လေယာဉ်လက်မှတ်ခများ မတ်လလယ်မှစတင် ဈေးတက်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်။
လေယာဉ်ဆီ စရိတ် ကြီးမြင့်လာသဖြင့် လေကြောင်းလိုင်းအများအပြားက လေယာဉ်လက်မှတ် ဈေးနှုန်းများကို မတ်လလယ်မှ စတင်၍ ဈေးတင်လိုက်သည်။
အီရန် စစ်ပွဲနှင့် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်လာမှုနှင့် အတူ လေယာဉ်ဆီ (Jet Fuel) စရိတ် ကြီးမြင့်လာခြင်းကြောင့် နိုင်ငံတကာလေကြောင်းလိုင်းများက လေယာဉ် လက်မှတ်ခများကို “လောင်စာဆီ ထပ်ဆောင်းခ” (Fuel Surcharge) အနေဖြင့် တိုးမြှင့်ကောက်ခံလာခြင်း ဖြစ်သည်။
အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် လေယာဉ်ဆီဈေးနှုန်းများ ၁၅၀ ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့သည်။
ထိုင်းနိုင်ငံ အစိုးရ ပိုင် THAI ထိုင်းလေကြောင်းလိုင်းအပါအဝင် ဒေသတွင်း လေကြောင်းလိုင်းများဖြစ်သည့် အိန္ဒိယ လေကြောင်းလိုင်းများ၊ ဟောင်ကောင် အခြေစိုက် Cathy Pacific လေကြောင်းလိုင်း၊ အဲယားဖရန့်စ် Air France၊ KLM နှင့် Quantas လေကြောင်းလိုင်းများတွင် လက်မှတ် ဈေးနှုန်းများ တိုးမြှင့် လိုက်ခြင်း ဖြစ်သည်။
Air New Zealandက လောင်စာဆီစရိတ် လျှော့ချရန်အတွက် မေလအစောပိုင်းအထိ ပြေးဆွဲမည့် ခရီးစဉ်ပေါင်း ၁,၁၀၀ ကျော်ကို ဖျက်သိမ်းလိုက်သည်။
အရှေ့တောင်အာရှ၏ အကြီးဆုံး တန်ဖိုးနည်းလေကြောင်းလိုင်းဖြစ်သည့် Air Asia ကလည်း လက်မှတ်ခတွေကို တိုးမြှင့်လိုက်ပေမဲ့ အသေးစိတ်နှုန်းထားကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ဤ”လောင်စာဆီ ထပ်ဆောင်းခ”များသည် ယာယီသဘောမျိုးဖြစ်ပြီး ရေနံဈေးနှုန်း ပြန်လည်တည်ငြိမ်သွားခဲ့ပါက ပြန်လည် လျှော့ချခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း မျိုး လုပ်ဆောင်သွားမည်ဟု လေကြောင်းလိုင်းများက ဆိုသည်။
လေကြောင်းလိုင်း စာရင်းနှင့် တိုးမြှင့်မှု ငွေပမာဏကို အောက်ပါ ဇယားတွင် ဖော်ပြထားသည်။
| လေကြောင်းလိုင်း | ခရီးစဉ်အမျိုးအစား | တိုးမြှင့်သည့်နှုန်းထား (ခန့်မှန်းခြေ) |
| Air India & Air India Express | ပြည်တွင်းနှင့် SAARC နိုင်ငံများ | ၃၉၉ ရူပီး (INR) |
| အရှေ့တောင်အာရှ | ၅,၅၄၀ ရူပီး ခန့် | |
| ဥရောပ၊ မြောက်အမေရိက၊ သြစတြေးလျ | ၁၁,၅၄၀ မှ ၁၈,၄၆၅ ရူပီး အထိ | |
| IndiGo | အိန္ဒိယပြည်တွင်း | ၄၂၅ ရူပီး |
| အနောက်အာရှ | ၉၀၀ ရူပီး | |
| အရှေ့တောင်အာရှ၊ တရုတ်၊ အာဖရိက | ၁,၈၀၀ ရူပီး | |
| ဥရောပ | ၂,၃၀၀ ရူပီး | |
| Cathay Pacific | ဟောင်ကောင်မှ မြောက်အမေရိက၊ ဥရောပ၊ အရှေ့အလယ်ပိုင်း | ၁,၁၆၄ ဒေါ်လာ (HKD) |
| အာရှတိုက်အတွင်း ခရီးစဉ်များ | ၂၉၀ မှ ၅၄၁ ဒေါ်လာ (HKD) | |
| Thai Airways | ခရီးစဉ်အားလုံး (ပျမ်းမျှ) | ၁၀ % မှ ၁၅ % အထိ တိုးမြှင့် |
| Air France & KLM | ဥရောပ ပြန်အလာ ခရီးစဉ်များ | ၅၀ ယူရို (EUR) ခန့် |
| Qantas | နိုင်ငံတကာ ခရီးစဉ်များ | ၅ % ခန့် တိုးမြှင့် |