သတင်းနှင့် မီဒီယာ ကွန်ရက်။၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်။

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် လာမည့် ဩဂုတ်လအတွင်း ပြည့်တန်ဆာခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆိုင်ပိုင်ရှင်များနှင့် တာဝန်ရှိသူအချို့အကြား ညှိနှိုင်းဆောင်ရွက်မှုများ ရှိနေခြင်းကြောင့် ဒေသခံများက စိုးရိမ်ပူပန်နေကြသည်။

အထူးသဖြင့် ကလေးသူငယ် လူကုန်ကူးမှုဘေးအန္တရာယ်အပေါ် ဒေသခံပြည်သူများအကြား စိုးရိမ်ပူပန်မှုနေကြ ခြင်း ဖြစ်သည်။

စစ်အုပ်စု၏ ရက် ၁၀၀ စီမံကိန်းအရ ပိတ်ထားခဲ့ရသည့် KTV၊ မာဆတ်နှင့် ပြည့်တန်ဆာခန်းများကို ဆိုင်ပိုင်ရှင် များက ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာ ဝန်ထမ်းအချို့နှင့် ပူးပေါင်းကာ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း ညဖက် သွားလာလှုပ်ရှားနေရသည့် ဒေသခံများက ပြောဆိုသည်။

အေးသာယာမြို့တွင်း ညဖက် တက္ကစီပြေးဆွဲနေသူ တစ်ဦးက ဖွင့်တာကတော့ ဖွင့်မယ်။ ဖွင့်မယ့်သဘော ရှိတယ်ပေါ့နော်။ အခုလည်း ဖွင့်တာနဲ့ ဘာမှမထူးပါဘူး။ အပြင်ခေါ်လို့ ရပါတယ်။ နယ်ထိန်းတွေတော့ ခဏခ ဏ လာနေတယ်။ စစ်တာလား ဘာလားတော့ မသိပါဘူး ဟု ပြောသည်။

လတ်တလော ရက်ပိုင်းများအတွင်း အေးသာယာရှိ ပြည့်တန်ဆာခန်းများတွင် အဆောက်အအုံ ပြင်ဆင်မွန်းမံမှု များ ပြုလုပ်နေကြပြီး၊ အချို့သော ဘီယာဆိုင်များတွင်လည်း ပြည့်တန်ဆာများကို အပြင်သို့ ခေါ်ယူခွင့် ပြုနေပြီ ဖြစ်သည်။ 

ထိုဒေသတွင် ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ကလည်း ပြည့်တန်ဆာခန်းတစ်ခု၌ အသက်မပြည့်သေးသည့် အမျိုးသမီးငယ် ၂ ဦးအား ပြည့်တန်ဆာအဖြစ် ခိုင်းစေကာ လူကုန်ကူးမှု ဖြစ်ပွားခဲ့ဖူးကြောင်း ဒေသတွင်း နီးစပ်သူများက ဆိုသည်။

အလားတူ ပြီးခဲ့သည့် မေလ ၄ ရက်နေ့ ညပိုင်းကလည်း အေးသာယာမြို့နှင့် ၇ မိုင်ခန့်သာ ကွာဝေးသည့် တောင်ကြီးမြို့ရှိ ‘ပီတာ’ ဘားဆိုင်၌ ဆိုင်ရှင်၏ ရိုက်နှက်မှုကြောင့် အသက် ၁၆ နှစ်အရွယ် ပြည့်တန်ဆာ မိန်းကလေးတစ်ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

ယခုကဲ့သို့ အသက်မပြည့်သေးသည့် ကလေးသူငယ်များ ထိခိုက်နစ်နာမှုများ ရှိခဲ့ခြင်းကြောင့် လက်ရှိတွင် ပြည့်တန်ဆာခန်းများ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေသည့်အပေါ် သမီးပျိုများ မွေးထားသည့် မြို့ခံမိခင်တစ်ဦး က စိုးရိမ်မကင်း ဖြစ်လျက်ရှိသည်။

၎င်းက ကိုယ်ကသာ အဓိက ဘာညာပြောကြပေမယ့်လည်း နီးစပ်မှုက စကားပြောတယ်။ နိုင်ငံခြားမှာကျတော့ လိုင်စင်နဲ့ ကျန်းမာရေးစစ်ချက်တွေနဲ့ သေချာလုပ်တာပေါ့။ အေးသာယာမှာတော့ ထိန်းမနိုင်ပါဘူး။ ကျမလည်း သမီးတွေ မွေးထားတော့ စိုးရိမ်တယ်။ တော်နေကြာ အဲရောက်သွား လူကုန်ကူးခံရရင် ဘယ်လို လုပ်မလဲနော်။ လုပ်ကြတာလည်း အသက်မပြည့်တာ တော်တော်များတယ်။ အဲဒါမှ ဈေးကောင်းရတယ်လို့ ကြားဖူးတယ် ဟု ပြောသည်။

အေးသာယာမြို့ရှိ ပြည့်တန်ဆာခန်း အများစုမှာ KTV အမည်ခံ၍ ဖွင့်လှစ်ထားကြခြင်းဖြစ်ပြီး၊ ၎င်းတို့အနက် ဗီဒီယိုနှင့် ယစ်မျိုးလိုင်စင် စနစ်တကျရှိသည့်ဆိုင်မှာ ၃ ဆိုင်ခန့်သာ ရှိသည်။ 

ဌာနဆိုင်ရာရုံးများနှင့် နီးစပ်သည့် အေးသာယာမြို့တွင် ယခုကဲ့သို့ ပြည့်တန်ဆာခန်းများ ပြန်လည်လည်ပတ်ရန် ပြင်ဆင်နေမှုများကြောင့် အသက်မပြည့်သေးသည့် အမျိုးသမီးငယ်များ ဘေးအန္တရာယ်နှင့် ကြုံတွေ့ရမည်ကို ဒေသခံများက စိုးရိမ်ပူပန်နေကြခြင်း ဖြစ်သည်။

#အေးသာယာမြို့ #ပြည့်တန်ဆာခန်း

တောင်ကြီး အေးသာယာ၌ ပြည့်တန်ဆာခန်းများ ပြန်ဖွင့်ရန် စီစဉ်နေမှုအပေါ် ဒေသခံများ စိုးရိမ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်။