စစ်ကောင်စီက ထိုင်းနိုင်ငံသို့သွားမည့် အလုပ်သမားများအပေါ် ကန့်သတ်မှုများ တိုးမြှင့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်။ 

စစ်ကောင်စီက ထိုင်းနိုင်ငံကို သွားကြမည့် နိုင်ငံတစ်ဝှမ်းရှိ အလုပ်သမားများကို ကန့်သတ်မှုများ အဆင့်ဆင့် လုပ်လာနေသည်ဟု အလုပ်သမားအရေး လုပ်ဆောင်နေသူများက ပြောသည်။

လက်ရှိနိုင်ငံရေး အခြေအနေများကြောင့် မြန်မာနိုင်ငံထဲက လူငယ်၊ လူလတ်ပိုင်း အတော်များများမှာ အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ကို ထွက်ခွာမှုက တစ်နေ့ထက် တစ်နေ့ ပိုများလာသည်နှင့်အမျှ စစ်ကောင်စီကလည်း ပြည်ပ ထွက်ခွာမှုနှင့်ပတ်သက်၍ ကန့်သတ်မှုများ ပိုလုပ်လာခြင်း ဖြစ်သည်။

ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ တာဝန်ခံ ကိုမိုးကျော်က နှစ်နိုင်ငံ သဘောတူထားတဲ့ အေဂျင်စီတွေ ရှိ တယ်။ အဲဒီ အေဂျင်စီတွေနဲ့ ဒီက DOE ခေါ်တဲ့ List တွေနဲ့ ပေါင်းပြီး တော့မှ ကိန်းဂဏန်းတွေ သတ်မှတ် ကြ တာများတယ်။ အရင်တုန်းကတော့ အလုပ်သမား ဝန်ကြီးဌာနတွေကနေ ဘယ်လောက် ပို့ ဆိုတာမျိုး မဟုတ် ဘူး။ အခု စစ်ကောင်စီ လက်ထက်မှာကျတော့ သူတို့ကတော့အမျိုးမျိုး လုပ်နေတာပေါ့။ စစ်မှုထမ်းရှိတော့ အဲဒီကောင်တွေအတွက်ပါ အကြုံးဝင်ဖို့ လုပ်နေပုံပေါ်တယ်။ ဘာလို့လဲဆိုတော့ ထွက်လုပ်တဲ့လူတွေက စစ်မှုထမ်းနဲ့ ကိုက်ညီတဲ့ အရွယ်ကောင်းတွေပဲလေ ဟု ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်ကြမည့် ရွှေ့ပြောင်း အလုပ်သမားများကို တစ်လလျှင် အယောက် ၅၀ သာ ခွင့်ပြုတော့မည်ဖြစ်ကြောင်း မတ်လ ၂၂ ရက်နေ့က ထုတ် ပြန်လိုက်သည်။

စစ်ကောင်စီက ထိုင်းနိုင်ငံထဲ အလုပ်သမား စေလွှတ်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို မေလ ၂ ရက်နေ့တွင် စတင် ဆောင်ရွက်ခွင့်ပြုမှာ အခြားနိုင်ငံများနှင့် ပတ်သက်၍လည်း ထပ်မံထုတ်ပြန်သွားရန်ရှိသည်ဟု ဆိုသည်။

ကိုမိုးကျော်က ကျနော်တို့က တခုပြီးတခု ခက်နေတာ။ သူက အစိုးရမဟုတ်ဘူးလေ။ တခြားနိုင်ငံတွေ လွှတ် လို့ရှိရင်လည်း သူဘာအာမခံချက်မှ ပေးနိုင်တာ မဟုတ်ဘူး။ အရင်ကသူ့လက်ထက်မှာ MOU နဲ့ လွှတ်ထားတဲ့ အလုပ်သမား တွေ အများကြီး ထိုင်း၊ ကိုးရီးယား၊ ဒူဘိုင်း စသဖြင့်ပေါ့ဗျာ့။ အဲလိုလွှတ်ထားတဲ့ အလုပ်သမား တွေရဲ့ အခွင့်ရေးတွေကို သူဖိဖိစီးစီး လုပ်ဆောင်နိုင်သလား။ မလုပ်ဆောင်နိုင်ဘူး။ အခွန်တော့ကောက်မယ် ပြီးရင် စစ်မှုထမ်းရမယ်ဆိုတော့ အခုလည်း ကန့်သတ်ပြန်ပြီ ဘယ်လောက်ပဲ သွားခွင့်ရှိမယ်ပေါ့။ သူလုပ်ချင် သလို လုပ်နေတာ ဟု ပြောသည်။

ယခင် စစ်အာဏာ မသိမ်းခင်ကာလဖြစ်သည့် ၂၀၁၉ – ၂၀၂၀ ခုနှစ်အတွင်း အလုပ်သမားဦးရေ ၂ သိန်းကျော်အထိ စေလွှတ်ခဲ့သော်လည်း လက်ရှိတွင် လူဦးရေ ကန့်သတ်မှုများအပြင် အချက် ၁၃ ချက်ကို ထည့်သွင်း၍ ထပ်မံ ထုတ်ပြန် ကန့်သတ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် အလုပ်ခေါ်စာများ တင်ပြရခြင်း၊ အလုပ်ခေါ်စာများကို စိစစ်ခြင်း၊ အလုပ်ခေါ်စာ မှန်ကန်ကြောင်း အတည်ပြုပြီး ဆောင်ရွက်ခွင့်ပြုခြင်း၊ စာချုပ်ချုပ်ဆိုရန် တင်ပြခြင်း၊ စာချုပ်ချုပ်ဆိုခွင့်ကို စိစစ်ခြင်းနှင့် စာချုပ်ချုပ်ခွင့်ပြုခြင်းတို့ကို လုပ်ရမည် ဖြစ်သည်။

ထို့အပြင် OWIC ကတ်ဖြစ်သည့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား ပြုလုပ်ခွင့် တင်ပြ ခြင်း၊ OWIC ခွင့်ပြုခြင်း၊ အလုပ်သမား စေလွှတ်ခွင့်ပြုရန် တင်ပြခြင်း၊ အလုပ်သမား ဝန်ကြီးဌာနက စိစစ်ခွင့်ပြု ခြင်း၊ ပြည်ပထွက်ခွာမည့် ခွင့်ပြု အလုပ်သမားများ စာရင်းကို လေဆိပ်၊ ရေဆိပ်နှင့် နယ်စပ်ဂိတ်ပေါက်များကို ပေးပို့ခြင်း၊ ပြည်ပစေလွှတ်မှု ပြီးစီးခြင်းဆိုင်ရာ သတင်းပို့ခြင်း၊ အလုပ်သမားပြန်လည် ဝင်ရောက်ခြင်းဆိုပြီး အဆင့်များစွာ သတ်မှတ်ထားသည်။

စစ်ကောင်စီက ထိုင်းနိုင်ငံထဲ အလုပ်သမား စေလွှတ်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို မေလဆန်း ၂ ရက်နေ့တွင် စတင် ဆောင်ရွက်ခွင့်ပြုမှာ ဖြစ်ပြီး ဂျပန်၊ ကိုးရီးယား၊ စင်ကာပူ၊ မလေးရှား အစရှိသည့် နိုင်ငံများနှင့် ပတ်သက် သည့် အလုပ်သမား စေလွှတ်မှုဆိုင်ရာ ကန့်သတ်ချက်ကိုလည်ူ ထပ်မံထုတ်ပြန်သွားမည်ဟု ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – DVB