ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု အဖွဲ့ဝင်များ တပ်ရင်း တစ်ရင်းထဲ ပူးပေါင်းဖွဲ့စည်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်။
စစ်ရေးပိုမို လှုပ်ရှားနိုင်ရန် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုအား တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်သည်စု တာဝန်ရှိသူများက ပြောသည်။
ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အခြေစိုက် ကရင်နီတော်လှန်ရေး တပ်ပေါင်းစု (KRU) အား ကရင်နီ တော်လှန်ရေး တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။
KRU ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “ဖြတ်သန်းလာခဲ့တာလည်း တစ်နှစ်လောက် ရှိပြီပေါ့နော်။ လာမယ့် နှစ်တွေမှာ တပ်ပေါင်းစုအဖြစ် ရပ်တည်မယ်ဆိုရင် ခက်ခဲလာမယ်ပေါ့။ စစ်ရေး တည်ဆောက်မှု လျော့နိုင်တယ် ပေါ့။ လက်ရှိ KRU ရဲ့အောက်မှာရှိတဲ့ ၇ ဖွဲ့လုံးက ခွဲတွေ ဖြစ်နေတာပေါ့နော်။ အဓိကတော့ စစ်ရေးကို အား ကောင်းကောင်းနဲ့ ပုံဖော်ချင်တယ်။ ဒေသထဲမှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့ အသီးသီးနဲ့ စစ်ရေးပိုပြီးတော့ အချိတ် ဆက်မိအောင် လုပ်နိုင်ဖို့ တပ်ရင်းကို ဖွဲ့စည်းလိုက်ရတာပေါ့” ဟု ပြောသည်။
ယခင် KRU ၏ တပ်ပေါင်းစု ၇ ဖွဲ့အား တစ်စုတစ်စည်းတည်း ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဧပြီလ ၇ ရက်နေ့တွင် တပ်ရင်းတစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
KRU ၏ လက်အောက်တွင်ရှိသည့် KRU ကွန်မန်ဒို၊ KDF(ကရင်နီ ဒီမိုကရက်တစ် တပ်ဦး)၊ Fight For Justice-JPDF၊ GZ-21-PDF (Loi Kaw)၊ Southern Shan Local Revolution Union(SSLRU)၊ Federal Democracy Brotherhood Force- FDBF၊ Medic Unit- Demoso (ဆေးတပ်ဖွဲ့) စသည့် တပ်ဖွဲ့ငယ်များကို တပ်ရင်းတစ်ခုအဖြစ် ပြောင်းလဲဖွဲ့ စည်းလိုက်သောကြောင့် ၎င်းတို့ မိခင်တပ်ဖွဲ့အမည်များမှာ ပျောက်ကွယ်သွားမည်ဖြစ်ပြီး KRU တပ်ရင်းတစ်ခု တည်းသာ ကျန်ခဲ့မည်ဟု ဆိုသည်။
ပြောင်းလဲဖွဲ့စည်းလိုက်သည့် တပ်ရင်း၏ အထက်တွင် ဗဟိုကော်တီရှိမည်ဖြစ်ပြီး တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စုမှူး၊ တပ်စိတ်မှူး စသည်ဖြင့် ပါဝင်သွားမည်ဟု ဆိုည်။
ထို့အပြင် တပ်ခွဲ ၆ ခွဲပါဝင်မည်ဖြစ်ပြီး စစ်ရေးအမိန့် အားလုံးကို တပ်ရင်းမှူး တစ်ဦးတည်းကသာ ကွပ်ကဲသွား မည်ဟု KRU ပြန်ကြားရေး တာဝန်ရှိသူက ဆက်ပြောသည်။
“အခုတပ်ရင်း ဖွဲ့လိုက်ဆိုတာက စစ်ရေးကွပ်ကဲဖို့ တပ်ရင်းမှူးဆိုတဲ့ အမိန့်အာဏာ တစ်ယောက်ကို လွှဲပေးနိုင်ခဲ့ တယ်။ သူကနေပြီး စစ်ရေးတွေ စီမံမယ်။ ဒေသထဲမှာ ရှိတဲ့ မဟာမိတ်တွေနဲ့ ချိတ်ဆက်ပြီးတော့ စစ်ရေးပုံ ဖော် မယ်ဆိုတော့ စစ်ရေးပိုအားကောင်းလာမယ်လို့ မျှော်လင့်တာပေါ့။”
KRU အနေဖြင့် ကရင်နီပြည်အတွင်း ထပ်မံပေါ်ပေါက်လာမည့် တော်လှန်ရေးတပ်ဖွဲ့များကိုလည်း ၎င်းတို့ လက် အောက်ခိုဝင်ရန် ဖိတ်ခေါ်သွားမည်ဟု ဆိုသည်။ အလားတူ လက်နက်နှင့် လူအင်အား တောင့်တင်းရန်လည်း ကြိုး စားသွားမည်ဖြစ်ပြီး ကရင်နီပြည်သူ၊ တော်လှန်ရေး မဟာမိတ်များနှင့် ၎င်းတို့ တပ်ရင်းအတွက် တစ်စုံတစ်ရာ အကျိုးရှိမည့် တိုက်ပွဲများကိုသာ ဖော်ဆောင်သွားမည်ဟု KRU တာဝန်ရှိသူများက ပြောသည်။
KRU တပ်ရင်းသည် ဒီးမော့ဆိုမြိုနယ်၊ ကုန်းသာကျေးရွာတစ်လျှောက်တွင် နယ်မြေစိုးမိုးမှု ရယူပြီး ပြည်သူ့ကာ ကွယ်ရေးတပ် – ဒီးမော့ဆို (DMO PDF)၊ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် (KNDF) စသည့် မဟာမိတ်များနှင့် အတူ စစ်ရေးလှုပ်ရှားလျက်ရှိပြီး လက်ရှိ ပင်လောင်းမြို့နယ်တွင်လည်း တော်လှန်ရေး မဟာမိတ်များနှင့်အတူ တိုက်ပွဲဝင်နေသည့် တပ်ရင်း ဖြစ်သည်။