အာဆင်နယ်အသင်း ၂၂ နှစ်အကြာတွင် ပရီမီယာလိဂ် ချန်ပီယံဖလားကို ပြန်လည်ဆွတ်ခူး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်။
အာဆင်နယ်အသင်းဟာ ၂၂ နှစ်တာကာလပတ်လုံး နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့ရတဲ့ အင်္ဂလန်ပရီမီယာလိဂ် ချန်ပီယံဖလားကြီးကို နောက်ဆုံးမှာတော့ တရားဝင် ဆွတ်ခူးရရှိသွားခဲ့ပြီ ဖြစ်ပါတယ်!
ဒီလို ချန်ပီယံဖြစ်သွားရတာကလည်း ပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းဟာ ဘုန်းမောက် (Bournemouth) အသင်းရဲ့ အိမ်ကွင်းမှာ သရေကျသွားခဲ့လို့ပဲ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ စုစုပေါင်းရမှတ် ၈၅ မှတ်အထိ ရရှိခဲ့ကာ ဒုတိယနေရာက မန်စီးတီးအသင်း ဘယ်လိုမှ လိုက်မှီနိုင်တော့တဲ့ အတွက် ပရီမီယာလိဂ်၏ ချန်ပီယံအသစ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ဂန်းနားပရိသတ်တွေအတွက်တော့ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ညတစ်ည ဖြစ်ခဲ့ရပါတယ်။
လန်ဒန်မြို့က အမ်းမရိတ်စ်ကွင်းကြီးတစ်ခုလုံး သောင်းသောင်းဖျဖျနဲ့ ပျော်ပွဲကျင်းပနေသလို… မြန်မာ အပါအဝင် ကမ္ဘာ အနှံ့က အာဆင်နယ် ပရိသတ်တွေဟာ အနီရောင်ဂျာဆီ အင်္ကျီတွေနဲ့ အတူ အောင်ပွဲခံနေကြပြီ ဖြစ်ပါတယ်။