စစ်ကောင်စီ စစ်ကြောင်းကြောင့် ပေါက် နယ်ခံများ ထွက်ပြေးနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၆ ရက်။ 

ပခုက္ကူ မြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံများ တိမ်းရှောင်ထွက်ပြေး နေရသည်။ 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှ ပေါက်မြို့သို့ စစ်ကောင်စီ တပ်ဖွဲ့များက အင်အား ၄၀၀ ဖြင့် စစ်ကြောင်းထိုးလာခဲ့ခြင်း ဖြစ်သည်ဟု မြေပြင်အရင်းအမြစ်များက ပြောသည်။

စစ်ကောင်စီတပ်များသည် ဇွန်လ ၅ ရက်နေ့၊ နံနက်ပိုင်းမှ စတင်၍ တစ်နေကုန်နီးပါး ကမ္မမြို့ဈေး အရှေ့ဘက် ခြမ်းရှိ ရပ်ကွက်များနှင့် ပေါက်မြို့နယ်အတွင်းရှိ ပြည့်အိုင်၊ အင်ကြင်းပင် စသည့်ကျေးရွာများတွင် မွှေနှောက် ရှာဖွေနေကြသည်ဟု ဆိုသည်။

အညာမြေတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ဒေသခံတွေရဲ့ စိုးရိမ်ချက်ကတော့ အဓိက စစ်ကြောင်းထဲမှာ ဖမ်းမိသွားမှာကိုပေါ့ ဒါက နံပါတ် ၁ ပေါ့။ ဒုတိယကတော့ စစ်ကြောင်းထိုး လမ်းတစ် လျှောက်မှာ ထိတွေ့မှုဖြစ်နေတဲ့ အချိန် မဆိုင်တဲ့ အရပ်သားတွေကို စစ်တပ်က ဗုံးကြဲတဲ့အခါမျိုးတွေမှာ ထိခိုက် မှုတွေ ဖြစ်လာမှာ စိုးရိမ်တယ် ဟု ပြောသည်။

ယခင်လများအတွင်း ပေါက်မြို့နယ်ရှိ ကျေးရွာများသို့ စစ်ကောင်စီ စစ်ကြောင်းထိုးသည့် အခါမျိုးတွင် လူနေအိမ် များအား မီးရှို့ခြင်း၊ လုယက်ခြင်းတို့ ကျူးလွန်ခဲ့ဖူးသဖြင့် တောင်ယာအဓိက လုပ်ကိုင်သည့် အဆိုပါ ဒေသတွင် မျိုးစေ့များ၊ မျိုးစပါးများ ဆုံးရှုံးမည်ကို စိုးရိမ်နေရခြင်း ဖြစ်သည်။

ထို့အပြင် စစ်ကြောင်းထိုးသည့် အခါ၌ ဖမ်းဆီး ပစ်သတ်ခံရခြင်း၊ လူသားဒိုင်းများ ပြုလုပ်ခြင်းများလည်း ကြုံခဲ့ရ သည့်အပြင် လက်ရှိ စစ်ကြောင်းထိုးလာသည့် တပ်မ ၁၀၁ ကလည်း ယာဉ်မောင်းတစ်ဦးအား ပစ်သတ်ခဲ့သည်ဟု ဆိုသည်။

အညာမြေတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ဒီတခေါက်ထိုးတဲ့ စစ်ကြောင်းက ၂ ကြောင်း စာဆိုတော့ အင်အားက တော်တော်များတာ ဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ ကိုယ့်ဘက်ကနေ ဆုံးရှုံးနစ်နာမှု တွေ မရှိအောင် ကြိုတင်ကာကွယ်ထားပြီးတော့ လုပ်စရာရှိတာကို ဆက်လုပ်နေပါတယ်။ ဒေသခံတွေအနေနဲ့ လည်း စစ်ရေးသတင်းတွေကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာပြီးတော့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ဖို့ လည်း တိုက်တွန်းပါတယ် ဟု ပြောသည်။

လက်ရှိတွင် ဇွန်လ ၁ ရက်နေ့က ထွက်ခွာလာသည့် အင်အား ၄၀၀ ခန့်ပါသည့် စစ်ကြောင်းမှာ ညောင်ဂျစ်ပင် (ပျူစောထီးကျေးရွာ)နှင့် ပျူစောထီးဘုန်းကြီး ဝါယမကျောင်း၌ တပ်စွဲထားသည်ဟု ဆိုသည်။

ထို့အပြင် မေလ ၂၇ ရက်နေ့က ထွက်ခွါလာသည့် အင်အား ၁၅၀ ခန့်ပါသော စစ်ကြောင်းမှာလည်း ပခုက္ကူ လမ်းမကြီးမှတဆင့် ပေါက်မြို့နယ်၊ ရွှေလံကျေးရွာတွင် တပ်စွဲထားသည်ဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ-၂၄) သို့ တပ်ပြောင်း ပြပြီး မြိုင် စက်မှု – ၂ သို့ ဆက်လက်ချီတက်နိုင်သည့် အပြင် နီးစပ်ရာ ကျေးရွာများတွင်လည်း ပေါ်တာဆွဲနိုင်သဖြင့် တိမ်းရှောင်နေသည့် ဒေသခံများအား သတိရှိကြရန် အညာမြေတပ်ပေါင်းစုက သတိပေးထားသည်။