ကျောက်တော်တွင် သက်ငယ် မုဒိန်းမှု ကျူးလွန်သူအား AA တရားရုံးက ထောင်ဒဏ် နှစ် ၃၀ ချမှတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ရက်။

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့်ခဲ့သူကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၃၀ ချမှတ်လိုက်ကြောင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခမှု ခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့က စက်တင်ဘာလ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။

ထောင်ဒဏ်ချမှတ်ခံရသူ ကျောက်တော်မြို့နယ်၊ သိန်းတန်ကျေးရွာနေ အသက် ၅၅ နှစ်အရွယ် ဦးမောင်အေးလှ (အဖ-ဦးစိန်ထွန်းမောင်) သည် ကျောက်တလုံးရွာနေ အသက် ၁၄ နှစ်အရွယ် မိန်းကလေးအား မုဒိမ်းမှုအပြင် ဓမ္မတာနှင့် ဆန့်ကျင်သည့် ကာမစပ်ယှက်ခြင်းများကို အတင်းအဓမ္မ ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် တရားခံ ဦးမောင်အေးလှ ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် မြောက်ဦးခရိုင် တရားရုံးက ရာဇသတ် ကြီးပုဒ်မ ၃၇၆ (မုဒိမ်းမှု) အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ (ဓမ္မတာနှင့် ဆန့်ကျင်သည့် ကာမစပ်ယှက်ခြင်း) အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခဲ့သည်။

အဆိုပါ ပြစ်ဒဏ်များကို ကျူးလွန်သည့် တရားခံအား သီးခြားစီ ကျခံစေရန် မြောက်ဦးခရိုင် တရားရုံးက အမိန့်ချ မှတ်လိုက်ခြင်း ဖြစ်သည်။

ရခိုင်ပြည်အတွင်း နေထိုင်သည့် ရှေ့နေအမျိုးသမီးတစ်ဦးက လက်ရှိအားလုံးလည်း ကြားမှာပါ ဒီကလေးသူငယ် အပါအဝင် မုဒိမ်းမှုတွေကို တပ်တော်က အထူးတရားရုံးနဲ့ပါ ဆောင်ရွက်မယ်လို့ သိရပါတယ် ရခိုင်ပြည်ထဲမှာ ရှိနေတဲ့ ကျမတို့တွေကလည်း တရားမျှတအောင် ကြိုးစားပါမယ်။ တချို့ ကျေးရွာအုပ်စုလိုက် အမျိုးသမီး တွေကို ချိတ်ဆက်ပြီး ဒီလိုမျိုးအမှုတွေ ပေါ်ပေါက်ရင် ရဲရဲဝံ့ံ့ ဆောင်ရွက်ဖို့ တောင်းဆိုကြဖို့လည်း ပြောဆိုကြ ပါတယ် အသိပညာပေးမှုတွေအပြင် မြန်ဆန်အောင် ထိရောက်အောင်လုပ်ရမှာပါ ဟု ပြောသည်။

ထို့ပြင် အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် ကျူးလွန်သည့် မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များကို တရားဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်နေကြောင်းလည်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။

ယခုအမှုမှာ ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်က ရမ်းချောင်းဒေသအတွင်း ဥယျာဉ်ခြံတစ်ခုတွင် အစောင့် လုပ်ကိုင်နေသည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို ဥယျာဉ်ခြံပိုင်ရှင် ဦးမောင်အေးလှက အတင်းအဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်သည်။ မိသားစုများက မေလ ၁၅ ရက်တွင် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ပြီးနောက် ကျူးလွန်သူ ဦးမောင်အေးလှသည် ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

ထို့နောက် ၎င်းအား ဇူလိုင်လ ၃၀ ရက်တွင် နေအိမ်၌ ဒီလပ် (မြို့မရဲစခန်း) က ဖမ်းဆီးရမိခဲ့ပြီး အမှုကို စုံစမ်းစစ် ဆေးကာ လက်ရှိတွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်ခြင်းဖြစ်သည်။