ပအိုဝ်းပြည်သူ့စစ်အဖွဲ့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်။ 

ရွာထဲ လက်နက်ကြီးနဲ့လည်း ပစ်တယ်၊ လူလည်းဖမ်းတယ်။ လူလာတောင်းလို့ မပေးရင် ပိုက်ဆံတောင်းတယ်။ ရိုက်လည်း ရိုက်တယ်။ အိမ်တွေလည်း မီးရှို့၊ ပစ္စည်းတွေဆို အကုန်မွှေနှောက်၊ တန်ဖိုးရှိတာတွေ ယူသွား၊ လူတွေကိုလည်း သတ်တာမျိုးတွေ ခြိမ်းခြောက်တာတွေ အဲ့လိုလုပ်တာဗျ ဟု လွယ်လုံဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ပအိုဝ်းပြည့်သူ့စစ်အဖွဲ့က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်တိုက်ကျူးလွန်နေသည်ဟု ဒေသခံများက ပြောသည်။

စစ်ဘေးရှောင် ကျေးရွာကို မီးရှို့ဖျက်ဆီးနေသည့် ပအိုဝ်းပြည်သူ့စစ် အဖွဲ့

ပြည်သူများ စစ်ဘေးရှောင်နေကြရသည့် ကျေးရွာကို ပအိုဝ်းပြည်သူ့စစ်က မီးရှို့ဖျက်ဆီးပြီး အဖိုးတန်ပစ္စည်းများ ယူသွားသည်။

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားမြို့အနီး၊ လွယ်လုံကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပြီး အဖိုးတန်ပစ္စည်းများ ယူဆောင်သွားသည်ဟု အနီးဝန်းကျင် ကျေးရွာအချို့မှ ဒေသခံများက ပြောသည်။

ရွာလုံးကျွတ် စစ်ဘေးရှောင် နေရသောကြောင့် လူသူကင်းမဲ့နေသည့် လွယ်လုံကျေးရွာအား ဩဂုတ်လ ၂ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်တွင် စစ်ကောင်စီလက်အောက်ခံ PNA တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ 

ဖြစ်စဉ်ကို သိသော အနီးနား အခြားကျေးရွာနေ ဒေသခံတစ်ဦးက အဲ့ရွာက လူမရှိတာကြာပြီ။ PNO တွေ တပ်စွဲ ထားတာလေ။ အခု သူတို့ မီးရှို့ပြီဆိုတော့ တပ်ပြန်ရွှေ့ပြီထင်တယ်။ အိမ်တွေ ဘယ်လောက်လောင်လဲ မသိဘူး။ မီးခိုးအလုံးကြီးလိုက် တက်လာတယ်။ ကျနော်တို့ ရွာအထိ ညှော်နှံ့ရတယ် ဟု ပြောသည်။

လွယ်လုံကျေးရွာမှ ထွက်လာသည့် မီးတောက်များသည် ထိုနေ့ ည ၈ နာရီကျော်အချိန်ခန့်မှ ငြိမ်သက်သွားခဲ့ပြီး လတ်တလောတွင် ကျေးရွာထဲသို့ ဝင်၍မရသေးသဖြင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကိုမူ မသိရသေးဘူးဟု ဆိုသည်။

စံကားမြို့အနီးရှိ လွယ်လုံကျေးရွာ အပါအဝင် ကုန်းသာ၊ ဆည်ခေါင်း၊ နန်းပွန် စသည့် ကျေးရွာများမှ ဒေသခံများ သည် ဇူလိုင်လ ၁၉ ရက်နေ့က လွယ်လုံစစ်ဆေးရေးဂိတ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲပြီးချိန်ကတည်းက တိမ်းရှောင်နေရခြင်း ဖြစ်သည်။

