ရေး-သံဖြူဇရပ် ယာဉ်တိုက်မှု လူ ၇ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။
မွန်ပြည်နယ် ရေး-သံဖြူဇရပ်လမ်းမပေါ်တွင် ယာဥ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ခရီးသည် ၇ ဦး သေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု အကူအညီပေးနေသည့် လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။
နိုဝင်ဘာ ၁၁ ရက်နေ့ (ယမန်နေ့) ညနေ ၃ နာရီခွဲဝန်းကျင် အချိန်ခန့်က မော်လမြိုင်ဘက်မှ ထားဝယ်ဘက်သို့ မောင်းနှင်လာသည့် light Truck မော်တော်ယာဥ်နှင့် နှစ်ကရင်ရွာလမ်းဝမှ ထွက်လာသည့် ရာဘာသစ်တင်ကားတို့ တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရေးမြို့ အောင် မင်္ဂလာလူမှုကူညီကယ်ဆယ်ရေးအသင်းမှ ကိုဘမင်းက “ကျနော်တို့ ရေး-သံဖြူဇရပ် နှစ်ကရင် လမ်းဝမှာ ကံပေါက် ဖေါင်းတောကျေးရွာကကားနဲ့ နှစ်ကရင်လမ်းဝက ထွက်လာတဲ့ ရာဘာသစ်တင်တဲ့ကားနဲ့ တိုက်ကြတယ်။ light Truck ကားကတော့ main လမ်းမကြီးကနေ သွားနေတာပေါ့။ နှစ်ကရင်လမ်းဝကနေ ထွက်လာတဲ့ သစ်ကားနဲ့ ဖင်ကနေ ဖြတ်တိုက်လိုက်တာ light Truck ကားကတော့ တစ်စီးလုံးကျေသွားတယ် လူ ၇ ယောက် သေသွားတယ်၊ ၆ ယောက် ဒဏ်ရာရတယ်” ဟု ပြောသည်။
အဆိုပါ ယာဥ်တိုက်မှုကြောင့် မော်လမြိုင်ဘက်မှ ထားဝယ်ဘက်သို့ မောင်းနှင်လာသည့် light Truck ယာဥ်ပေါ် တွင် ပါလာသည့် ခရီးသည် ၁၆ ဦးအနက် ၇ ဦး သေဆုံးသွားပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရေးမြို့ အောင်မင်္ဂလာ လူမှုကူညီ ကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ပြောသည်။
သေဆုံးသွားသူ ၇ ဦးတွင် အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၆ ဦး ဖြစ်သည်။
ထိခိုက်ဒဏ်ရာရရှိသူ ၆ ဦးအနက်မှ လက်ကျိုး၊ ပေါင်ကျိုးဒဏ်ရာရရှိထားသည့် ကလေးနှစ်ယောက်ကို မော်လ မြိုင်ဆေးရုံသို့ ကူညီပို့ဆောင်ထားပြီး ကျန်လူနာ ၄ ဦးကိုတော့ ရေးမြို့ဆေးရုံတွင် ပို့ဆောင်ဆေးကုသမှု ခံယူနေ ရသည်။
ထိခိုက်ဒဏ်ရာ ရရှိသူများထဲမှ ယာဥ်မောင်းနှင့် ယာဥ်ပေါ်ပါ အခြားကလေးနှစ်ဦးမှာ ပွန်းပဲ့ဒဏ်ရာခန့်သာ ရရှိခဲ့ သည်ဟုလည်း လူမှုကူညီ ကယ်ဆယ်ရေး အသင်းမှ သိရသည်။
ယာဥ်တိုက်မှုဖြစ်ပွားခဲ့သည့် အဆိုပါ light Truck ယာဥ်သည် တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကန်ဘောက် ဖေါင်း တောကျေးရွာမှ ဖြစ်ပြီး ရန်ကုန်မှ ပြန်လာသည့် ယာဥ်ဖြစ်သည်ဟုလည်း ရေးမြို့ အောင်မင်္ဂလာလူမှုကူညီ ကယ် ဆယ်ရေးအသင်းထံမှ သိရသည်။
သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့၏ အကူအညီများဖြင့် နိုဝင်ဘာ ၁၂ ရက်နေ့ (ယနေ့) တွင် နေရပ်သို့ ပို့ဆောင်ပေးခဲ့သည်ဟုလည်း ကိုဘမင်းက ပြောသည်။
တိုက်မှုဖြစ်ပွားခဲ့သည့် ရာဘာသစ်တင်ကားမှာ ထိခိုက်မှုမရှိပဲ ယာဥ်မောင်းက ထွက်ပြေးသွားသည်ဟု ကူညီ ဆောင်ရွက်ပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။
အဆိုပါ ယာဥ်တိုက်မှုဖြစ်စဥ်နှင့် ပတ်သက်ပြီး မော်တော်ယာဥ်ကို မဆင်မခြင် မောင်းနှင်မှုဖြင့် ယာဥ်မောင်းတို့ကို ရဲစခန်းတွင် အမှုဖွင့်အရေးယူထားသည် ဟု သိရသည်။