MUP ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးအပေါ် ကန့်ကွက်မှုကို ဖေဖော်ဝါရီ လဆန်းတွင် စစ်ဆေးမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၂၂ ရက်။

မွန်ညီညွတ်ရေးပါတီ (MUP) ၏ အနိုင်ရ ကိုယ်စားလှယ်တစ်ဦးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်က ကန့်ကွက်ထားမှုကို ဖေဖော်ဝါရီလဆန်းတွင် ရွေးကောက်ပွဲ ကော်မရှင်က စစ်ဆေးသွားမည်။

လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌ နှင့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်နယ်မဲဆန္ဒနယ် (၁) တွင် အနိုင်ရရှိထားသည့် မွန်ညီညွတ်ရေးပါတီမှ ကိုယ်စား လှယ် ဒေါက်တာအောင်နိုင်ဦးကို ကန့်ကွက်ထားသည့်ကိစ္စ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် စတင်စစ်ဆေး မည် ဖြစ် သည်။

“ကျနော့်ဆီကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC ကနေပြီးတော့ ကန့်ကွက်လွှာနဲ့ ပတ်သက်တဲ့ အကြောင်းအရာစာ ပေးပို့လာတယ်၊ ၃ ရက်နေ့မှာ ကျနော်တို့ ထုချေလွှာတင်သွင်ဖို့ အကြောင်းကြား စာပို့လာ တာပေါ့နော်။ တစ်ဖက်ပါတီပေါ့နော် ကျနော်နဲ့ ယှဥ်ပြိုင်ဘက်ပုဂ္ဂိုလ်ကတော့ ကျနော့်ကို ရွေးကောက်ပွဲ ရလဒ် အပေါ်မှာ ကန့်ကွက်လွှာတင်ထားတဲ့သဘောပေါ့။ ကျနော်လည်း ရွေးကောက်ပွဲ သုံးကြိမ်စလုံး ဆောင်ရွက်ခဲ့ တယ်၊ အမှားအယွင်းမရှိအောင် အမြဲတမ်း သတိနဲ့ ဖြတ်သန်းကျော်လွှာခဲ့တယ်၊ ဒါကျနော် အမှားအယွင်း တစ်စုံ တစ်ရာ ပြုလုပ်ထားခြင်းမရှိဘူးလို့ ကျနော့်ကိုယ်ကျနော်ယုံကြည်တယ်။ ဒါကြောင့် ကန့်ကွက်လွှာအပေါ်မှာ အကောင်းဆုံး ခုခံချေပသွားမယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

ကန့်ကွက်ခံထားရသည့်ကိစ္စနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ထုချေလွှာတင်သွင်းရမည့် အကြောင်း ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အကြောင်းကြားစာပေးပိုးထားပြီးဖြစ်သည်ဟု ဒေါက်တာအောင်နိုင်ဦး က ပြောသည်။

ရွေးကောက်ပွဲ သုံးကြိမ်ဆက်တိုင် အနိုင်ရရှိထားပြီး လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ တာဝန်ယူထားရ သည့် ဒေါက်တာအောင်နိုင်ဦးကို NLD ပါတီမှ လက်ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက် လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က ကန့်ကွက်ထားသည်။

ဦးမင်းကျော်လွင်သည် ၂၀၂၀ ရွေးကောက်ပွဲတုန်းက ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) တွင် ဒေါက်တာအောင်နိုင်ဦးနှင့် ယှဉ်ပြိုင်ခဲ့ပြီး ခိုင်လုံမဲ ၁၄၀၀ ကျော်ဖြင့် ဒေါက်တာအောင်နိုင်ဦးကို ရှုံးနိမ့်ထားသူ ဖြစ်သည်။

ကန့်ကွက်လွှာတင်သွင်းထားသည်နှင့် ပတ်သက်၍ ဦးမင်းကျော်လွင်ကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

ဒေါက်တာအောင်နိုင်ဦးကတော့ ၎င်းကို ကန့်ကွက်ထားသည့် အချက် ၁၅ ချက်ကျော် ပါဝင်ပြီး အသေးစိတ်ကို တော့ မပြောလိုသေးကြောင်း ပြောသည်။

