သတင်းနှင့် မီဒီယာ ကွန်ရက်။

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်။

ရှမ်းပြည်တောင်ပိုင်း၊ ပင် လောင်းမြို့နယ်ထဲက ပေါင်းလောင်းမြို့သစ်၊ သပြေကုန်းအုပ်စုရှိ ဧဒင်ကျေးရွာတွင် တောင်ကျရေနှင့် မြေပြိုမှုများကြောင့် လူသေဆုံးမှုရှိခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး နေအိမ်များအပေါ် မြေပြိုမှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံအမျိုးသား တစ်ဦးက သေဆုံးက နှစ်ယောက်ပါ။ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက် သေဆုံးပါ။ ရွာထဲ တောင်ကျရေ ရုတ်တရက် ဝင်လာပြီး အခုလို သေဆုံးတဲ့အထိ ဖြစ်သွားတာပါ။ အိမ်တွေ လည်း တော်တော်လေး ပျက်သွား ပါတယ် ဟု ပြောသည်။

ဩဂုတ်လ ၂၇ ရက်နေ့၊ နံနက်အစောပိုင်း အချိန်၌ ဧဒင်ကျေးရွာထဲ တောင်ကျရေများ ရုတ်တရက် စီးဝင်လာပြီး ယခုကဲ့သို့ လူသေဆုံးမှုအထိ ရေကြီးရေလျှံ မြေပြိုမှုများ ဖြစ်ခဲ့ခြင်း ဖြစ်သည်ဟု  ဒေသတွင်း အကူအညီ ပေးနေ သူများက ပြောသည်။

တောင်ကျရေကြောင့် မြေများ ပြိုကျပြီး အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၂၀ အရွယ် အမျိုးသားတစ်ဦး မျှောပါပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။

သေဆုံးသွားသည့် အမျိုးသမီးမှာမူ နေအိမ်ထဲတွင် ပိမိနေခြင်းဖြစ်ပြီး အမျိုးသားမှာမူ သစ်ပင်ကြားတွင် ညှပ်ပြီး သေဆုံးနေခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်အတွင်း အမျိုးသမီးနှစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသတွင်း အကူအညီ ပေးနေသူ များက ပြောသည်။

ဒေသတွင်း မိုးကြီးပြီး တောင်ကျရေကြောင့် မြေပြိုကာ တောင်စောင်းတလျှောက်ရှိ အိမ် ၁၀ လုံးလည်း ပျက်စီး သွားသည်။

ထို့အပြင် ပေါင်းလောင်းဘက်ကိုသွားသည့် လမ်းမှာလည်း တောင်ပြို၊ မြေပြိုမှုများကြောင့် ယခုအချိန်ထိ သွား လာ၍ မရသေးဘူးဟု ဒေသခံများက ပြောသည်။

ပေါင်းလောင်းဒေသ၌ ဩဂုတ်လ ၂၆ ရက်နေ့က ကာဂျိကိ မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်း ဖြစ်သည်။

ပေါင်းလောင်းတွင် တောင်ကျရေကြောင့် မြေပြိုမှုထဲ နှစ်ဦးသေဆုံး