သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။ 

စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ယနေ့ (ဒီဇင်ဘာ ၂၈) နံနက်ပိုင်းတွင် စတင်ခဲ့သော်လည်း နာရီပိုင်းအလိုကပင် မြို့အများအပြားတွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ 

မန္တလေး၊ မုံရွာ၊ ထားဝယ်၊ ပြည်၊ မြဝတီနှင့် ဖားကန့်မြို့နယ်တို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေအရေအတွက်မှာလည်း စံချိန်တင် များပြားနေသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ၏ ဒီဇင်ဘာ ၂၇ ရက် ထုတ်ပြန်ချက်အရ ယနေ့ပြုလုပ်သည့် ရွေးကောက်ပွဲ အပိုင်း (၃) တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၁,၀၆၄ ခု ရှိနေသည်။ 

ယခင်ကြေညာထားသည့် အပိုင်း (၁) နှင့် (၂) တို့မှ စာရင်းများ အပါအဝင်ဆိုလျှင် ယခု ၂၀၂၅ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ် ၆၄ မြို့နယ်၌ ရွေးကောက်ပွဲ လုံးဝ မကျင်းပနိုင်ခြင်း ဖြစ်ရာ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုပေါင်း ၄,၀၀၀ နီးပါးတွင် မကျင်းပနိုင်ခြင်း ဖြစ်သည်။ 

ဤသည်မှာ မြန်မာ့ရွေးကောက်ပွဲ သမိုင်းတစ်လျှောက် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေဒေသ အများဆုံးအဖြစ် စံချိန်တင်ခဲ့ခြင်းလည်း ဖြစ်သည်။

ရွေးကောက်ပွဲ စတင်ရန် နာရီပိုင်းအလို ဒီဇင်ဘာလ ၂၇ ရက်နေ့ ညပိုင်းတွင် ထားဝယ်၊ ပြည်၊ မြဝတီ နှင့် ဖားကန့် မြို့များ၌ ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ ပဲခူးတိုင်း၊ ပြည်မြို့တွင် မဲရုံများနှင့် ရဲစခန်းအနီး၌ ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားခဲ့သည်။

ပြည်မြို့ခံတစ်ဦးက ဒီမှာက ရွေးကောက်ပွဲကို ဘယ်သူမှ စိတ်မဝင်စားကြဘူး။ တခြားမြို့တွေမှာလိုပါပဲဗျာ။ ဒီနေ့တော့ ရ ဘာတွေဆက်ဖြစ်မယ်ဆိုတာ မသိဘူး။ ပေါက်ကွဲမှုတွေ ဖြစ်နေတော့ လူထုကတော့ စိုးရိမ်နေတာ ပေါ့။ မဆိုင်တဲ့လူတွေကို ဆွဲစိမှာတို့၊ ပေါက်ကွဲမှု ဖြစ်လို့ဆိုပြီး လုံခြုံရေး ပိုပြီး တင်းကျပ်လာမှာတို့က အစပေါ့ ဗျာ။ အခုလည်း စစ်တပ်က ခြိမ်းခြောက်ပြီး မဲရုံတွေကို လာခိုင်းထားတယ် ဟု မြေပြင်ဖိအားပေးခံရမှု အခြေအနေကို ပြောသည်။

အလားတူ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင်လည်း ကြံ့ခိုင်ရေးပါတီ USDP ရုံး နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး များ အနီး၌ ဗုံးသုံးကြိမ်ထက်မနည်း ပေါက်ကွဲခဲ့သည်။ 

မြဝတီမြို့ခံတစ်ဦးက အုံးဆိုတဲ့အသံက တော်တော်ကို ကျယ်တာ။ သတိနဲ့ နေရတယ်။ ဒရုန်းနဲ့ ကြဲတာလိုလို၊ ဗုံးကွဲတာလိုလိုပဲ ပြောနေကြတယ်။ ကြံ့ဖွတ်ရုံးကို ချတာ၊ လူထိတယ်လို့ ကြားတယ်” ဟု ဆိုသည်။ 

ပေါက်ကွဲမှုများဖြစ်ပြီးနောက် စစ်ကော်မရှင်တပ်နှင့် BGF များက မြို့အတွင်း ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ ကြောင်း မြေပြင်သတင်းရင်းမြစ်က ပြောသည်။

အလားတူ မန္တလေးမြို့တွင်လည်း ယနေ့ (ဒီဇင်ဘာ ၂၈ ရက်) နံနက် ၁ နာရီကျော် အချိန်တွင် အောင်မြေသာစံ မြို့နယ် အတွင်း ရှော့တိုက်ဒုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် အိမ်တွင်းအိပ်ပျော်နေသည့် ဇနီးမောင်နှံ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဇနီးဖြစ်သူမှာ ခြေကျင်းဝတ်ပြတ်တောက်သွားသည့် စိုးရိမ်ရဒဏ်ရာ ရရှိခဲ့သည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ယမန်နေ့ ည ၁၀ နာရီဝန်းကျင် အချိန်တွင် ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ပြီး စစ်တပ်နှင့်ရဲ၊ ပျူစောထီးများက ကင်းလှည့်နေသည်ဟု မြို့ခံများက ပြောသည်။

လက်ရှိတွင် ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများ၌ စစ်ကော်မရှင်က လုံခြုံရေးအင်အား အပြည့်ဖြင့် မဲရုံများ ဖွင့်လှစ်ကာ ရွေးကောက်ပွဲကို အရှိန်မြှင့်လုပ်ဆောင်နေသော်လည်း၊ တော်လှန်ရေးအင်အားစုများကမူ ယခု ရွေးကောက်ပွဲကို ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် မဲရုံများအနီးသို့ မသွားကြရန် ပြည်သူများကို သတိပေးထားသည်။ 

စစ်ကော်မရှင်ဘက်ကမူ ဝန်ထမ်းများနှင့် ဒေသခံများကို မဲပေးရန် ခြိမ်းခြောက်ဖိအားပေးမှုများ ဆက်တိုက်လုပ် ဆောင်နေသဖြင့် မြေပြင်တွင် တင်းမာမှုများ မြင့်တက်လျက်ရှိသည်။

မန္တလေး၊ မုံရွာ၊ ထားဝယ်၊ ပြည်၊ မြဝတီနှင့် ဖားကန့်တို့တွင် ရွေးကောက်ပွဲနေ့မနက် ပေါက်ကွဲမှုများ ဖြစ်ပွား