ဖက်ဒရယ် ဥပဒေ အကယ်ဒမီ ဒီပလိုမာ လက်မှတ်များပေးအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၂၈ ရက်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ထိန်းချုပ်ရာဒေသ ပညာရေးမြို့တော် မိုင်ဂျာယန်တွင် ဖွင့်လှစ်ထားသည့် ဖက်ဒရယ်ဥပဒေ အကယ်ဒမီ၏ ဥပဒေဒီပလိုမာ အပ်နှင်းခြင်း အခမ်းအနားကို  ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်ကို အကယ်ဒမီ၏ လူမှု ကွန်ရက် အကောင့်တွင် မေလ ၂၈ ရက် ယနေ့ တင်ထားသည်။ 

ဥပဒေ ဒီပလိုမာ အပ်နှင်းခြင်း အခမ်းအနားကို မေလ ၁၇ ရက်နေ့ က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမှတ်စဉ် ၄ မှ အမှတ်စဉ်  ၈ အောင်မြင်သူများကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ယခုပေးအပ်သည့် ဥပဒေဒီပလိုမာသည် ၂၀၂၀ ခုနှစ်မှ ၂၀၂၄ ခုနှစ် ပညာသင်နှစ်တွင် အောင်မြင်သူများကို ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Photo – Federal Law Academy