ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ရန် အားနည်းသောကြောင့် လိင်အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်။ 

အခု ၂၀၂၁ ဒီစစ်အုပ်စု ကနေပြီးတော့မှ အာဏာသိမ်း ဖို့ ကြိုးစားတဲ့ ကာလနောက်ပိုင်းမှာ ဒီအမှုတွေက လျှော့ မသွားတဲ့အပြင် အမှုတွေက များလာတယ်။ ဒါတောင်မှ ကျမတို့ လက်လှမ်းမမီတဲ့ နယ်မြေတွေ ကျမတို့ အချက်အလက် သွားကောက်ယူလို့ မရဘဲ ကန့်သတ်ခံထားရတဲ့ နယ်မြေတွေ ဒီဟာတွေပေါင်းလို့ရှိရင် ဒီလို ဖြစ်နေတဲ့ အခင်းအကျင်း ဘယ်လောက် များမလဲ။ ကျမတို့ ခန့်တောင် မခန့်မှန်းနိုင်ဘူးပေါ့နော်။

စစ်ကောင်စီမှ အာဏာသိမ်းသည့် နောက်ပိုင်းတွင် လိင်အကြမ်းဖက် အမှုများမှာ  လျှော့မသွားသည့်အပြင် ပိုမိုများလာသည် ဟု မြန်မာအမျိုးသမီး သမဂ္ဂ (BWU) မှ အထွေထွေ အတွင်းရေးမှူး နော်ခင်စန်းထွေးက ပြောသည်။

သို့သော်လည်းပဲ အမှုတွေကို ဒီလို အသံတွေ တရားမျှတမှု ရရှိဖို့ပဲဖြစ်ဖြစ်၊ သူတို့ အကူအညီ လိုအပ်နေတဲ့  အခက်ခဲပဲဖြစ်ဖြစ်၊ မတရားမှုတွေကို ဖော်ထုတ်တဲ့ နေရာများပဲဖြစ်ဖြစ် ခြိမ်းခြောက်မှုတွေ ရှိနေတယ်။ ကြောက်ရွံ့ရတဲ့ ဟာမျိုးတွေ ရှိနေတယ် ဟု နန်းခင်စန်းထွေးက ဆက်ပြောသည်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် အကြမ်းဖက်မှုများ ပိုမို များပြားလာနေပြီး ကျူးလွန်ခံရသူများအတွက် အမှန်တရား ပေါ်ပေါက်စေရန် ထိခိုက်ကျူးလွန်ခံရသူများ၏ အသံများအား ကျယ်ကျယ် ပြန့်ပြန့် ဖော်ထုတ်ရန် အရေးကြီးသည် ဟု မြန်မာအမျိုးသမီးသမဂ္ဂ (BWU) မှပြောသည်။ 

မြန်မာနိုင်ငံ လူမှုအသိုင်းအဝန်းနှင့် စစ်ပဋိပက္ခအတွင်း လိင်အမြတ်ထုတ်မှု ခံရသည့် အမျိုးသမီးများအတွက် အမှန်တရားဖော်ထုတ်ရန်အတွက် ကျူးလွန်ခံရမှုများအား ထုတ်ဖော်ပြောဆိုရာတွင် ရင်ဆိုင်ရသည့် စိန်ခေါ်မှု အခြေအနေကို အထွေထွေ အတွင်းရေးမှူး နော်ခင်စန်းထွေးက ယခုကဲ့သို့ ပြောသည်။

သူတို့ ဒီ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတယ် ဆိုတဲ့ ဟာတွေ ကို သူတို့ တွေက တိုင်ကြားဖို့နေရာမှာ စိန်ခေါ်မှု တွေ အရမ်းရှိတယ်။ ထုတ်ဖော်ပြောဆိုမဲ့ နေရာမှာ အရမ်းကို စိန်ခေါ်မှု ရှိတယ်ပေါ့။ အဓိကကတော့ သူတို့ရဲ့ လုံခြုံရေး ပေါ့နော။ သူတို့က အထူးသဖြင့် သူတို့်ကို ပြုကျင့်သွားတဲ့သူ တွေက သူတို့နဲ့ နယ်မြေတစ်ခု ထဲမှာ တူတူရှိ နေတာမျိုး၊ ရပ်ကွက်တစ်ခုထဲမှာ တူတူရှိတာမျိုးဆိုရင် သူတို့ရဲ့ လုံခြုံရေးတွေကြောင့် သူတို့ ထုတ် ဖော် ပြောဆိုဖို့ အခက်ခဲတွေ ရှိတယ်။ နောက်တစ်ခု ခါကြတော့ ခြိမ်းခြောက်ခံရတဲ့ ဟာမျိုးတွေပေါ့နော်။ ထုတ် ဖော်ပြောဆိုရင် မိသားစုကို ဘာလုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကြောင့် ထုတ်ဖော်မပြောတဲ့ ဟာမျိုးတွေ ရှိတယ်။” 

