မြန်မာမီဒီယာ များမှ ဂျပန် ရင်းနှီးမြှုပ်နှံမှုများ ရုတ်သိမ်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်။ 

မြန်မာ နိုင်ငံ မီဒီယာ လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံထားသော သော ဂျပန် မီဒီယာ ကုမ္ပဏီ သုံးခုသည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ရုတ်သိမ်းပြီး ထွက်ခွာသွားခဲ့သည်ဟု Justice for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။ အဆိုပါ ကုမ္ပဏီ သုံးခုသည် စစ်အုပ်စုနှင့် နီးစပ်သော စီးပွားရေး သမားဟု လူသိများသော ရွှေသံလွင် (ဦး) ကျော်ဝင်း ထူထောင်ပိုင်ဆိုင်ထားသည့် ရွှေသံလွင် အုပ်စုမှ ရင်းနှီးမြှုပ်နှံမှုများကို ရုတ်သိမ်းလိုက်ခြင်း ဖြစ်သည်။ 

ရွှေသံလွင် အုပ်စု (STLG) ၏ အစုရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ဦးကျော်ဝင်းရဲ့ Dream Vision ကုမ္ပဏီ လိမိတက်က ပိုင်ဆိုင်ထားပြီး ကျန်တဲ့ ၄၀ ရာခိုင်နှုန်းကို ဂျပန် အဖွဲ့အစည်းများ ဖြစ်ကြသည့် ဂျပန် နိုင်ငံတကာ အသံလွှင့် လုပ်ငန်း (JIB)၊ Cool Japan ရံပုံငွေ အဖွဲ့ နဲ့ JICT လို့ ခေါ်တဲ့ ဂျပန်ရဲ့ နိုင်ငံရပ်ခြား  ဖွံ့ဖြိုးရေး ရံပုံငွေ ကော်ပိုရေးရှင်းက ပိုင်ဆိုင်ပါတယ်။ 

JIB ဟာ ဂျပန်အစိုးရရဲ့ အသံလွှင့်ဌာန ဖြစ်သော NHK က ထောက်ပံ့ထားသည့် အဖွဲ့ဖြစ်ပြီး Cool Japan ရံပုံငွေ အဖွဲ့နဲ့ JICT အဖွဲ့များ၏ ရင်းနှီးမြှုပ်နှံမှု၏ ၉၀ ရာနှုန်းကတော့ ဂျပန် အစိုးရ ရံပုံငွေနဲ့ ချေးငွေများမှ လာခြင်းဖြစ်သည်။ 

လက်ရှိ စစ်ကော်မရှင် ထိန်းချုပ်ထားသည့် မြန်မာ့အသံ ရေဒီယိုနဲ့ ရုပ်မြင်သံကြား (MRTV) နှင့်ရွှေသံလွင် မီဒီယာတို့၏ ဖက်စပ် လုပ်ငန်း ဖြစ်သော Myanmar International Television (MITV) သည် အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်သော စစ်အုပ်စု၏ ဝါဒဖြန့်ချီရေး ယန္တယားလည်း ဖြစ်သည်။ 

Justice for Myanmar နှင့် အခြား အဖွဲ့အစည်း ၆ ဖွဲ့ ပူးပေါင်း ဖွဲ့စည်းထားသော Mekong Watch ဟု ခေါ်သည့် အဖွဲ့ကတော့ အဆိုပါ ဂျပန် ကုမ္ပဏီများအား ဘာကြောင့် အခုလို ရင်းနှီးမြှုပ်နှံမှုများကို ရုတ်သိမ်းရသည် ဆိုသည်ကို မေးမြန်းထားသည်ဟု ဆိုသည်။