မတ္တရာတွင် ဗုံး သံသယ ဖြင့် ဖမ်းဆီးထားသူ နှစ်ဦး အနက် တစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။
မတ္တရာမြို့အဝင် စစ်ဆေးရေးဂိတ်တွင် ဗုံးပေါက်ကွဲမူဖြစ်ပွားခဲ့ပြီးနောက် သံသယဖြင့်ဖမ်းဆီးရသူ ရွာသား နှစ်ဦး အနက်တစ်ဦးမှာ စစ်ကြောရေးတွင် သေဆုံးသွားသည်။
ကျောက်တံတား ကျေးရွာမှ သံသယဖြင့် ဖမ်းဆီးခံရသူ ရွာသားနှစ်ဦးအနက် ကိုရဲအောင် အသက် ၃၅ နှစ်သည် နိုဝင်ဘာလ ၁၃ ရက်နေ့ (ယနေ့) စစ်ကြောရေးတွင် သေဆုံးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အသက်၄၀အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက “ရိုက်နှက်ထားတာလည်း ရစရာမရှိဘူး။ ခေါင်းကလည်း အိ ပျော့နေပြီး ဗိုက်မှာလည်း ညိုမဲနေတာ။ ပေါင်မှာ လည်း ဖိနပ်ရာတွေနဲ့” ဟု ပြောသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့က သံသယနှင့် ဖမ်းဆီးခံလိုက်ရသည် ကိုရဲအောင် အောက်တိုဘာလ ၁၃ ရက်နေ့(ယနေ့) နေ့လည် ၁၂ နာရီအချိန်ခန့်တွင် သေဆုံးသွားကြောင်း ဖုန်းဆက်အကြောင်းကြားသဖြင့် အလောင်းသွားယူခဲ့ရ သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူများက ပြောသည်။
ကိုရဲအောင် အသက် ၃၅ နှစ် နှင့် ဦးမြင့်နိုင် အသက် ၅၀ နှစ်တို့ နှစ်ဦးသည် နေအိမ်တွင် စကားပြောနေစဉ် စစ် ကောင်စီတပ်ဖွဲ့ဝင်များက ဦးမြင့်နိုင်၏ သားဖြစ်သူရှိလားဟု မေးမြန်းလာစဉ် မသိဘူးဟု ပြောဆိုသဖြင့် ရိုက်နှက် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီ၏ စစ်ကြောရေးတွင် သေဆုံးသွားသည့် ကိုရဲအောင်သည် အိမ်ထောင်သည် တစ်ဦးဖြစ်ပြီး ဇနီးသည် နှင့် တစ်လသား အရွယ် ကလေးတစ်ယောက်ကျန် ခဲ့သည်။
နိုဝင်ဘာလ ၁၂ ရက်နေ့၊ နံနက် ၉ နာရီ အချိန်ခန့်တွင် မတ္တရာမြို့အဝင် စစ်ဆေးရေးဂိတ်တွင် ဗုံးပေါက်ကွဲမှု ဖြစ် ပွားခဲ့ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာနှင့် နှစ်မိုင်ခန့်အကွာရှိ ကျောက်တံတားကျေးရွာမှ ကိုရဲအောင် နှင့် ဦးမြင့်နိုင်တို့ နှစ်ဦးကို အထောက်အထား သက်သေ တစ်စုံတစ်ရာ မရှိဘဲ စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
မြို့အဝင်စစ်ဆေးရေးဂိတ် ဗုံးပေါက်ကွဲမူကြောင့် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိသည်ဟု လည်း သိရသည်။ လက်ရှိ မတ္တရာမြို့ စစ်ဆေးရေးဂိတ်တွင် လုံခြုံများ တင်းကြပ်စွာဖြင့် စစ်ဆေးမှုများလည်း ပြုလုပ် နေသည်။