အာဖဂန် ငလျင် လူ ၈၀၀ ကျော် သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်။
ပြင်းအား ၆ မဂ္ဂနီကျု ရှိသည့် ငလျင် အရှိန်ကြောင့် အာဖဂန် နစ္စတန် နိင်ငံတွင် လူပေါင်း ရာနဲ့ ချီပြီး သေဆုံးခဲ့ရသည်။
အာဏာပိုင်များအဆိုအရ ယခု လှုပ်သွားသည့် ငလျင်သည် အာဖဂန်တွင် လှုပ်ခဲ့သော ငလျင်များအနက် အဆိုးဆုံး တစ်ခု ဖြစ်ပြီး ယခုထက်ထိ အတည်ပြုထားနိုင်သော လူပေါင်း ၈၀၀ ကျော် သေဆုံးပြိး အနည်းဆုံး ၂၈၀၀ ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ နောက်ထပ်လည်း ကိန်းဂဏန်းများ တိုးပွားလာနိုင်သည်ဟု အာဏာပိုင်များက ဆိုသည်။
ပါကစ္စတန် နယ်စပ်ပိုင်းကျသည့် အရှေ့ပိုင်း ပြည်နယ်များ ဖြစ်သော Kunar (ကူနာ) နှင့် Nangarhar (နန်ဂါဟာ) တို့သည် မြေငလျင် ဒဏ်ကို အဆိုးဆုံးခံခဲ့ကြရသည်။
အိမ်အများအပြား ပြိုကျပြီး အိပ်မောကျနေသူများ ပိကုန်ကြခြင်းလည်း ဖြစ်သည်။
ငလျင်က တနင်္ဂနွေနေ့ ည သန်းခေါင် မတိုင်ခင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး တနင်္လာနေ့ တနေ့လုံး လူနာများအား ရဟတ်ယာဉ်များဖြင့် ဆေးရုံများသို့ ပို့ဆောင်နေခဲ့ရသည်ဟု ဆိုသည်။
ယမန်နေ့က လုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အာဖဂန်နစ္စတန် နိုင်ငံ ပြောရေး ဆိုခွင့်ရှိသူက သေဆုံးသူပေါင်း ၈၁၂ ယောက်ရှိသွားပြီဟု ဆိုသည်။
ကယ်ဆယ်ရေး လုပ်ငန်းများမှာ ငလျင်ဘေးသင့် ဒေသများသို့ သွားရောက်ဆဲဖြစ်ပြီး ငလျင်ကြောင့် ကျေးရွာအများအပြားမှာ ရွာလုံးကျွတ် ပြားသွားသည်ဟု ဆိုသည်။
အာဖဂန်နစ္စတန်တွင်ကျရောက်သော သဘာဝ ဘေးအန္တရာယ်သည် ဒေသန္တရ အာဏာပိုင်များ ကိုင်တွယ်နိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေသောကြောင့် နိုင်ငံတကာ အလှူရှင်များအနေဖြင့် ဝိုင်းဝန်းကူညီကြပါရန် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က တိုက်တွန်းထားသည်။