မြန်မာနိုင်ငံတွင် အမျိုးသမီး များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်ပဋိပက္ခအတွင်း ရည်ရွယ်ချက် ရှိရှိ စစ်လက်နက်တစ်ခု ကဲ့သို့ အသုံးပြုမှုမှာ လွန်ခဲ့သော နှစ်ပေါင်း (၇၀)ကျော် အချိန်တည်းက ကျူးလွန် နေခဲ့ကြသည် ဟု မြန်မာအမျိုးသမီးသမဂ္ဂ (BWU) က ဆိုသည်။ 

လိင်အမြတ်ထုတ်မှု ကျူးလွန်သူများအား အရေးယူနိုင်ရန် တရားမျှတမှု ဖော်ဆောင်သည့် အချိန်တွင် ကျူးလွန် ခံရသည့် အမျိုးသမီးများ၏ အသံသည် အဓိက ကျသည့် အခန်းကဏ္ဍတစ်ရပ် ဖြစ်သည်ဟု နော်ခင်စန်းထွေး က ပြောသည်။ 

ဒီလို ကာလမှာ ဒီရှင်သန် လွတ်မြောက်လာတဲ့ အမျိုးသမီးတွေအနေနဲ့ တရား မျှတမှု ဆိုတာထက်ဆိုင်ရင် သူတို့ရဲ့ နှစ်စဉ်ဓူဝ မနက်ဖြန် ရှင်သန်ဖို့ အတွက် သူတို့ လုံခြုံဖို့ အတွက် သူတို့ အတွက် အရမ်းကို အရေးကြီးတဲ့ ကဏ္ဍက ထဲမှာ ပါတယ် ပေါ့နော။ တရားမျှတမှုအတွက်ကို ရှာဖွေဖို့အတွက် ဆိုတာက သူတို့ရဲ့ ဒုတိယ၊ တတိယ အဆင့်မှာ ရှိတယ်။ သို့သော်လည်းပဲ မြန်မာပြည်ကြီး အပြောင်းအလဲ  တစ်စုံတစ်ရာ ဖြစ်ပြီးတော့မှ ကျမတို့ ဒီတရားမျှတမှု ဖော်ဆောင် မဲ့ အခန်းကဏ္ဍ ရောက်လာတဲ့ အခါကြတော့ အခုကျမတို့ ကောက်ထားတဲ့ အချက်အလက်တွေက အရမ်းကို အရေးကြီးတဲ့ နေရာတစ်ခုကနေ ပါလာ လိမ့်မယ်။ သက်သေတွေ ဖြစ်တယ်။ ဒီအမျိုးသမီးတွေ ကျူးလွန်ခံရတဲ့ အခြေအနေကို စန်စတကျနဲ့ အခုလို့ မှတ်တမ်း တင်ထားမှ နောင်တစ်ချိန် တရားမျှတမှုကို ရှာဖွေတဲ့နေရာမှာ အထောက်အကူပြုစေဖို့ ဖြစ်တယ်ပေါ့နော ဟုဆိုသည်။

လိင်အမြတ်ထုတ်မှုများကို အကြမ်းဖက်စစ်အုပ်စု မှကျူးလွန်သကဲ့သို့ တော်လှန်ရေးအင်အားစုများမှ ကျူးလွန်မှုများလည်း ရှိသည့်အတွက် အမျိုးသမီးများ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များအား ဖော်ပြ ပြောဆို လာသည့် အသံများအား တရားမျှတမှု ရရှိရန်အတွက်  ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်နိုင်ရန် အရေးကြီးသည် ဟု (BWU) မှ ဆိုသည်။

