TikTok အား အမေရိကန် ပိုင်ဆိုင်မှု အဖြစ် လွှဲပြောင်းရေး မူဘောင်ကို သဘောတူ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်။
အမေရိကန် တွင် TikTok လုပ်ငန်းလည်ပတ်မှုနှင့် ပတ်သက်ပြီး အငြင်းပွားနေသည့် အမေရိကန် နဲ့ တရုတ်ကြား မူအရ နားလည်မှု ရရှိသွားပြီ ဖြစ်သည်။
အမေရိကန်တွင် လည်ပတ်နေသည့် TikTok ၏ အစိတ်အပိုင်းများကို တရုတ်က အမေရိကန် ပိုင်ဆိုင်မှုအဖြစ် လွှဲပြောင်းပေးပြီး အဓိက လည်ပတ်မှု စနစ်တွေကိုတော့ တရတ် ကုမ္ပဏီဘက်က ဆက်လက် တာဝန်ယူသွားရန် သဘောတူခဲ့ကြခြင်း ဖြစ်သည်။
သို့ဖြစ်ရာ သက်တမ်း ၂ ကြိမ် တိုးထားရသည့် အမေရိကန်ရှိ TikTok ရပ်ဆိုင်းရန် မလိုတော့ပဲ ပြေလည်သွားပြီ ဖြစ်သည်။
အမေရိကန်က TikTok သည် အမေရိကန် လူငယ်များ၏ အကျင့်စာရိတ္တကို ထိခိုက်စေပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်များ တရုတ်ဘက်သို့ ရောက်သွားနိုင်သည်ဟု စွပ်စွဲခဲ့ပြီး အမေရိကန်ရှိ TikTok လုပ်ငန်းများကို ပိတ်သိမ်းရန် ဆုံးဖြတ်ထားခဲ့သည်။
ယခု သဘောတူညီမှု အရ အမေရိကန်များ၏ ကိုယ်ရေး အချက်အလက်များ တရုတ်ဘက်ကို မရောက်ရအောင် အမေရိကန် ရှိ Tiktok လည်ပတ်မှုကို အမေရိကန် ကုမ္ပဏီ တစ်ခုမှ လွှဲပြောင်း ယူမည် ဖြစ်သည်။
သဘောတူပြီးနောက် နောက်ဆုံး ပိတ်သိမ်းရမည် ဆိုသော စက်တင်ဘာ ၁၇ ရက် သတ်မှတ်ရက်ကို အမေရိကန် အစိုးရက နောက်ထပ် ရက် ၉၀ တိုးမြှင့်လိုက်သည်။ ယင်းမှာ အသေးစိတ် အချက်အလက်များ ညှိနှိုင်းရန် အချိန်ပေးခြင်း ဖြစ်သည်ဟု ဆိုသည်။