကျင်တွင် ရှိနေပြီး သံဓါတ် နှင့် ဗီတာမင် စီ တွင်လည်း ပါဝင်သည်ဟု ဆေးပညာရှင်များက ပြောသည်။ 

လစ်သီယမ်ဓါတ်ကို ဖြည့်စွက်စာအဖြစ် ပေးခြင်းဖြင့် အယ်လ်ဇိုင်းမားရောဂါ ကာကွယ်ရန်နှင့် ကုသရန် လမ်းစ များ တွေ့ရှိလာပြီဟု ဆေးပညာရှင်များက ယုံကြည်နေကြသည်။ 

Alzheimer ရောဂါမှာ လတ်တလော မှတ်ဉာဏ်များ ပျောက်ကွယ်သွားပြီး ငယ်စဉ်ဘဝက မှတ်ဉာဏ်များကို ပြန်လည် သတိရသည့် ဖြစ်စဉ် ဖြစ်သည်။