နောင်ချိုတိုက်ပွဲကြောင့် အရပ်သားများ ဘေးလွတ်ရာ ထွက်ပြေးရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၂ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲတွင် စစ်ကောင်စီတပ်နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် (MDY-PDF) တို့အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး လူနေအိမ်များ ထိမှန်ပျက်စီးခဲ့သည့်အပြင် ပြည် သူများလည်း ဘေးလွှတ်ရာကို ထွက်ပြေးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ဧပြီလ ၅ ရက်နေ့မှ ယနေ့အချိန်ထိ နှစ်ဖက်ကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြော သည်။

နောင်ချိုမြို့နယ်အတွင်းက သံဘို၊ ဟိုခဲ၊ ကုန်းကြီးအစရှိသည့်ကျေးရွာများအပြင် ပြင်ဦးလွင် -နောင်ချို-မိုးကုတ် လမ်းပိုင်းရှိ ဟိုခို၊ ဒိုးပင်၊ လုံခမ်၊ ဆိပ်ဖူးကျေးရွာများဘက်တွင်လည်း ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဒေသခံအမျိုးသမီးတစ်ဦးက “အခြေအနေက ရွာကလူတွေ အလုပ်သွားတာ၊ စစ်တပ်ဘက်က ရွာတွေဘက်မှာ တဲတွေထဲ ထမင်းဟင်းတွေလာချက်စားကြတယ်။ ရွာသားတွေကို သူတို့က ငါတို့ကို မကြောက်နဲ့ ငါတို့ ဘာမှ မလုပ်ဘူး အဲ့လိုမျိုး ပြောတယ်။ တနေ့ကလည်း တိုက်ပွဲအသံလည်းကြားရတယ်။ သရက်ကုန်းတို့ ဘာတို့ဘက် ကနေ အသံတွေ ကြားနေရတာ” ဟု ပြောသည်။

ပြင်ဦးလွင် -နောင်ချို-မိုးကုတ်လမ်းပိုင်းရှိ ဟိုခို၊ ဒိုးပင်၊ လုံခမ်၊ ဆိပ်ဖူးကျေးရွာများဘက်တွင် ဖြစ်ပွားခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပြခဲ့ခြင်း ဖြစ်သည်။

အလားတူ နောင်ချိုမြို့နယ်အတွင်းရှိ သံဘို၊ ဟိုခဲ၊ ကုန်းကြီး အစရှိသည့် ကျေးရွာများအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပတ်သက် ကုန်းကြီးဒေသခံ အမျိုးသားတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“အခုတော့ မဖြစ်တော့ဘူး တိုက်ပွဲကတော့။ ဒါပေမယ့် စစ်ကြောင်းတော့ ဆက်တိုက်ထိုးနေတယ်။ ၅ ရက်နေ့ ကနေ ၉ ရက်နေ့အထိ ဖြစ်တဲ့တိုက်ပွဲထဲမှာ ကျနော်တို့ ကုန်းကြီးက အိမ် ၈လုံး၊ ၉ လုံးလောက် ပျက်စီးသွားတာ ရှိတယ်။ ရွာသားတွေကတော့ ဖြစ်ဖြစ်ချင်း ထွက်ပြေးကြတာပဲ” ဟု ပြောသည်။

နောင်ချိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ကုန်းကြီးကျေးရွာအုပ်စုထဲက ဟိုခဲ၊ ဟိုခို၊ ကြူကော်၊ နမ့် ကောင်း၊ ကြူအင်းနှင့် ကုန်းကြီးကျေးရွာတို့မှ ဒေသခံရွာသားများသည် ဘေးလွတ်ရာသို့ ယနေ့အချိန်ထိ ထွက် ပြေးတိမ်းရှောင်နေကြရသည်ဟု ကုန်းကြီးဒေသခံ အမျိုးသားက ဆက်ပြောသည်။

ဧပြီလ ၅ ရက်နေ့တွင် စစ်ကောင်စီနှင့် မန္တလေး PDF တို့အကြားက တိုက်ပွဲအတွင်း သံဘိုကျေးရွာမှ ကလေးငယ် ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်နှင့် မန္တလေး PDF တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများမှာ နောင်ချိုမြို့နယ်တွင်း အပြင် ပြင် ဦးလွင်၊ နောင်ချို၊ မိုးကုတ်မြို့ချင်း ဆက်စပ်နေသည့် လမ်းပေါ်ရှိ ကျေးရွာများတွင်ပါဖြစ်ပွားနေပြီး စစ်ကောင်စီ တပ်က နောင်ချိုမြို့နယ် ဆမ္မဆယ်သုံးဆယ်၊ ပြင်ဦးလွင်မြို့နယ်အတွင်း ညောင်ကုန်းကျေးရွာ နှင့် ကျောက်မဲလေး ကျေးရွာတို့တွင် အင်အားတိုးချထားသည်ဟု ဒေသခံများက ပြောသည်။