ပြည်တွင်းဈေးကွက် ရရှိရန် တရုတ်နယ်စပ် ကော်ဖီတောင်သူများမျှော်လင့်။(သတင်းဓာတ်ပုံ)
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ဇန္နဝါရီလ၊ ၂၂ ရက်။
တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် နယ်စပ် ဒေသအချို့မှ ကော်ဖီစိုက်တောင် သူများမှာ ကိုဗစ် ကပ်ရော ဂါကြောင့် တရုတ်နိုင်ငံသို့ ကော်ဖီများ တင်ပို့ရောင်းချရန် ခက်ခဲလာသည့်အတွက် ပြည် တွင်းသို့ ကော်ဖီများ တင်ပို့ရောင်းချနိုင်ရန် မျှော်လင့်နေကြသည်။

နယ်စပ်ဒေသမှ ကော်ဖီစိုက်တောင်သူများမှာ ယခင်က ကော်ဖီကို အဓိကဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့ကြပြီး အချို့ကိုလည်း ကချင်ပြည်နယ် မြစ်ကြီး နားမြို့သို့ တင်ပို့ရောင်းချခဲ့ကြသည်ဟု ပြော သည်။

သို့သော် ကိုဗစ် ကပ်ရောဂါကြောင့် အဆိုပါ ဒေသများသို့ ကော်ဖီ တင်ပို့ရောင်းချနိုင်ရန် ခက်ခဲလာသည့်အ တွက် ပြည်တွင်းသို့ တင်ပို့ရောင်းချနိုင်သည့် ဈေးကွက်ရရှိရန် မျှော်လင့်နေကြသည်ဟု ဆိုသည်။

တရုတ်နိုင်ငံ နယ်နိမိတ်နှင့် ထိစပ်နေသည့် ဒေသခံများမှာ ကော်ဖီမျိုးစေ့ကို တရုတ်နိုင်ငံမှ ရယူကာ တစ်နိုင် တစ်ပိုင် စီးပွားရေးအဖြစ် စိုက်ပျိုး လုပ်ကိုင်လာကြသည်မှာ ဆယ်စုနှစ်တစ်ခုခန့် ကြာမြင့်နေပြီဟု သိရသည်။


ကော်ဖီသည် နေရာ ဒေသနှင့် ရာသီဥတုကို လိုက်ပြီး အထွက်နှုန်း အတိုးအလျှော့ ရှိကြောင်း၊ တစ်နှစ်လျှင် တစ်ကြိမ်သာ အသီးသီးပြီး နှစ်ကြိမ် သုံးကြိမ်အထိ အသီးခူး၍ ရကြောင်း၊ စတင် စိုက်ပျိုးသည့် နှစ်တွင် အ ထွက်နှုန်းများသော်လည်း နောက်ပိုင်းတွင် အပင်များကို ပိုးစားကာ အထွက်နှုန်းနှေးသည်ဟု တရုတ်နယ် စပ်ရှိ ဒေသခံ ကော်ဖီစိုက်တောင်သူများက ပြောသည်။

*** ZAWGYI ***
ျပည္တြင္းေဈးကြက္ ရရွိရန္ တ႐ုတ္နယ္စပ္ ေကာ္ဖီေတာင္သူမ်ားေမွ်ာ္လင့္။(သတင္းဓာတ္ပံု)
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ဇႏၷဝါရီလ၊ ၂၂ ရက္။
တ႐ုတ္ႏိုင္ငံႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနသည့္ နယ္စပ္ ေဒသအခ်ိဳ႕မွ ေကာ္ဖီစိုက္ေတာင္ သူမ်ားမွာ ကိုဗစ္ ကပ္ေရာ ဂါေၾကာင့္ တ႐ုတ္ႏိုင္ငံသို႔ ေကာ္ဖီမ်ား တင္ပို႔ေရာင္းခ်ရန္ ခက္ခဲလာသည့္အတြက္ ျပည္ တြင္းသို႔ ေကာ္ဖီမ်ား တင္ပို႔ေရာင္းခ်ႏိုင္ရန္ ေမွ်ာ္လင့္ေနၾကသည္။

နယ္စပ္ေဒသမွ ေကာ္ဖီစိုက္ေတာင္သူမ်ားမွာ ယခင္က ေကာ္ဖီကို အဓိကေဈးကြက္ျဖစ္သည့္ တ႐ုတ္ႏိုင္ငံ သို႔ တင္ပို႔ေရာင္းခ်ခဲ့ၾကၿပီး အခ်ိဳ႕ကိုလည္း ကခ်င္ျပည္နယ္ ျမစ္ႀကီး နားၿမိဳ႕သို႔ တင္ပို႔ေရာင္းခ်ခဲ့ၾကသည္ဟု ေျပာ သည္။

သို႔ေသာ္ ကိုဗစ္ ကပ္ေရာဂါေၾကာင့္ အဆိုပါ ေဒသမ်ားသို႔ ေကာ္ဖီ တင္ပို႔ေရာင္းခ်ႏိုင္ရန္ ခက္ခဲလာသည့္အ တြက္ ျပည္တြင္းသို႔ တင္ပို႔ေရာင္းခ်ႏိုင္သည့္ ေဈးကြက္ရရွိရန္ ေမွ်ာ္လင့္ေနၾကသည္ဟု ဆိုသည္။

တ႐ုတ္ႏိုင္ငံ နယ္နိမိတ္ႏွင့္ ထိစပ္ေနသည့္ ေဒသခံမ်ားမွာ ေကာ္ဖီမ်ိဳးေစ့ကို တ႐ုတ္ႏိုင္ငံမွ ရယူကာ တစ္ႏိုင္ တစ္ပိုင္ စီးပြားေရးအျဖစ္ စိုက္ပ်ိဳး လုပ္ကိုင္လာၾကသည္မွာ ဆယ္စုႏွစ္တစ္ခုခန႔္ ၾကာျမင့္ေနၿပီဟု သိရ သည္။


ေကာ္ဖီသည္ ေနရာ ေဒသႏွင့္ ရာသီဥတုကို လိုက္ၿပီး အထြက္ႏႈန္း အတိုးအေလွ်ာ့ ရွိေၾကာင္း၊ တစ္ႏွစ္လွ်င္ တစ္ႀကိမ္သာ အသီးသီးၿပီး ႏွစ္ႀကိမ္ သုံးႀကိမ္အထိ အသီးခူး၍ ရေၾကာင္း၊ စတင္ စိုက္ပ်ိဳးသည့္ ႏွစ္တြင္ အ ထြက္ႏႈန္းမ်ားေသာ္လည္း ေနာက္ပိုင္းတြင္ အပင္မ်ားကို ပိုးစားကာ အထြက္ႏႈန္းေႏွးသည္ဟု တ႐ုတ္နယ္ စပ္ရွိ ေဒသခံ ေကာ္ဖီစိုက္ေတာင္သူမ်ားက ေျပာသည္။