မြန်မာအမျိုးသမီးသမဂ္ဂ (BWU) အ‌နေဖြင့် လိင်အကြမ်းဖက် ခံရသူ အမျိုးသမီးများ၏ အချက်အလက် ကောက် ယူရာတွင် ၎င်းတို့၏ လုံခြုံရေးအတွက် ထည့်သွင်းစဉ်းစားပြီး မည်သူမည်ဝါ ဖြစ်ကြောင်း အထောက်အထား အား လျှို့ဝှက်ထိန်းသိမ်းပေးပြီး တရားမျှတမှု ဖော်ဆောင်သည့် အချိန်မှသာ သက်သေအဖြစ် အသုံးပြုရန် ထားရှိသည်ဟု ဆိုသည်။

လိင်အကြမ်းဖက်မှုခံရသော အမျိုးသမီးများအတွက် အမှန်တရားပေါ်ပေါက်ရေး ထိခိုက်ခံစားရသည့် အမျိုးသမီး များ၏ အသံများကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ရန် အရေးကြီးသည်ဟု BWU က ဆိုသည်။

BWU ၏ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ရုပ်ရှင်တို ပြသပွဲတွင် ပြောဆိုလိုက်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့တွင် လိင်အကြမ်းဖက် ကျူးလွန်မှုများ ပိုများလာခဲ့သည်ဟုလည်း BWU က ဆိုသည်။ 

စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အတွက် BWU သည် ပဋိပက္ခကြောင့် ထိခိုက်ခံစားခဲ့ရသူများ၏ အသံများကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ရန်ရည်ရွယ်၍ ရိုက်ကူး ထားသော ရုပ်ရှင်ဇာတ်လမ်းတိုများကို မိတ်ဆက်ခြင်း၊ ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုများ၏ အကျိုးသက်ရောက်မှုများကို ဆွေးနွေးခြင်းများကို ယခုလ ၁၇ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ တွင် ပြုလုပ်ခဲ့သည်။

မြန်မာလူမှုအသိုင်းအဝန်းနှင့် စစ်ရေး ပဋိပက္ခများအတွင်း လိင်အမြတ်ထုတ်မှုခံရသည့် အမျိုးသမီးများ အတွက် နစ်နာရမှုတို့ကို ထုတ်ဖော်ပြောဆိုရာတွင် ရင်ဆိုင်ရသည့် စိန်ခေါ်မှု အခြေအနေများနှင့် ပတ်သက်၍ BWU အထွေထွေ အတွင်းရေးမှူး နော်ခင်စန်းထွေးက ယခုကဲ့သို့ ပြောသည်။

“သူတို့ ဒီလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတယ် ဆိုတဲ့ဟာတွေကို သူတို့တွေက တိုင်ကြားဖို့နေရာမှာ စိန်ခေါ်မှု တွေ အရမ်းရှိတယ်။ ထုတ်ဖော်ပြောဆိုမဲ့ နေရာမှာ အရမ်းကို စိန်ခေါ်မှု ရှိတယ်ပေါ့။ အဓိကတော့ သူတို့ရဲ့ လုံခြုံ ရေးပေါ့နော။ သူတို့က အထူးသဖြင့် သူတို့ကို ပြုကျင့်သွားတဲ့သူတွေက သူတို့နဲ့ နယ်မြေတစ်ခုထဲမှာ တူတူရှိ နေ တာမျိုး၊ ရပ်ကွက်တစ်ခုထဲမှာ တူတူရှိတာမျိုးဆိုရင် သူတို့ရဲ့ လုံခြုံရေးတွေကြောင့် သူတို့ ထုတ်ဖော်ပြောဆိုဖို့ အခက်အခဲတွေ ရှိတယ်။ နောက်တစ်ခုခါကတော့ ထုတ်ဖော်ပြောဆိုရင် မိသားစုကို ဘာလုပ်မယ်ဆိုတဲ့ ခြိမ်း ခြောက်မှုတွေကြောင့် ထုတ်ဖော် မပြောတဲ့ဟာမျိုးတွေ ရှိတယ်။” 

မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်ရေးပဋိပက္ခအတွင်း ရည်ရွယ်ချက် ရှိရှိ စစ်လက်နက်တစ်ခုကဲ့သို့ အသုံးပြုနေမှုက လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ကျော် အချိန်တည်းက ကျူးလွန်နေခဲ့ ကြသည်ဟု BWU က ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်နှင့် အတူ ဖိုဝါဒလွှမ်းမိုးမှုတို့ကြောင့် သာမန်လူမှုဘဝများအတွင်း၌ ဖြစ်စေ၊ စစ်ပွဲများအတွင်း၌ ဖြစ်စေ၊ အမျိုးသမီးများအပေါ် လိင်အမြတ်ထုတ်မှုများနှင့် လိင်အကြမ်းဖက်မှုများ၊ ဖြစ်ရိုးဖြစ်စဉ်သဖွယ် တည်ရှိနေခဲ့သည်ဟု BWU က ထောက်ပြထားသည်။

အဆိုပါ အကျိုးဆက်များကြောင့် ကျူးလွန်ခံရမှုများမှ ရှင်သန်လွတ်မြောက်လာသူများ အနေဖြင့် ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ကြီးမားစွာ ထိခိုက်ခဲ့ရပြီး စိတ်ဒဏ်ရာများစွာဖြင့် ဘဝရှင်သန်ရေးကို ခက်ခက်ခဲခဲ ရုန်းကန်နေကြရခြင်း ဖြစ်သည်။

လိင်အမြတ်ထုတ်မှု ကျူးလွန်သူများကို အရေးယူနိုင်ရန်အတွက် တရားမျှတမှု ဖော်ဆောင်ရာတွင် ကျူးလွန်ခံ နေရသော အမျိုးသမီးများ၏ အသံများမှာ အဓိကကျသည့် အခန်းကဏ္ဍတစ်ရပ် ဖြစ်သည်ဟု နော်ခင်စန်းထွေး က ဆက် ပြောသည်။

“မြန်မာပြည်ကြီး အပြောင်းအလဲ  တစ်စုံတစ်ရာ ဖြစ်ပြီးတော့မှ ကျမတို့ ဒီတရားမျှတမှု ဖော်ဆောင်မဲ့ အခန်း ကဏ္ဍ ရောက်လာတဲ့ အခါကြတော့ အခုကျမတို့ ကောက်ထားတဲ့ အချက်အလက်တွေက အရမ်းကို အရေးကြီး တဲ့ နေရာတစ်ခုကနေ ပါလာလိမ့်မယ်။ သက်သေတွေ ဖြစ်တယ်။ နောင်တစ်ချိန် တရားမျှတမှုကို ရှာဖွေတဲ့ နေရာမှာ အထောက်အကူ ပြုစေဖို့ ဖြစ်တယ်ပေါ့နော်။” 

စစ်ကောင်စီက အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင်လည်း ပြည်နယ်နှင့် တိုင်းဒေသ အသီးသီးတွင် လိင်အကြမ်းဖက်မှုများ ပိုများလာခဲ့သည်ဟု ဆိုသည်။

နော်ခင်စန်းထွေး က “အမှုတွေက များလာတယ်။ ကျမတို့ ခန့်တောင် မခန့်မှန်းနိုင်ဘူးပေါ့နော။ သို့သော်လည်းပဲ အမှုတွေကို ဒီလို အသံတွေ တရားမျှတမှု ရရှိဖို့ပဲ ဖြစ်ဖြစ်၊ သူတို့ အကူအညီ လိုအပ်နေတဲ့ အခက်အခဲပဲ ဖြစ် ဖြစ်၊ မတရားမှုတွေကို ဖော်ထုတ်တဲ့ နေရာများပဲ ဖြစ်ဖြစ် ခြိမ်းခြောက်မှုတွေ ရှိနေတယ်။ ကြောက်ရွံ့ရတဲ့ဟာ မျိုးတွေ ရှိနေတယ်” ဟု ပြောသည်။ 

လိင်အမြတ်ထုတ်မှုများကို စစ်အုပ်စုက ကျူးလွန်နေသည့်အပြင် တော်လှန်ရေး အင်အားစုများက ကျူးလွန်နေ သည့် ကိစ္စရပ်များလည်း ရှိနေသည်။

ထို့ကြောင့် စစ်ရေးပဋိပက္ခများအပြင် အဆိုပါ ပဋိပက္ခများထဲ အမျိုးသမီးများ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်နိုင်ရန် အရေးကြီးသည်ဟု (BWU) က ပြောသည်။