တရုတ် ဒုံးကျည် စမ်းသပ်မှု ရှုတ်ချရေး ပစိဖိတ် ကျွန်းစုနိုင်ငံများ အစည်းအဝေးတွင် တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်။

ပစိဖိတ်ကျွန်းစုများ ဖိုရမ် (PIF) ထိပ်သီးအစည်းအဝေး၏ အိမ်ရှင် ပလောင်းနိုင်ငံက တရုတ်၏ ဘာလစ်စတစ်ဒုံးကျည် စမ်းသပ်မှုကို ဘူးသီးတောင် ပူးတွဲကြေညာချက်တွင် ထည့်သွင်းရှုတ်ချရန် တောင်းဆိုခဲ့မှုအပေါ် တရုတ်အစိုးရက ကိစ္စရပ်ကို ပုံကြီးချဲ့ လှုံ့ဆော်ခြင်းဟု ပြန်လည်စွပ်စွဲလိုက်သည်။

ပလောင်းသမ္မတ Surangel Whipps Jr. က တရုတ်အနေဖြင့် အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားရန်နှင့် ဒေသတွင်း ခြိမ်းခြောက်မှုများ မပြုလုပ်ရန် ပြောကြားခဲ့သည်။

တရုတ်သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ပစိဖိတ်သမုဒ္ဒရာအတွင်း ဘာလစ်စတစ်ဒုံးကျည် စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ စမ်းသပ်မှုမှာ လုံခြုံရေးစံနှုန်းများနှင့်အညီ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများကို စည်းရုံးလှုံ့ဆော်မှုများ အောင်မြင်မည်မဟုတ်ကြောင်း တုံ့ပြန်သည်။

အဆိုပါ ထိပ်သီးအစည်းအဝေးတွင် ထိုင်ဝမ်၏ တက်ရောက်ခွင့်နှင့် ပတ်သက်၍လည်း တရုတ်နှင့် အိမ်ရှင်ပလောင်းနိုင်ငံတို့အကြား သံတမန်ရေး တင်းမာမှုများ ပေါ်ပေါက်ခဲ့သည်။