“ကျနော်ထင်တာတော့ ယှဉ်ပြိုင်မှုပေါ့ဗျာ ရွေးကောက်ပွဲယှဉ်ပြိုင်မှုက တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်လာ တဲ့အပေါ်မှာ သူ့ဘက်ကလည်း မှန်တယ်ထင်လို့ ကန့်ကွက်လွှာတင်သွင်းတယ်လို့ ယူဆတယ်။ ကျနော်တို့ ဘက် ကလည်း လုပ်သမျှ ဘယ်တော့မှ အမှားအယွင်းမရှိအောင် သတိထားပြီးတော့ လုပ်တယ်၊ တချို့အကြောင်း အရာတွေကတော့ သူစိတ်ထဲမှာ ဒါက ဥပဒေနဲ့မညီဘူး ထင်ပုံရလို့ ကန့်ကွက်လွှာတင်သွင်းတယ်လို့ပဲ ပြောချင်ပါ တယ် ဒါပေမယ့် အသေးစိတ်ကတော့ လတ်တလော မပြောလိုသေးဘူး” ဟု ၎င်းက ပြောသည်။

ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်ကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေး ကောက်ပွဲရလဒ်များ ကြေညာသည့်နေ့မှစ၍ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းနိုင်ပြီး သက်သေ အထောက်အထား ခိုင်လုံပါက ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည် ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) တွင် အတွက် မွန်ညီညွတ် ရေးပါတီ (MUP)၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NMD)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) တို့မှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဉ် ပြိုင်ခဲ့သည်။

*** ZAWGYI ***
MUP ကိုယ္စားလွယ္ ေဒါက္တာ ေအာင္ႏိုင္ဦးအေပၚ ကန႔္ကြက္မႈကို ေဖေဖာ္ဝါရီ လဆန္းတြင္ စစ္ေဆးမည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၂၂ ရက္။

မြန္ညီၫြတ္ေရးပါတီ (MUP) ၏ အႏိုင္ရ ကိုယ္စားလွယ္တစ္ဦးကို အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) ပါတီ ကိုယ္စားလွယ္က ကန႔္ကြက္ထားမႈကို ေဖေဖာ္ဝါရီလဆန္းတြင္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္က စစ္ေဆးသြားမည္။

လက္ရွိ မြန္ျပည္နယ္လႊတ္ေတာ္ ဒုတိယ ဥကၠဌ ႏွင့္ မြန္ျပည္နယ္ ေခ်ာင္းဆုံၿမိဳ႕နယ္ ျပည္နယ္မဲဆႏၵနယ္ (၁) တြင္ အႏိုင္ရရွိထားသည့္ မြန္ညီၫြတ္ေရးပါတီမွ ကိုယ္စား လွယ္ ေဒါက္တာေအာင္ႏိုင္ဦးကို ကန႔္ကြက္ထားသည့္ကိစၥ ေဖေဖာ္ဝါရီ ၃ ရက္ေန႔တြင္ စတင္စစ္ေဆး မည္ ျဖစ္ သည္။

“က်ေနာ့္ဆီကိုေတာ့ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ UEC ကေနၿပီးေတာ့ ကန႔္ကြက္လႊာနဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာစာ ေပးပို႔လာတယ္၊ ၃ ရက္ေန႔မွာ က်ေနာ္တို႔ ထုေခ်လႊာတင္သြင္ဖို႔ အေၾကာင္းၾကား စာပို႔လာ တာေပါ့ေနာ္။ တစ္ဖက္ပါတီေပါ့ေနာ္ က်ေနာ္နဲ႔ ယွဥ္ၿပိဳင္ဘက္ပုဂၢိဳလ္ကေတာ့ က်ေနာ့္ကို ေ႐ြးေကာက္ပြဲ ရလဒ္ အေပၚမွာ ကန႔္ကြက္လႊာတင္ထားတဲ့သေဘာေပါ့။ က်ေနာ္လည္း ေ႐ြးေကာက္ပြဲ သုံးႀကိမ္စလုံး ေဆာင္႐ြက္ခဲ့ တယ္၊ အမွားအယြင္းမရွိေအာင္ အၿမဲတမ္း သတိနဲ႔ ျဖတ္သန္းေက်ာ္လႊာခဲ့တယ္၊ ဒါက်ေနာ္ အမွားအယြင္း တစ္စုံ တစ္ရာ ျပဳလုပ္ထားျခင္းမရွိဘူးလို႔ က်ေနာ့္ကိုယ္က်ေနာ္ယုံၾကည္တယ္။ ဒါေၾကာင့္ ကန႔္ကြက္လႊာအေပၚမွာ အေကာင္းဆုံး ခုခံေခ်ပသြားမယ္” ဟု ေဒါက္တာေအာင္ႏိုင္ဦးက ေျပာသည္။

ကန႔္ကြက္ခံထားရသည့္ကိစၥႏွင့္ ပတ္သက္ၿပီး ေဖေဖာ္ဝါရီ ၃ ရက္ေန႔တြင္ ထုေခ်လႊာတင္သြင္းရမည့္ အေၾကာင္း ကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္မွ အေၾကာင္းၾကားစာေပးပိုးထားၿပီးျဖစ္သည္ဟု ေဒါက္တာေအာင္ႏိုင္ဦး က ေျပာသည္။

