ကနေဒါကအယ်လ်ဘာတာ ခွဲထွက်ရေး လိုလားသူများ ဆန္ဒ ခံယူပွဲ ကျင်းပနိုင်ရန် ကြိုးပမ်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်။
ကနေဒါနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ အဓိကထွက်ရှိရာ အယ်လ်ဘာတာပြည်နယ်တွင် ဗဟိုအစိုးရ၏ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တင်းကျပ်သော စည်းမျဉ်းများအပေါ် မကျေနပ်မှုများကြောင့် လွတ်လပ်ရေးလိုလားသူများ၏ လှုပ်ရှားမှုများ အရှိန်မြင့်တက်လာနေပါသည်။
လွတ်လပ်ရေးလိုလားသည့် ဒေသခံများသည် လာမည့်အောက်တိုဘာလတွင် လူထုဆန္ဒခံယူပွဲတစ်ရပ် ပေါ်ပေါက်လာစေရန်အတွက် မဲဆန္ဒရှင် ၁၀ ရာခိုင်နှုန်း၏ လက်မှတ်များကို လာမည့် မေလ ၂ ရက်နေ့ နောက်ဆုံးထား၍ စုဆောင်းလျက်ရှိပါသည်။
ထူးခြားချက်အနေဖြင့် ခွဲထွက်ရေးလှုပ်ရှားသူများသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများနှင့် ဝါရှင်တန်ဒီစီတွင် ၃ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေပါသည်။
ထိုတွေ့ဆုံမှုတွင် လွတ်လပ်ရေးရရှိပါက အမေရိကန်ထံမှ ချေးငွေရယူရေးနှင့် ရေနံပိုက်လိုင်းအသစ် သွယ်တန်းရေးကိစ္စများကို တင်ပြခဲ့ကြသည်ဟု ဆိုပါသည်။
ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးကမူ အမေရိကန်အနေဖြင့် ကနေဒါ၏ အချုပ်အခြာအာဏာကို လေးစားရန် တိုက်တွန်းထားသည်။
စစ်တမ်းများအရ အယ်လ်ဘာတာပြည်နယ်သား ၂၀ ရာခိုင်နှုန်းခန့်မှာ ခွဲထွက်ရေးကို ထောက်ခံနေသည်။
#ကနေဒါ #အယ်လ်ဘာတာ #ခွဲထွက်ရေး #ကနေဒါဝန်ကြီးချုပ်မာ့ခ်ကာနေး