ထိုင်းနိုင်ငံ အိမ်ခြံမြေ ဈေးကွက် အကြပ်အတည်း ရင်ဆိုင်နေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်။ 

ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေ ဈေးကွက်မှာ ပြိုကျလု နီး အခြေအနေတွင် ရောက်နေပြီဟု  The Nation သတင်းစာက ရေးသားလိုက်သည်။ 

ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေ ဈေးကွက်ဟာ သမိုင်းဝင် အကြပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး ၂၀၂၅ ခုနှစ်မှာ အိမ်ခြံမြေ ချေးငွေသည် ပထမဆုံးအကြိမ် အနုတ်ပြလာသည်ဟု ဆိုသည်။ 

Bank of Thailand (ထိုင်းနိုင်ငံတော် ဘဏ်) ပြောရေး ဆိုခွင့်ရှိသူ Chayawadee Chai-anant က အိမ်ခြံမြေ ဈေးကွက်သည် အရင်က ထက်ပိုပြီး ဆိုးလာပုံ ရပြီး ရင်ဆိုင်နေရသော စိမ်ခေါ်မှုများသည် ပြင်းထန်မှုနဲ့ ရှုတ်ထွေးမှု နှစ်ခုစလုံး ရောနေသည်ဟု ဆိုသည်။ 

ထိုသို့ အကြပ်အတည်း ဖြစ်ရခြင်းသည် ဖောက်သည်များ ဝယ်ယူနိုင်စွမ်း ကျဆင်းလာတာ၊ အိမ်ခြံမြေ ရောင်းလိုအားက သိပ်များနေတာနဲ့ ဘဏ်တွေက ငွေချေးပေးသော အကန့်အသတ်များကို တင်းကြပ်လိုက်တာကြောင့် ဖြစ်သည်ဟု ဆိုသည်။ 

ဤအကြပ်အတည်းသည် COVID-19 ကာလ ကြုံတွေ့ခဲ့ရသော စီးပွားရေး အခြေအနေထက် ပိုဆိုးနိုင်သည်ဟု The Nation သတင်းစာက ခန့်မှန်းထားပြီး ဈေးနှုန်းနိမ့် (ဘတ် ၃ သန်းအောက်)၊ ဈေးနှုန်း အသင့်အတင့်(ဘတ် ၃ သန်းမှ ၅ သန်း) နဲ့ ဈေးနှုန်းမြင့် (ဘတ် ၅ သန်းအထက်) ကဏ္ဍတွေအားလုံးကို သက်ရောက်မှု ရှိလိမ့်မယ်လို့လည်း ခန့်မှန်းထားသည်။ 

မည်သည့် ဝင်ငွေ အဆင့်မျိုးကိုမဆို သက်ရောက်မည့် စီးပွားရေး နှေးကွေးမှု ဖြစ်လာမယ့် အချက်ပေးသံ ဖြစ်ပြီး ဆိုးရွားသော အခြေအနေတွေ ဖြစ်ပေါ်လာနိုင်သည်ဟုတ် လို့လည်း ထိုင်းနိုင်ငံက CIMB ဘဏ်က Dr. Amonthep Chawla ကို The Nation သတင်းစာက ကိုးကား ဖော်ပြထားသည်။ 

အိမ်ယာဆောက်လုပ်ရေး ကုမ္ပဏီများအကြား ဈေးပြိုင် ရောင်းချမှုများကလည်း ငွေချေးစနစ်ရဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်နေသည်ဟုလည်း ၎င်းက ပြောသည်။