ေ႐ြးေကာက္ပြဲ သုံးႀကိမ္ဆက္တိုင္ အႏိုင္ရရွိထားၿပီး လက္ရွိ မြန္ျပည္နယ္လႊတ္ေတာ္ ဒု-ဥကၠဌ တာဝန္ယူထားရ သည့္ ေဒါက္တာေအာင္ႏိုင္ဦးကို NLD ပါတီမွ လက္ရွိ မြန္ျပည္နယ္အစိုးရအဖြဲ႕ စည္ပင္သာယာေရးႏွင့္ ေဆာက္ လုပ္ေရးဝန္ႀကီး ဦးမင္းေက်ာ္လြင္ က ကန႔္ကြက္ထားသည္။

ဦးမင္းေက်ာ္လြင္သည္ ၂၀၂၀ ေ႐ြးေကာက္ပြဲတုန္းက ေခ်ာင္းဆုံၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္ (၁) တြင္ ေဒါက္တာေအာင္ႏိုင္ဦးႏွင့္ ယွဥ္ၿပိဳင္ခဲ့ၿပီး ခိုင္လုံမဲ ၁၄၀၀ ေက်ာ္ျဖင့္ ေဒါက္တာေအာင္ႏိုင္ဦးကို ရႈံးနိမ့္ထားသူ ျဖစ္သည္။

ကန႔္ကြက္လႊာတင္သြင္းထားသည္ႏွင့္ ပတ္သက္၍ ဦးမင္းေက်ာ္လြင္ကို ဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း လက္ခံေျဖၾကားျခင္းမရွိေပ။

ေဒါက္တာေအာင္ႏိုင္ဦးကေတာ့ ၎ကို ကန႔္ကြက္ထားသည့္ အခ်က္ ၁၅ ခ်က္ေက်ာ္ ပါဝင္ၿပီး အေသးစိတ္ကို ေတာ့ မေျပာလိုေသးေၾကာင္း ေျပာသည္။

“က်ေနာ္ထင္တာေတာ့ ယွဥ္ၿပိဳင္မႈေပါ့ဗ်ာ ေ႐ြးေကာက္ပြဲယွဥ္ၿပိဳင္မႈက တစ္ေယာက္နဲ႔တစ္ေယာက္ ယွဥ္ၿပိဳင္လာ တဲ့အေပၚမွာ သူ႔ဘက္ကလည္း မွန္တယ္ထင္လို႔ ကန႔္ကြက္လႊာတင္သြင္းတယ္လို႔ ယူဆတယ္။ က်ေနာ္တို႔ ဘက္ ကလည္း လုပ္သမွ် ဘယ္ေတာ့မွ အမွားအယြင္းမရွိေအာင္ သတိထားၿပီးေတာ့ လုပ္တယ္၊ တခ်ိဳ႕အေၾကာင္း အရာေတြကေတာ့ သူစိတ္ထဲမွာ ဒါက ဥပေဒနဲ႔မညီဘူး ထင္ပုံရလို႔ ကန႔္ကြက္လႊာတင္သြင္းတယ္လို႔ပဲ ေျပာခ်င္ပါ တယ္ ဒါေပမယ့္ အေသးစိတ္ကေတာ့ လတ္တေလာ မေျပာလိုေသးဘူး” ဟု ၎က ေျပာသည္။

ေ႐ြးေကာက္တင္ေျမႇာက္ခံရေသာ လႊတ္ေတာ္ကိုယ္စားလွယ္ကို ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမွ ေ႐ြး ေကာက္ပြဲရလဒ္မ်ား ေၾကညာသည့္ေန႔မွစ၍ ၄၅ ရက္အတြင္း ကန႔္ကြက္လႊာတင္သြင္းႏိုင္ၿပီး သက္ေသ အေထာက္အထား ခိုင္လုံပါက ကိုယ္စားလွယ္အျဖစ္မွ ပယ္ဖ်က္ခံရမည္ ျဖစ္သည္။

၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ေခ်ာင္းဆုံၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္ အမွတ္(၁) တြင္ အတြက္ မြန္ညီၫြတ္ ေရးပါတီ (MUP)၊ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီ (NMD)၊ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ (USDP) ႏွင့္ ျပည္ေထာင္စု ေကာင္းက်ိဳးေဆာင္ပါတီ (UBP) တို႔မွ ကိုယ္စားလွယ္ေလာင္းမ်ား ဝင္ေရာက္ ယွဥ္ ၿပိဳင္ခဲ့သည္။