အမေရိကန် စစ်တပ်က နိုင်ငံတကာ ရေပိုင်နက်တွင် မော်တော်ဘုတ်တစ်စီးကို ပစ်ခတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်။ 

အမေရိကန် စစ်တပ်သည် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည် ဆိုသော စွပ်စွဲချက်ဖြင့် မော်တော်ဘုတ်တစ်စီးကို ပစ်ခတ်ခဲ့ရာ လူ ၁၁ ဦး သေဆုံးခဲ့သည်။ 

ကာရေဘီယန် တောင်ပိုင်း နိုင်ငံတကာ ရေပြင်တွင် မော်တော်ဘုတ်တစ်စီးကို စက်တင်ဘာ ၂ ရက် အင်္ဂါနေ့က ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ 

မော်တော်ဘုတ်သည် ဗင်နီဇွဲလား မူးယစ်ဂိုဏ်း တစ်ခုကပိုင်ဆိုင်ပြီး  မူးယစ်ဆေးဝါးတွေကို အမေရိကန် နိုင်ငံထဲ သယ်ဆောင်လာရန် ကြိုးပမ်းခဲ့တာကြောင့် အမေရိကန် စစ်တပ်က ယခုကဲ့သို့ ပစ်ခတ်ခြင်းဖြစ်သည်ဟု အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောသည်။ 

ပစ်ခတ်မှုတွင် ပါဝင်သော မော်တော်ဘုတ်သည် လူအစုအပြုံလိုက် သတ်ဖြတ်မှု၊ မူးယစ်ဆေးဝါး ကုန်သွယ်မှု၊ လိင် ကုန်ကူးမှုနဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်ထားသည့် Nicolas Maduro (နီကိုလပ်စ် မာဒူရို) ၏ Tren de Aragua (TDA) အဖွဲ့ပိုင် ဖြစ်သည်ဟု အမေရိကန်က ပြောသည်။ 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယို က အမေရိကန်နိုင်ငံအနေနှင့် မူးယစ်ဆေးဝါး နှိမ်နင်းမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။