ပင်လောင်းမြို့နယ်တွင် တိမ်းရှောင်နေသည့် လွယ်လုံကျေးရွာနေ စစ်ဘေးရှောင် တစ်ဦးက ကျမတို့ ပြန်ရောက် ရင်တောင် အိမ်တွေက မရှိနိုင်တော့ဘူးဆိုတော့ စိတ်လျှော့ထားရတာပေါ့လေ။ အိမ်တစ်လုံးရဖို့ မလွယ်ပေမယ့် ဒါကတစ်ရွာလုံးဆိုတော့ မတတ်နိုင်ဘူးလေနော်။ သားတွေ စစ်မှုထမ်းမပါတာပဲ ကံကောင်းနေပြီ ဟု ပြော သည်။

ဇူလိုင်လ ၁၇ ရက်နေ့ကလည်း လွယ်လုံကျေးရွာမှ စစ်ဘေးရှောင်လာလာသည့် အမျိုးသား ၇ ဦးအား PNA အဖွဲ့ က PDF များနှင့် ဆက်စပ်မှုရှိသည်ဟုစွပ်စွဲကာ ဖမ်းဆီးခဲ့ပြီးနောက် အသက် ၆၀ ကျော်အရွယ် ဦးဆောင် ဆိုသူကို သတ်ဖြတ်ခဲ့သည်။

ထို့အပြင် ကျန် ၆ ဦးထံမှလည်း ဖုန်း ၆ လုံးနှင့် ဆိုင်ကယ် ၄ စီးအား သိမ်းဆည်းခဲ့ပြီး တစ်ဦးကို ငွေကျပ်သိန်း ၂၀ စုစုပေါင်း ကျပ်သိန်း ၁၂၀ ဖြင့် မိသားစုဝင်များအား ပြန်ရွေးခိုင်းခဲ့သည်။

ပအိုဝ်းပြည်သူ့စစ်အဖွဲ့က အသက် ၆၀ ကျော် အရပ်သားအား နှိပ်စက် သတ်ဖြတ်

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားမြို့အနီးတွင် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က အသက် ၆၀ ကျော်အရွယ် စစ်ဘေးရှောင် တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်လိုက်သည်။

စံကားမြို့အနီး၊ လွယ်လုံကျေးရွာတွင် PDF ဆက်စပ်မှုဖြင့် အမျိုးသား ၇ ဦးကို PNA အဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် အသက်အကြီးဆုံး ဖြစ်သည့် ဦးဆောင် ဆိုသူအား ဆိုက်ခေါင်မြို့ စစ်ကြောရေးစခန်း၌ သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။

PNA နှင့် နီးစပ်သူ တစ်ဦးက ဆိုက်ခေါင် ငရဲခန်းမှာ ၇ ယောက်လုံး သေနတ်ဒင်နဲ့ ရိုက်စစ်တာ။ ၄ ရက် လုံး အရိုက်ခံရတာ သွေးတွေဆိုရင် ခေါင်းထဲမှာ ခဲနေတာပဲတဲ့။ ၄ ရက်လုံး ထမင်း ၃ နှပ်နဲ့ ရေတခွက်ပဲ တိုက်တာ တဲ့။ လုပ်ရက်လိုက်ကြတာ ဟု ပြောသည်။

အဆိုပါ အမျိုးသား ၇ ဦးမှာ ၎င်းတို့ စစ်ဘေးရှောင်ထွက်သည့် ဇူလိုင်လ ၂၁ ရက်နေ့ ကတည်းက လွယ်လုံ စစ်ဆေးရေးဂိတ်တွင် PNA က ၂ ဦးတစ်တွဲ ကြိုးတုတ် ဖမ်းဆီးသွားခြင်း ဖြစ်ပြီး ဦးဆောင် ဆိုသူကိုမူ တစ်ဦး တည်း လက်ထိပ်ခတ်ထားသည်ဟု နီးစပ်သူက ဆိုသည်။

