အပစ်ရပ် အဖွဲ့များနှင့် အစိုးရတို့ ယခုလကုန်တွင် ဆွေးနွေးနိုင်ရန် ညှိုနှိုင်းလျက်ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၂၃ ရက်။
NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များနှင့် အစိုးရ တို့ ဇန္နဝါရီလ လကုန်ပိုင်းတွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးနိုင်ရန် ညှိနှိုင်းနေကြသည်ဟု မြန်မာနိုင် ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကပြောသည်။
NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သည့် ABSDF ဒု-ဥက္ကဋ္ဌ ဦးမျိုးဝင်း က “ညှိနှိုင်းနေတယ်ဆိုတဲ့ သဘောလောက်ပဲ ပြောနိုင်တယ်နော်။ အခု ကတော့ ၂၈ ရက်နေ့မှာ တွေ့ဖို့အတွက် ကတော့ နှစ်ဖက် ညှိနှိုင်းနေတာပေါ့နော။ အွန်လိုင်းကပဲ ဖြစ်မှာပေါ့ အလွတ်ဘောပါပဲ။ နှစ်ဖက်ကတော့ အဆိုပြုထားကြတယ်။ ညှိနှိုင်းနေတယ်” ဟု ပြောသည်။
အစိုးရနှင့် NCA အပစ်ရပ်အဖွဲ့တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးနိုင်မည် ဆို ပါက စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ပြီးနောက် ဆက်လက်လုပ်ဆောင်ရမည့် ငြိမ်းချမ်းရေး လုပ် ငန်းစဉ် ကိစ္စရပ်များကို အပစ်ရပ်အဖွဲ့များဖက်မှ အဓိကထား ဆွေးနွေးသွားကြမည်ဟု ဦးမျိုးဝင်းက ဆက် ပြောသည်။
“အဓိကကတော့ ညီလာခံ ပြီးကတည်းကနေပြီးတော့ ရွေးကောက်ပွဲနဲ့ အခြေအနေတွေကို စောင့် ကြည့် နေရတာပေါ့ အဲဒီအနေအထားအပေါ်မှာ မူတည်ပြီးတော့ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရွေး ကောက် ပွဲပြီးတဲ့နောက်မှာ စတုတ္ထအကြိမ် ပင်လုံပြီးတဲ့နောက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဘယ်လို ဆောင်ရွက် မ လဲ ဆိုတာ Process ကိုပဲ ဆွေးနွေးမှာပါ။ ကျန်တာ အသေးစိတ်ကတော့ ဆွေးနွေးဖို့ မရှိသေးပါဘူး” ဟု ပြောသည်။
ထို့အပြင် ဆက်လက်လုပ်ဆောင်ရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပြင် တစ်ဖွဲ့ချင်းစီနှင့် သက်ဆိုင်သည့် အပစ်ရပ် သဘောတူချက်ဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးမှုများရှိနိုင်သည်ဟု ABSDF ဒု-ဥက္ကဋ္ဌ က ပြော သည်။
ဦးမျိုးဝင်းက “ငြိမ်းချမ်းရေး လုပ်ငန်းစဉ် Process ဘယ်လိုစမလဲ ဆိုတာဟာကိုပဲ အဓိက ဆွေးနွေးရ မှာပါ။ ကျန်တဲ့ ကိစ္စတွေဟာ ရှိကောင်းရှိနိုင်တယ်။ ဒါကတော့ တစ်ဖွဲ့ချင်းဆွေးနွေးရမယ့် Bilateral သွားရ မယ့် ကိစ္စတွေက ရှိမှာပေါ့နော” ဟု ပြောသည်။
ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် NLD ပါတီက အစိုးရသစ် မဖွဲ့စည်းနိုင်မီအချိန်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အလွတ်သဘော ဆွေးနွေးညှိနှိုင်း နိုင်ရန်အတွက် NCA အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များက ယာယီတွေ့ဆုံဆွေးနွေးညှိနှိုင်းရေး အဖွဲ့တစ်ခုကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ အတွင်းက ပြုလုပ်သည့် အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ PPST အစည်းအဝေးတွင် ဖွဲ့စည်းထားသည်။
PPST ၏ ထို ယာယီ တွေ့ဆုံညှိနှိုင်းရေးအဖွဲ့ကို RCSS မှ ဗိုလ်မှူးကြီးစိုင်းငင်း က ဦးဆောင်မည်ဖြစ်ပြီး အ ပစ်ရပ် ၁၀ ဖွဲ့က ကိုယ်စားလှယ် တစ်ယောက်စီ ပါဝင်မည်ဟု သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF၊ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ် မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ် ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးထားကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်ကြသည်။
*** ZAWGYI ***
အပစ္ရပ္ အဖြဲ႔မ်ားနွင့္ အစိုးရတို႔ ယခုလကုန္တြင္ ေဆြးေႏြးနိုင္ရန္ ညိႈႏိႈင္းလ်က္ရွိ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုနွစ္၊ ဇႏၷဝါရီလ ၂၃ ရက္။
NCA အပစ္ရပ္လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔မ်ားႏွင့္ အစိုးရ တို႔ ဇႏၷဝါရီလ လကုန္ပိုင္းတြင္ အလြတ္သေဘာ ေတြ႕ဆံုေဆြးေႏြးႏိုင္ရန္ ညွိႏႈိင္းေနၾကသည္ဟု ျမန္မာႏိုင္ ငံလံုးဆိုင္ရာ ေက်ာင္းသားမ်ားဒီမိုကရက္တစ္တပ္ဦး ABSDF ကေျပာသည္။
NCA အပစ္ရပ္ လက္မွတ္ေရးထိုးထားသည့္ အဖြဲ႔မ်ားထဲမွ တစ္ဖြဲ႔ျဖစ္သည့္ ABSDF ဒု-ဥကၠ႒ ဦးမ်ိဳး၀င္း က “ညွိႏႈိင္းေနတယ္ဆိုတဲ့ သေဘာေလာက္ပဲ ေျပာႏိုင္တယ္ေနာ္။ အခု ကေတာ့ ၂၈ ရက္ေန႔မွာ ေတြ႕ဖို႔အတြက္ ကေတာ့ ႏွစ္ဖက္ ညွိႏႈိင္းေနတာေပါ့ေနာ။ အြန္လိုင္းကပဲ ျဖစ္မွာေပါ့ အလြတ္ေဘာပါပဲ။ ႏွစ္ဖက္ကေတာ့ အဆိုျပဳထားၾကတယ္။ ညွိႏႈိင္းေနတယ္” ဟု ေျပာသည္။
အစိုးရႏွင့္ NCA အပစ္ရပ္အဖြဲ႔တို႔ အလြတ္သေဘာ ေတြ႕ဆံုေဆြးေႏြးႏိုင္မည္ ဆို ပါက စတုတၳအႀကိမ္ ၂၁ ရာစု ပင္လံုညီလာခံ ၿပီးေနာက္ ဆက္လက္လုပ္ေဆာင္ရမည့္ ၿငိမ္းခ်မ္းေရး လုပ္ ငန္းစဥ္ ကိစၥရပ္မ်ားကို အပစ္ရပ္အဖြဲ႔မ်ားဖက္မွ အဓိကထား ေဆြးေႏြးသြားၾကမည္ဟု ဦးမ်ိဳး၀င္းက ဆက္ ေျပာသည္။
