အာဏာသိမ်းကာလအတွင်း ကရင်နီ ပြည်အတွင်း အရပ်သား ၇၅၀ နီးပါး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
မေလ ၁ ရက်၊ ၂၀၂၅ ခုနှစ်။
အာဏာသိမ်းချိန်ကစပြီး ကရင်နီပြည်နယ်နှင့် ကယန်းဒေသများအတွင်းက စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခများကြောင့် အရပ်သား ၇၄၂ ဦး သေဆုံးခဲ့သည့်အပြင် စစ်ကောင်စီတပ်၏ မတရားဖမ်း ဆီးခြင်း ခံရသူလည်း ၁၆၀ ဦး ရှိသည် ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က မေလ ၁ ရက် (ယနေ့)တွင် ထုတ် ပြန်သည်။
အဆိုပါ အရေအတွက်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ ဖြစ် ပြီး ထိုအထဲက အရပ်သား ၁၇၇ ယောက်သည် စစ်ဘေးရှောင်နေရင်း သေဆုံးခဲ့သည်ဟု ဆိုသည်။
ထို့အပြင် တိုက်ပွဲပေါင်း ၁၃၂၃ ကြိမ်ဖြစ်ပွားခဲ့သလို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၈၇၄ ကြိမ် ပြုပ်လုပ်ခဲ့သည်ဟု PKPF က ထုတ်ပြန်ချက်ထဲမှာ ရေးသားထားသည်။
တိုက်ပွဲအတွင်း KNDF၊ PDF၊ KA ပူးပေါင်းတပ်များဖက်က ၇၄၀ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖက်က ၃၇၆၀ ဦး သေဆုံးခဲ့သည်။ ထို့အပြင် စစ်ကောင်စီတပ်၏ စစ်ကား ၆၈ စီးနှင့် တိုက်လေယာဉ် ၃ စီးကိုလည်း တော်လှန် ရေး တပ်များက ဖျက်စီးနိုင်ခဲ့သည်ဟု PKPF က ဆိုသည်။
ထို့အပြင် စာသင်ကျောင်း ၂၉ လုံး၊ လူနေအိမ် ၃၀၃၁ လုံး၊ ဆေးရုံ၊ဆေးခန်း ၁၇ လုံးနှင့် ဘာသာရေး အဆောက် အအုံး ၅၇ လုံး ပျက်စီးခဲ့သည်ဟု PKPF က ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။