ထို့နောက် ဦးဆောင်အား သတ်ဖြတ်ခဲ့ပြီး သတင်းဖုံးဖိ ထားခိုင်းသည့်အပြင် ကျန် ၆ ဦးကိုလည်း အောင်ဆုဗွေ စခန်းသို့ ခေါ်ဆောင်၍ ကျပ်သိန်း ၂၀ ဖြင့် ပြန်ရွေးခိုင်းခဲ့သည်ဟု ပုဂ္ဂိုလ်ရေးအရ လွတ်မြောက်လာသူ တစ်ဦးက ပြောသည်။

သူက ပိုနှိပ်စက် ခံရတယ် တစ်ယောက်တည်းဆိုတော့။ ရက်အတိကျတော့ မမှတ်မိတော့ဘူး။ အဲ့ရက်က မှတ် မှတ်ရရ တိုက်ပွဲဖြစ်ပြီး ၄ ရက်ကြာတဲ့ရက်မှာ ဦးဆောင်က အသံမကြားလို့ စောင်ဖွင့်ကြည့်တော့ တစ်ကိုယ်လုံး က တောင့်နေပြီ။ ခေါင်းမှာလည်း ဒဏ်ရာတွေနဲ့ဆိုတော့ အဲ့ဒါနဲ့ ဆုံးတာပဲ ဖြစ်မှာပါ။

ဖမ်းဆီးခံရသူများမှာ အသက် ၆၀ ကျော် စစ်ရှောင် ဦးဆောင်အပါအဝင်၊ အသက် ၂၀ ဝန်းကျင်အရွယ် ၅ ဦးနှင့် အသက် ၂၆ နှစ်အရွယ်တစ်ဦး ဖြစ်ပြီး နိုင်ငံရေးနှင့် သက်ဆိုင်ခြင်း မရှိသည့်အပြင် စစ်ဘေးရှောင်များနှင့် PDF များကို ကူညီထောက်ပံ့နေခြင်းမျိုးလည်း မရှိဘူးဟု နီးစပ်သူများက ဆိုကြသည်။

ကျန်သည့် လူငယ် ၆ ဦးမှာ ဩဂုတ်လ ၈ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာကြသော်လည်း ဖုန်း ၆ လုံးနှင့် ဆိုင်ကယ် ၄ စီးကိုမူ PNA က သိမ်းဆည်းသွားပြီး တစ်ဦးကို ကျပ်သိန်း ၂၀ နှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း ၁၂၀ ပေးဆောင်ခဲ့ရသည်။

စစ်ဘေးရှောင် ကျေးရွာကို ပအိုဝ်းပြည်သူ့စစ်အဖွဲ့က မီးရှို့ဖျက်ဆီး

ပြည်သူများ စစ်ဘေးရှောင်နေကြရသည့် ကျေးရွာကို ပအိုဝ်းပြည်သူ့စစ်က မီးရှို့ဖျက်ဆီးပြီး အဖိုးတန်ပစ္စည်းများ ယူသွားသည်။

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားမြို့အနီး၊ လွယ်လုံကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပြီး အဖိုးတန်ပစ္စည်းများ ယူဆောင်သွားသည်ဟု အနီးဝန်းကျင် ကျေးရွာအချို့မှ ဒေသခံများက ပြောသည်။

ရွာလုံးကျွတ် စစ်ဘေးရှောင် နေရသောကြောင့် လူသူကင်းမဲ့နေသည့် လွယ်လုံကျေးရွာအား ဩဂုတ်လ ၂ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်တွင် စစ်ကောင်စီလက်အောက်ခံ PNA တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ 

ဖြစ်စဉ်ကို သိသော အနီးနား အခြားကျေးရွာနေ ဒေသခံတစ်ဦးက အဲ့ရွာက လူမရှိတာကြာပြီ။ PNO တွေ တပ် စွဲ ထားတာလေ။ အခု သူတို့ မီးရှို့ပြီဆိုတော့ တပ်ပြန်ရွှေ့ပြီထင်တယ်။ အိမ်တွေ ဘယ်လောက်လောင်လဲ မသိ ဘူး။ မီးခိုးအလုံးကြီးလိုက် တက်လာတယ်။ ကျနော်တို့ ရွာအထိ ညှော်နှံ့ရတယ် ဟု ပြောသည်။

