တရုတ်-မြန်မာ နယ်စပ် လွယ်ဂျယ်မှ ရွေ့ပြောင်းအလုပ်သမား တစ်ချို့ မြစ်ကြီးနားသို့ရောက်ရှိ(သတင်းဓာတ်ပုံ)
ကချင်ပြည်နယ် လွယ်ဂျယ်နယ်စပ်ဂိတ်မှ ဝင်ရောက် လာရန်ရှိသည့် ပြည်တော်ပြန်များမှ အယောက် (၃,၀၀၀)ခန့် မြစ်ကြီးနား စီတာပူရပ်ကွက်ရှိ ကုန်တင်ကုန်ချစခန်းသို့ ရောက်ရှိလာမည်ဖြစ်သည်။
ဧပြီ ၁၆ ရက်နေ့တွင် ပထမအသုတ် အနေဖြင့် ပြည်တော်ပြန် (၁၂၆)ယောက် ရောက်ရှိလာသည်ဟု စီတာပူ အုပ်ချုပ်ရေးမှူးကပြော သည်။
အဆိုပါ ပြည်တော်ပြန်များရပ်နားမည့် စီတာပူရပ်ကွက်ရှိ ကုန်တင်ကုန်ချစခန်းသည် လူနေအိမ်ခြေများနှင့် နီးကပ်လျက် ရှိနေသောကြောင့် ရပ်ကွက်အတွင်းရှိဒေသခံများက စိုးရိမ်လျက်ရှိသည်။
လက်ရှိချိန်တွင် ကချင်ပြည်နယ် နယ်စပ်ဂိတ်မှ ပြည်တော်ပြန် အယောက် ၁၈,၀၀၀ ခန့် ဝင်ရောက်လာဖို့ရှိပြီး နေ့စဉ် လက်ခံစိစစ်နိုင်မှုအရ လူဦးရေ သတ်မှတ်ကာ လက်ခံနေ ရကြောင်း သိရှိရသည်။