ပုလောတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးအသတ်ခံရ။ 

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်။ 

တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့ပေါ်တွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းတပ်ဖွဲ့မှပစ်ခတ်ခဲ့သည်ဟု မြို့ခံများက ပြောသည်။ 

ပုလောမြို့ အမှတ် ( ၄ ) ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်း ၆၀နှစ်အား အမှတ် (၄)ရပ်ကွက် ရွှေဟင်္သာလမ်းရှိ ၄င်း၏နေအိမ်တွင် PDF များက မတ်လ ၃၁ ရက်နေ့ နံနက် ၁၁ နာရီခန့်က ပစ္စတိုဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု PDF များက ပြောသည်။ 

ပစ်ခတ်ခံရမှုကြောင့် ဦးခင်မောင်ဝင်းမှာ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ ပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းနှင့်ကရင် အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း(၇) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဧပြီ လ (၁)ရက်နေ့တွင် ထုတ်ပြန်ဝန်ခံထား သည်။ 

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့ပြီးနောက် လူငယ်များကိုဖိအားပေးပြီး စစ်မှုထမ်းဆောင်ရန်စေခိုင်းခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းတို့ကို ဦးခင်မောင်ဝင်းက ဦးဆောင်ပါဝင် ဆောင်ရွက်လျက်ရှိကြောင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ 

“စစ်မှု့ထမ်းဖို့ လူစုဆောင်းပေးတာ၊ စာရင်းကောက်ယူတာ၊ စစ်မှုထမ်းစာ ရင်းမှာ မပါချင်ရင် ငွေတောင်းယူတာ မျိုးတွေ မလုပ်ဖို့ သတိပေးစာ သူ့ဆီကိုအတန်တန် ပို့ပေးတယ်၊ သူက မလိုက် နာဘူး”ဟု မြိတ်ခရိုင် တပ်ရင်း(၁)၏ ပြန်ကြားရေးတာဝန်ရှိသူက ပြော သည်။ 

စစ်ကောင်စီအတွက် စစ်မှုထမ်းလူသစ်စုဆောင်းနေသည်များကို ရပ်ကွက်သားများ၏ သတင်းပေးချက်၊ မျက် မြင်တွေ့ရှိချက် စသည့်အသက်သေအထောက်အထားများကိုရယူပြီးမှ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ပြီးခဲ့သည့် နှစ်လအတွင်း ပုလောမြို့ နယ်အတွင်း အမှတ် ၄ ရပ်ကွက် အုပ် ချုပ်ရေးမှူးအပါအဝင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်များ ပစ်သတ်ခံရမှု စုစုပေါင်း လေးဦးရှိပြီဖြစ်သည်။ 

ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပုလောမြို့ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်သားဖြစ်သူ ပစ်သတ်ခံရပြီး မတ်လ ၂၇ ရက်တွင် ပုလောမြို့အနီး ရှပ်ပုံကျေးရွာမှ ပျူစောထီးအဖွဲ့ခေါင်းဆောင် ပစ်သတ်ခံခဲ့ရကာ မတ်လ ၃၁ရက်တွင်မူ အမှတ် ၄ ရပ် ကွက်အုပ်ချုပ်ရေးမှူး အသတ်ခံရသည်။