လွယ်လုံကျေးရွာမှ ထွက်လာသည့် မီးတောက်များသည် ထိုနေ့ ည ၈ နာရီကျော်အချိန်ခန့်မှ ငြိမ်သက်သွားခဲ့ပြီး လတ်တလောတွင် ကျေးရွာထဲသို့ ဝင်၍မရသေးသဖြင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကိုမူ မသိရသေးဘူးဟု ဆိုသည်။

စံကားမြို့အနီးရှိ လွယ်လုံကျေးရွာ အပါအဝင် ကုန်းသာ၊ ဆည်ခေါင်း၊ နန်းပွန် စသည့် ကျေးရွာများမှ ဒေသခံများ သည် ဇူလိုင်လ ၁၉ ရက်နေ့က လွယ်လုံစစ်ဆေးရေးဂိတ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲပြီးချိန်ကတည်းက တိမ်းရှောင်နေရခြင်း ဖြစ်သည်။

ပင်လောင်းမြို့နယ်တွင် တိမ်းရှောင်နေသည့် လွယ်လုံကျေးရွာနေ စစ်ဘေးရှောင် တစ်ဦးက ကျမတို့ ပြန်ရောက် ရင်တောင် အိမ်တွေက မရှိနိုင်တော့ဘူးဆိုတော့ စိတ်လျှော့ထားရတာပေါ့လေ။ အိမ်တစ်လုံးရဖို့ မလွယ်ပေမယ့် ဒါကတစ်ရွာလုံးဆိုတော့ မတတ်နိုင်ဘူးလေနော်။ သားတွေ စစ်မှုထမ်းမပါတာပဲ ကံကောင်းနေပြီ ဟု ပြော သည်။

ဇူလိုင်လ ၁၇ ရက်နေ့ကလည်း လွယ်လုံကျေးရွာမှ စစ်ဘေးရှောင်လာလာသည့် အမျိုးသား ၇ ဦးအား PNA အဖွဲ့ က PDF များနှင့် ဆက်စပ်မှုရှိသည်ဟုစွပ်စွဲကာ ဖမ်းဆီးခဲ့ပြီးနောက် အသက် ၆၀ ကျော်အရွယ် ဦးဆောင် ဆိုသူကို သတ်ဖြတ်ခဲ့သည်။

ထို့အပြင် ကျန် ၆ ဦးထံမှလည်း ဖုန်း ၆ လုံးနှင့် ဆိုင်ကယ် ၄ စီးအား သိမ်းဆည်းခဲ့ပြီး တစ်ဦးကို ငွေကျပ်သိန်း ၂၀ စုစုပေါင်း ကျပ်သိန်း ၁၂၀ ဖြင့် မိသားစုဝင်များအား ပြန်ရွေးခိုင်းခဲ့သည်။

ဆီဆိုင်တွင် စစ်ဒဏ်ခံရသော ရပ်ကွက်မှ စစ်မှုထမ်း အများဆုံး တောင်းခံရ

ဆီဆိုင်တွင် စစ်ဘေးဒဏ် အများဆုံးခံရသည့် ရပ်ကွက်မှ စစ်မှုထမ်း ၁၀ ဦး မဲပေါက်သည်ဟု ဒေသခံများက ပြောသည်။

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ဘေးဒဏ် အများဆုံး ခံရသည့် ရပ်ကွက်မှ စစ်မှုထမ်း မဲပေါက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

