တနင်္သာရီသို့ ရိက္ခာပို့ စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ။
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်။
မြိတ်မြို့မှ တနင်္သာရီမြို့ဘက်သို့ ရိက္ခာပို့သည့် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက် ခိုက်ခံခဲ့ရသည်ဟု ရွာသားများက ပြောသည်။
မတ်လ ၃၁ ရက်နေ့ နံနက် ၈နာရီခွဲခန့်က တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းများကို ရိက္ခာပို့ရန်လာသည့် စစ်ကား ၇ စီးပါ ယာဉ်တန်းကို မြိတ်ခရိုင်မြိတ်မြို့နယ် တုံးဗျောကျေး ရွာအုပ်စု လသာရွာအနီးတွင် မြိတ်ပကဖ အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပကဖက ပြောသည်။
စစ်ကောင်စီယာဥ်တန်းကို ဆွဲမိုင်း ၆ လုံးဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ကား ၅ စီးသာဆက်လက် မောင်းနှင်သွားပြီး နှစ်စီးမှာမိုင်းဆွဲခံရသည့်နေရာတွင်ပင် ရပ်နားသွားသည်ဟု မိုင်းဆွဲတိုက်ခိုက်ရာတွင် ပါဝင်သည့် မြိတ် ပကဖတပ် ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ရပ်နားသွားတဲ့ ကား နှစ်စီးကမောင်းသမား နှစ်ယောက်ရဲ့ အခြေအနေတော့ စုံစမ်းနေတုန်းပါပဲ ၊ သေမသေနဲ့ထိခိုက် မှုရှိမရှိကို အသေးစိတ်မသိရသေးပါဘူး၊ အရင်တုန်းကတော့ ယာဥ်တန်းဖြတ်ပြီးတာနဲ့ တပ်ကကင်းတွေပြန်ရုတ်တယ်၊ အခုက မြိတ်နဲ့တနင်္သာရီလမ်းတစ်လျောက်လုံးမှာ အထိုင်ကင်းတွေ ချထားတယ်” ဟု မြိတ် ပကဖအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြော သည်။
မိုင်းဆွဲတိုက်ခိုက်ရာတွင်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခြင်းမရှိသလို မြိတ် ပကဖ တပ်ဖွဲ့ဝင်များမှာလည်း ထိခိုက် မှုမရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ဇဝဲရွာအခြေစိုက် ခမရ – ၅၅၆ တပ်ရင်းနှင့် တုံးဗျောကြီးရွာရှိ စစ်ကောင်စီတပ်အ ထိုင်စခန်းတို့မှ လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ငါးရံ့အင်းနှင့် တုံးဗျောရွာဟောင်းဖက်သို့ ပစ်ခတ်နေခဲ့သေးကြောင်း ၄င်းက ဆိုသည်။
မိုင်းဆွဲတိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာလာသည့် မြိတ်ပကဖတပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်က လမ်းခုလတ်တွင် တိုက်ခိုက်ခဲ့သေးရာ အပြန်အလှန်ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားခဲ့သည်။
စစ်ကောင်စီတပ်မှ စစ်ရေးလုပ်ရှားမှုထက် ရိက္ခာနှင့် အင်အားထပ်မံဖြည့်နေပြီး မောတောင်နယ်စပ်လမ်းနှင့်ပြည် ထောင်စုလမ်းမကြီးကို ပြန်လည်ထိန်း ချုပ်နိုင်ရန် ဆောင်ရွက်နေသည်ဟု မြိတ် ပကဖ တပ်ဖွဲ့ဝင်တစ်ဦးက ဆို သည်။ ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် တနင်္သာရီ – မောတောင်လမ်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် အတွက် စစ်ကောင်စီက သိန်ခွန်းကျေးရွာဝန်းကျင်ကို စစ်ကြောင်းထိုးနေသည်မှာလည်း သုံးလကျော် ရှိလာပြီဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်အတွင်းရှိ သိန်ခွန်းရွာတိုက်ပွဲမှ ထိခိုက်ဒဏ်ရာရသူများအား မြိတ်မြို့သို့ တင်ဆောင်လာသည့် စစ်ကောင်စီယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ရမ်းဖိုကျေးရွာအနီး ဆီအုန်းကုန်းတွင် တိုက်ခိုက်ခဲ့သေးသည်။