စမတ်ကပ်လုပ်သူများကို လဝက ဝန်ထမ်းများက ငွေတောင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၈ ရက်။ 

ရှမ်းပြည်၏ မြို့တော်၊ တောင်ကြီးမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန (လဝက) ရုံးတွင် စမတ်ကတ် ပြုလုပ်နေသူများထံမှ ဝန်ထမ်းများက ငွေကြေးမြောက်မြားစွာ တောင်းခံနေသည်ဟု ကိုယ် တိုင် ကြုံခဲ့ရသူများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စတင်၍ တောင်ကြီးမြို့ရှိ ရပ်ကွက်အားလုံးတွင် လဝက ဝန်ထမ်များမှ ကွင်းဆင်း ဆောင်ရွက်ခဲ့ပြီးနောက် ယခုဧပြီလအတွင်း ကျန်ရှိသူများအား ရုံးသို့ ကိုယ်တိုင်လာရောက်၍ စမတ်ကတ်များ ပြုလုပ်ခိုင်းကာ ငွေကြေးတောင်းခံ‌နေခြင်း ဖြစ်သည်။

ကိုယ်တိုင်ကြုံတွေ့ခဲ့သူ တစ်ဦးက မှတ်ပုံတင် ယူပြီးတော့ လဝကရုံး သွားရတယ်။ ပြီးတော့ ဒဏ်ငွေ ဆောင်ရ တယ်။ ပြီးတော့ နင်တို့ မှတ်ပုံတင်နဲ့ တစ်ခုခု မကိုက်လို့ပါ ဆိုပြီးတော့ ပိုက်ဆံအကြီးကျယ်‌ တောင်းတယ်။ ပြီး တဲ့ အခါကျတော့ ပိုက်ဆံရှိတဲ့ လူတို့ ပိုက်ဆံတတ်နိုင်တဲ့လူတို့  ဆိုလို့ရှိရင် မှတ်ပုံတင်နဲ့ အချက်အလက် မကိုက် တော့ဘူး။ မှတ်ပုံတင်နဲ့ အချက်လက် မကိုက်ဘူးဆိုရင် လဝကရုံးသွားတယ်၊ ဒဏ်ငွေ ဆောင်ရတယ်။ အဓိက ဘာကို ပြောချင်လဲ ဆိုတော့ သူတို့ ပိုက်ဆံ ရိုက်စားနေတာ သိလား ဟု ပြောသည်။

လဝက ဝန်ထမ်းများမှ မှတ်ပုံတင်နှင့် စမတ်ကတ် အချက်အလက် မကိုက်ညီဘူးဟု ဆိုကာ သာမန် လက်လုပ် လက်စား အရပ်သား တစ်ဦးလျှင် အနည်းဆုံး ကျပ် ၂၀,၀၀၀၊ လူလတ်တန်းစား တစ်ဦးလျှင် ကျပ် ၅၀,၀၀၀ နှင့် ငွေကြေးချမ်းသူများအား တစ်ဦးလျှင် ကျပ် ၁၀၀,၀၀၀ မှ ကျပ် ၅၀၀,၀၀၀ အထိ တောင်းခံနေသည်ဟု ဆိုသည်။

ထို့အပြင် စမတ်ကတ် ပြုလုပ်သူများအား မြို့နယ် လဝကရုံးတွင် ငွေကြေးတောင်းခံပါက လူသိရှင်ကြား ဖြစ်နိုင် သည် ဖြစ်ရာ ရှမ်းပြည်နယ် အစိုးရ၊ ဝန်ကြီးများ စုပေါင်းရုံးအထိ သွားရောက် ဆောင်ရွက်ခိုင်းသည်ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့သူ တစ်ဦးက ဆက်ပြောသည်။

“စုပေါင်းရုံး ၃ ထပ်ရှိတယ်လေ။ အဲ့ ၃ ထပ်ရဲ့ အပေါ်ဆုံး ထောင့်ထဲမှာကို လုပ်တာ။ လုံးဝခိုးကြောင်ခိုးဝှက်။ ခိုးကြောင် ခိုးဝှက်ဆိုပေမယ့် အမှန်အကန်။ ဒီစမတ်နဲ့ ခရီးသွားလို့ရမယ်။ အမှန်အကန် သွားလို့ရမယ်။ ဒါပေမယ့် လာလုပ်မယ့်သူတွေက ဆေးခန်းသွားပြမယ့် သူတို့၊ တရုတ်ဘောစိ အသက်နည်းနည်းကြီးကြီး ဟိုမှာ ဆေးသွား စစ်ရမယ့်သူတို့ အဲ့လိုမျိုးလူတွေဆို ပိုက်ဆံနှိုက်ပြီ။”

ဧပြီလ ၁ ရက်နေ့မှ စတင်၍ စမတ်ကတ် လဲလှယ်ထားသူများကိုသာ ပြည်ပ ထွက်ခွင့်ပေးမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသောကြောင့် လာရောက်လုပ်သူများ အဆမတန် များပြားနေပြီး ၎င်းတို့အား လဝက ဝန်ထမ်းများ က ငွေကြေးတောင်းခံ အမြတ်ထုတ်နေခြင်း ဖြစ်သည်။

သို့ရာတွင် စမတ်ကတ် ပြုလုပ်ထားသူများ၏ အချက်အလက်များပေါ် မူတည်၍ စစ်မှုထမ်း အကျုံးဝင်သူများ အား စစ်ကောင်စီက ဦးစားပေး ခေါ်ယူနေခြင်းကြောင့် စမတ်ရရှိပြီးသည့် လူငယ်များ အနေဖြင့် လွတ်မြောက် နယ်မြေများနှင့် ပြည်ပနိုင်ငံများသို့ အမြန်ဆုံး တိမ်းရှောင်ကြရန် အချင်းချင်းကြား သတိပေး တိုက်တွန်းနေကြ သည်။