ကမ္ဘာ့ ဖလား လက်မှတ်များစတင်ရောင်းချတော့မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်။ 

၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပွဲများအတွက် လက်မှတ်ရောင်းချမှု လုပ်ငန်းစဉ်များကို လာမည့် ရက်သတ္တပတ်တွင် စတင်တော့မည်ဖြစ်ကြောင့် ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်   FIFA က ကြေညာလိုက်သည်။ 

လက်မှတ်ရောင်းချသည့် စနစ်မှာ တန်ဖိုး အပြောင်းအလဲ ရှိသည့် စနစ်ကို အသုံးပြုထားမည် ဖြစ်ကြောင်းလည်း ကြေညာထားသည်။ ဆိုလိုသည်မှာ အစောပိုင်း ကမ္ဘာ့ ဖလား အုပ်စု ပွဲစဉ်များအတွက် လက်မှတ်ဈေး သက်သာပြီး ဖိုင်နယ်ပွဲ နီးလာလေလေ လက်မှတ်ဈေးကြီးလေလေ ဖြစ်သွားမည်။ 

အနိမ့်ဆုံး လက်မှတ်ဈေးသည် ဒေါ်လာ ၆၀ (ထိုင်းဘတ် ၂၀၀၀) လောက်သာ ရှိမည်ဖြစ်ပြီး ဈေးအကြီးဆုံး ဖြစ်သည့် နောက်ဆုံး ဖိုင်နယ်ပွဲစဉ်များ အတွက် လက်မှတ်များကိုမူ ဒေါ်လာ ၆,၇၃၀  က (ထိုင်းဘတ် ၂၀၀,၀၀၀) မှ စတင်ရောင်းချသွားမည်ဟု ဆိုသည်။ 

ယခုကဲ့သို့ လက်မှတ်ဈေးနှုန်း ပြောင်းလဲရောင်းချသည့် စနစ်ကို ကမ္ဘာ့ဖလား ပြိုင်ပွဲများတွင် ယခင်က အသုံးပြုခဲ့ခြင်း မရှိခဲ့ဟု ဆိုသည်။  

နောက်ထပ် အပြောင်းအလဲ တစ်ခုကတော့ ထိုင်ခုံ တည်နေရာ ကိုလိုက်၍ လက်မှတ် အမျိုးအစားများကို သတ်မှတ်ထားခြင်း ဖြစ်သည်။ 

အကောင်းဆုံးဟု သတ်မှတ်ထားသည့် ထိုင်ခုံ နေရာများကို အမျိုးအစား ၁ ဟု ခေါပြီး ဒုတိယ အကောင်းဆုံး ခုံနေရာများကို အမျိုးအစား ၂ ဟု ခေါ်ဆိုမည် ဖြစ်သည်။ အမျိုးအစား သတ်မှတ်ချက် ၄ မျိုး အထိရှိမည် ဖြစ်သည်။ 

ဘေးဘက်ပွဲကြည့်စင်များတွင် ရှိသည့် ထိုင်ခုံများသည် အမျိုးအစားသတ်မှတ်ချက် ၁ ဖြစ်နိုင်ပြီး ဂိုးတိုင်နောက်ဘက် ပွဲကြည့်စင်တွေရှိ ထိုင်ခုံများကတော့ အမျိုးအစား သတ်မှတ်ချက်နိမ့်မှာ ဖြစ်သည်။  အရင် ကမ္ဘာဖလားပွဲများတွင်တော့ ခုံတန်းအနိမ့်အမြင့် တည်ရှိမှု အပေါ်မှာ အမျိုး အစားတွေ ခွဲခြားခဲ့တာ ဖြစ်ပါတယ်။