ဆော်ဒီ၊ တူရကီနှင့် ပါကစ္စတန်တို့ ပူးတွဲစစ်ရေးမဟာမိတ်စာချုပ် လက်မှတ်ရေးထိုး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်။ 

ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာမြို့တော်တွင် ဆော်ဒီအိမ်ရှေ့မင်းသား၊ တူရကီနှင့် ပါကစ္စတန် ဝန်ကြီးချုပ်တို့သည် သမိုင်းဝင် ပူးတွဲစစ်ရေးမဟာမိတ် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ သဘောတူညီချက်တွင် “အဖွဲ့ဝင် သုံးနိုင်ငံအနက် မည်သည့်တစ်နိုင်ငံကိုမဆို လက်နက်ကိုင်တိုက်ခိုက်လာပါက ကျန်နိုင်ငံအားလုံးကို တိုက်ခိုက်ခြင်းဟု သတ်မှတ်မည်” ဟူသော စုပေါင်းဟန့်တားရေး (Collective Deterrence) မူဝါဒကို ချမှတ်ထားသည်။

အကဲခတ်များ၏ သုံးသပ်ချက်အရ ယခုစာချုပ်သည် ဆော်ဒီအာရေဗျ၏ ဘဏ္ဍာရေးနှင့် ရေနံအရင်းအမြစ်၊ ပါကစ္စတန်၏ စစ်ရေးအတွေ့အကြုံနှင့် နျူကလီးယားစွမ်းရည်၊ တူရကီ၏ နာတိုးအဖွဲ့ဝင် စစ်အင်အားနှင့် နည်းပညာများကို ပေါင်းစပ်လိုက်ခြင်းဖြစ်သည်။ 

စစ်ရေးလေ့လာသူအချို့က ယခုလုပ်ဆောင်ချက်သည် စစ်ရေးအရ အမေရိကန်အပေါ် မှီခိုနေရမှုကို လျှော့ချရန် ဆော်ဒီအာရေဗျ၏ ကြိုးပမ်းမှုဖြစ်ကြောင်း သုံးသပ်ကြပြီး၊ အီရန်နိုင်ငံကမူ အဆိုပါသဘောတူညီချက်သည် စက္ကူကျားမျှသာဖြစ်ပြီး လက်တွေ့တွင် ထိရောက်မှုရှိမည်မဟုတ်ဟု ဝေဖန်ထားသည်။

သို့သော် ဆော်ဒီနှင့် တူရကီ အစိုးရတာဝန်ရှိသူများက အဆိုပါ စာချုပ်သည် မည်သည့်နိုင်ငံကိုမျှ ဦးတည်တိုက်ခိုက်ခြင်း မဟုတ်ဘဲ ဒေသတွင်း လုံခြုံရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက်သာ ဖြစ်ကြောင်း ငြင်းချက်ထုတ်ထားသည်။

Photo:Reuters