ပညာသင် ကလေးများ လုံခြုံရေးအတွက် နိုင်ငံတကာက ပံ့ပိုးရန် NUG တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၁၃ ရက်။

ကလးငယ်များ လုံခြုံစွာ ပညာသင်ယူခွင့်နှင့် ဘေးကင်းလုံခြုံသော ကျောင်းများ ပေါ်ပေါက်လာရန်အတွက် နိုင်ငံ တကာအသိုင်းအဝိုင် အနေဖြင့် ပံ့ပိုးပေးရန် တာဝန်ရှိသူ အမျိုးသား ညီညွတ်ရေး အစိုးရ NUG က ပြောသည်။

မေလ ၁၂ ရက်နေ့ (ယမန်နေ့) နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ အိုးတိမ်းတွင်းကျေးရွာ စာသင် ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆရာမ ၂ ဦး၊ ကလေးသူငယ် ၂၀ ဦး ပွဲချင်း ပြီး သေဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်ပြီးနောက် NUG ပညာရေး ဝန်ကြီးဌာန က နိုင်ငံတကာသို့ မေလ ၁၃ ရက်(ယနေ့) တွင် ထုတ်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

NUG က နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ထိရောက်အကျိုးရှိသော တားဆီးအရေးယူမှုများကို ဆောင်ရွက်ပြီး ကလေးငယ်များအတွက် လုံခြုံစွာပညာသင်ယူခွင့်နှင့် ဘေးကင်းလုံခြုံသောကျောင်းများ ပေါ်ပေါက်လာရေး အားဖြည့်ပံ့ပိုးရန် တာဝန်ရှိသည် ဟု ပြောသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကို တားဆီးပြီး အရေးယူမှု များကို ဆောင်ရွက်ပေးရန်လည်း NUG က တောင်းဆိုထားသည်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိမ်းတွင်းကျေးရွာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ရာတွင် ပါဝင်သူများကို အပြစ်ပေး အရေးယူနိုင်အောင် လုပ်ဆောင်သွားမည်ဟု NUG က ဆိုသည်။

အပြစ်မဲ့သော ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများကို လေကြောင်းမှ တိုက်ခိုက် ရန် အမိန့်ပေးသူများ၊ ပြစ်မှုကို ကာယကံမြောက် ကျူးလွန်သူများ၊ ပူးပေါင်းပါဝင်သူများအားလုံးကို ထိုက်ထိုက် တန်တန် အရေးယူအပြစ်ပေးသွားမည်။ မည်သည့်အကြောင်းကြောင်းကြောင့်မှ ပြစ်ဒဏ်ကင်း လွတ်ခွင့် မရှိစေရေး ကမ္ဘာကြေသော်လည်း ဥဒါန်းကျေမည်မဟုတ်ဘဲ ပြင်းထန်စွာ အပြစ်ပေး အရေးယူနိုင်ရေး စုံစမ်းရှာဖွေ ဖော်ထုတ်သွားမည် ဟု NUG က ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

စစ်ကောင်စီတပ်သည် မေလ ၁၂ ရက်နေ့ (ယမန်နေ့)က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ အိုးတိမ်းတွင်းကျေးရွာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သကဲ့သို့ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မန်တုံနှင့် မိုင်းငေါ့မြို့များကိုလည်း လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး ဒေသခံ ပြည်သူ ထိခိုက်သေဆုံးမှု များနှင့် လူနေအိမ်များလည်း ထိမှန်ပျက်စီးမှု ရှိခဲ့သည် ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။