“အဓိကကေတာ့ ညီလာခံ ၿပီးကတည္းကေနၿပီးေတာ့ ေရြးေကာက္ပြဲနဲ႔ အေျခအေနေတြကို ေစာင့္ ၾကည့္ ေနရတာေပါ့ အဲဒီအေနအထားအေပၚမွာ မူတည္ၿပီးေတာ့ ဒီၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကို ေရြး ေကာက္ ပြဲၿပီးတဲ့ေနာက္မွာ စတုတၳအႀကိမ္ ပင္လံုၿပီးတဲ့ေနာက္မွာ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဘယ္လို ေဆာင္ရြက္ မ လဲ ဆိုတာ Process ကိုပဲ ေဆြးေႏြးမွာပါ။ က်န္တာ အေသးစိတ္ကေတာ့ ေဆြးေႏြးဖို႔ မရွိေသးပါဘူး” ဟု ေျပာသည္။
ထို႔အျပင္ ဆက္လက္လုပ္ေဆာင္ရမည့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားအျပင္ တစ္ဖြဲ႔ခ်င္းစီႏွင့္ သက္ဆိုင္သည့္ အပစ္ရပ္ သေဘာတူခ်က္ဆိုင္ရာ ကိစၥရပ္မ်ားကိုလည္း ေဆြးေႏြးမႈမ်ားရွိႏိုင္သည္ဟု ABSDF ဒု-ဥကၠ႒ က ေျပာ သည္။
ဦးမ်ိဳး၀င္းက “ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ Process ဘယ္လိုစမလဲ ဆိုတာဟာကိုပဲ အဓိက ေဆြးေႏြးရ မွာပါ။ က်န္တဲ့ ကိစၥေတြဟာ ရွိေကာင္းရွိႏိုင္တယ္။ ဒါကေတာ့ တစ္ဖြဲ႔ခ်င္းေဆြးေႏြးရမယ့္ Bilateral သြားရ မယ့္ ကိစၥေတြက ရွိမွာေပါ့ေနာ” ဟု ေျပာသည္။
ေရြးေကာက္ပြဲတြင္ အႏိုင္ရရွိခဲ့သည့္ NLD ပါတီက အစိုးရသစ္ မဖြဲ႔စည္းႏိုင္မီအခ်ိန္တြင္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားကို အလြတ္သေဘာ ေဆြးေႏြးညွိႏႈိင္း ႏိုင္ရန္အတြက္ NCA အပစ္ရပ္ထားသည့္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔မ်ားက ယာယီေတြ႕ဆံုေဆြးေႏြးညွိႏႈိင္းေရး အဖြဲ႔တစ္ခုကို ၿပီးခဲ့သည့္ ၂၀၂၀ ခုႏွစ္ ႏို၀င္ဘာလ အတြင္းက ျပဳလုပ္သည့္ အပစ္ရပ္အဖြဲ႔မ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္ အဖြဲ႔ PPST အစည္းအေ၀းတြင္ ဖြဲ႔စည္းထားသည္။
PPST ၏ ထို ယာယီ ေတြ႕ဆံုညွိႏႈိင္းေရးအဖြဲ႔ကို RCSS မွ ဗိုလ္မွဴးႀကီးစိုင္းငင္း က ဦးေဆာင္မည္ျဖစ္ၿပီး အ ပစ္ရပ္ ၁၀ ဖြဲ႔က ကိုယ္စားလွယ္ တစ္ေယာက္စီ ပါ၀င္မည္ဟု သိရသည္။
ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္ တစ္တပ္ဦး ABSDF၊ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU ၊ ခ်င္းအမ်ိဳးသားတပ္ဦး CNF ၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNLA/PC ၊ ပအို႔ဝ္အမ်ိဳးသား လြတ္ ေျမာက္ေရးအဖြဲ႕ခ်ဴပ္ PNLO၊ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ ALP ၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS ၊ ကရင္အမ်ိဳးသား ဒီမိုေရစီအက်ိဳးျပဳတပ္မေတာ္ DKBA ၊ မြန္ျပည္သစ္ ပါတီ NMSP ႏွင့္ လားဟူဒီမိုကရက္တစ္အစည္းအ႐ုံး LDU တို႔ သည္ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူ စာခ်ဳပ္ NCA လက္မွတ္ေရးထိုးထားၾကသည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ား ျဖစ္ၾကသည္။