အောင်ပွဲနေ့တွင် တရုတ်က ခေတ်မီလက်နက်များ ထုတ်ပြ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်။
တရုတ်နိုင်ငံသည် ရုရှားနှင့် မြောက်ကိုရီးယား ခေါင်းဆောင်များ အပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံက ခေါင်းဆောင်များကို ဖိတ်ကြားပြီး အောင်ပွဲနေ့ အခန်းအနားကို ကျင်းပခဲ့သည်။
ဖက်ဆစ်ဂျပန်ကို အောင်နိုင်သည့် အနှစ် ၈၀ မြောက် အထိမ်းအမှတ် အခမ်းအနားတွင် တရုတ်သည် သူ၏ ခေတ်မီလက်နက်များကို ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။
ဤအခန်းအနားတွင် စိတ်ဝင်စားမှု အများဆုံးခံရသည့် လက်နက် ပစ္စည်းမှာ AJX-002 ဟု အမည်ပေးထားသည့် ရေငုတ်သင်္ဘောပစ် ဧရာမ ဒရုန်း ဖြစ်သည်။ ယင်း ရေအောက် ဒရုန်းသည် မီတာ ၂၀ ရှည်လျားသည်။
ရေအောက် ဧရာမ ဒရုန်းများသာမက ယနေ့ ပြသထားသည့် လက်နက်များတွင် တရုတ်ထုတ် လေဆာ လက်နက်များ၊ နျူကလီးယား စွမ်းအင်သုံး ပဲ့ထိန်း ဒုံးကျည်များလည်း ပါဝင်သည်။
ရေဒါရှာမတွေ့နိုင်သည့် Stealth အမျိုးအစား ကိုယ်ပျောက် ဒရုန်းများလည်း ပါဝင်ပြီး အဆိုပါ ဒရုန်းများသည် လူမောင်းနှင်သည့် ဂျက်တိုက်လေယာဉ် အနီးတွင် ကပ်လိုက်သွားပြီး တိုက်ခိုက်မှုများတွင် အကူအညီပေးနိုင်သည်ဟု ဆိုသည်။
လူကြိုက်များသည့် အခြား ပစ္စည်းတစ်ခုမှာ စက်ရုပ်များ ဖြစ်သည်။ စက်ရုပ် မြေခွေးဟု အမည်ပေးထားပြီး ကင်းထောက်ခြင်း၊ မိုင်းရှင်းခြင်း နှင့် အမဲလိုက်ခြင်းတို့ အထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ငန်းများ လုပ်ဆောင်နိုင်သည်ဟု ဆိုသည်။
စစ်ရေးပြပွဲ အပြီး ဂုဏ်ပြု နေ့လည်စာစားပွဲတွင် သမ္မတ ရှီကျင့်ပင်က ကမ္ဘာကြီးသည် အားနည်းသူကို အမဲလိုက်သည့် တောတွင်းဥပဒေကို ပြန်သွားရန် မဖြစ်နိုင်တော့ကြောင်း ပြောခဲ့သည်။
စစ်ရေးပြပွဲ မတိုင်မီ အချိန်တွင် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် နှင့် တွေ့ဆုံခဲ့သည်ဟု သတင်းများက ဆိုသည်။