မဲပေါက်သည့် မိသားစုဝင် တစ်ဦးက စစ်မှုထမ်းရမယ်ဆိုတော့ ပြန်လို့တောင်မှ မရသေးတာလေ။ ဘယ်လို အတွေးနဲ့များ ခေါ်ရက်တာလဲပေါ့နော်။ ရှေ့လကပဲ PNO က လာခေါ်သွားတာလေ။ အခုက ဗမာစစ်တပ် ဆို တော့ ကျမတို့ ပအိုဝ်းတွေ ဘဝလည်း ဘယ်သူ့ အားကိုးရမလဲ မသိ။ သေမှာ သေချာနေတဲ့လမ်း ဘယ်မိဘက လွှတ် ရက်မလဲ ဟု ပြောသည်။

ဆီဆိုင်မြို့တွင် စက်တင်ဘာလ ဒုတိယ အပတ်အတွင်း စစ်ကောင်စီက ကျန်သည့်ရပ်ကွက်များကို မဲနှိုက်ခွင့် မပြု ဘဲ စစ်ဘေးဒဏ် အများဆုံး ခံခဲ့ရသည့် မြကန်သာရပ်ကွက် တစ်ခုတည်းတွင် ၁၀ ဦးအထိ မဲဖောက်ခဲ့ခြင်း ဖြစ် သည်။

မြကန်သာ ရပ်ကွက်သည် ဆီဆိုင်မြို့ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ ၄၂၄) နှင့် ကပ်လျက်တွင်ရှိပြီး မြို့တွင်း တိုက်ပွဲ ၂ ကြိမ်လုံး၌ မကြာဏ လေကြောင်း တိုက်ခိုက်မှုများနှင့် လက်နက်ကြီး ကျရောက်ခြင်းများ ကြုံခဲ့ရသောကြောင့် လက်တလောတွင် တိမ်းရှောင်နေကြရသည်။

ထို့အပြင် လက်ရှိ အခြေအနေ၌ ရပ်ကွက်နေ ပြည်သူများမှာ နေရပ်ပြန်ရန် လမ်းစရိတ်ပင် ခက်ခဲနေပြီး လူစား ထိုး ငှားရမ်းဖို့အတွက်လည်း အဆင်မပြေသေးဘူးဟု ဆိုကြသည်။

ပအိုဝ်းပြည်သူ့စစ် (PNA)နှင့် နီးစပ်သည့် ဆီဆိုင်ဒေသခံ တစ်ဦးက မြကန်သာရပ်ကွက်က နေ့စားလိုက်ကြတာ များတယ်။ မှိုချိုး၊ မျှစ်ချိုး၊ ပန်းရံလုပ်ကြတာ။ သူဌေးမှ မရှိတာ ပိုက်ဆံ မထည့်နိုင်လောက်ဘူး။ နယ်မြေ ၅ ဆို ရင် စစ်တပ်နဲ့ PNO က သူတို့မြေတွေ သိမ်းထားတာ ဟု ပြောသည်။

ဩဂုတ်လ ဒုတိယအပတ်တွင်လည်း မြကန်သာရပ်ကွက်ရှိ စိတ်ဝေဒနာရှင်တစ်ဦးအား PNA တပ်ဖွဲ့ဝင်များမှ PDF ဟု စွပ်စွဲ၍ ပစ်သတ်ရန် ကြိုးစားခဲ့ဖူးပြီး ထိုလူငယ်မှာ PNA လူကြီးနှင့် ဆွေမျိုးတော်စပ်နေသည် ဖြစ်ရာ လျှော့ပေါ့သည့် အနေဖြင့် စစ်မှုထမ်းသာ ခေါ်ယူခဲ့သည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ထို့အပြင် မြကန်သာရပ်ကွက်ရှိ အိမ်ထောင်စု အားလုံးမှာ ဩဂုတ်လ တစ်လတာလုံး PNA အား နေ့စဉ်နေ့တိုင်း ထမင်းထုပ်များ ပို့ပေးခဲ့ရသေးသည်ဟုလည်း ရပ်ကွက်နေပြည်သူများက ပြောသည်။